မကြာမီက ကျင်းပခဲ့တဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအတု အပိုင်း(၁) မှာ ကြိုတင်မဲအငြင်းပွားမှုတချို့ ဖြစ်ပေါ်ခဲ့တယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar က ဇန်နဝါရီ ၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

မဲမသမာလုပ်တယ်ဟုဆိုကာ စစ်တပ်က ပြည်သူ့အစိုးကို အဓမ္မဖြတ်ချခဲ့ပေမဲ့၊ ၎င်းတို့ကိုယ်တိုင် ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း (၁) မှာလည်း ကြိုတင်မဲနဲ့ ပတ်သက်လို့ အငြင်းပွားမှုတချို့ ဖြစ်ပေါ်နေလို့ စိစစ်ဆောင်ရွက်ပေးဖို့ နိုင်ငံရေးပါတီတွေက တင်ပြတောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

စစ်အုပ်စုလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လတ်တလော ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲ ပထမပိုင်းမှာ ပါဝင်တဲ့ (၈၁) မြို့နယ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးချင်း ဆန္ဒမဲရရှိမှု အချက်အလက်တွေကို အခြေခံပြီး ကြိုတင်မဲရရှိမှု အခြေအနေတွေကို လက်လှမ်းမီသလောက် လေ့လာထားတာလို့ Data for Myanmar က ဆိုပါတယ်။

စစ်တပ် ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီ (USDP) ကိုယ်စားလှယ်လောင်းတွေ ရရှိတဲ့ ကြိုတင်မဲ အရေအတွက်နဲ့ အခြားပါတီက ကိုယ်စားလှယ်လောင်းတွေ အားလုံးပေါင်းတဲ့ ကြိုတင်မဲအရေအတွက် နှစ်ခု ထပ်မံနှိုင်းယှဉ်မယ်ဆိုရင်တောင် မာန်အောင်မြို့နယ်ကလွဲလို့ ကျန်တဲ့ မြို့နယ် (၈၀) မှာ သာလွန်နေတာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။

ကိန်းဂဏန်းအချက်အလက်တွေအရ USDP ပါတီဟာ အဆိုပါမြို့နယ်တွေမှာ ကြိုတင်မဲစုစုပေါင်း ၃ သိန်း ၄ သောင်းကျော် (၃၄၂,၆၄၂ မဲ) အထိ ရရှိခဲ့တာဖြစ်ပြီး၊ ခိုင်လုံမဲစုစုပေါင်းရဲ့ ၁၇ ရာခိုင်နှုန်းအထိ ရှိနေတာဖြစ်တယ်လို့ Data for Myanmar က ဆိုပါတယ်။

“အခြားပါတီတွေနဲ့ တစ်သီးပုဂ္ဂ ဝင်ရောက်ယှဉ်ပြိုင်သူတွေရရှိခဲ့တဲ့ ကြိတင်မဲ အရေအတွက်ဟာ ၄ ရာခိုင်နှုန်းသာ ရှိတာကြောင့် နှိုင်းယှဉ်ကြည့်ပါက USDP ရဲ့ ကြိုတင်မဲတွေဟာ များစွာသာလွန်နေတာ ဖြစ်တယ်” လို့ Data for Myanmar က ဆိုပါတယ်။

ကြိုတင်မဲနဲ့ ပတ်သက်ပြီး ထင်ရှားတဲ့ဖြစ်ရပ်များအနေနဲ့လည်း ကြံ့ခိုင်ရေးပါတီဟာ ကျောက်ဖြူမြို့နယ်မှာ ခိုင်လုံမဲ ၆,၃၅၅ မဲ အနက် ၃,၀၂၄ မဲက ကြိုတင်မဲ (၄၇%)၊ သံတောင်ကြီးမြို့နယ်မှာ ခိုင်လုံမဲ ၂,၀၀၁ မဲ အနက် ကြိုတင်မဲ က ၁,၆၆၁ မဲ (၈၃%)၊ ဘောလခဲမြို့နယ်မှာ ခိုင်လုံမဲ ၁,၅၆၉ မဲအနက် ကြိုတင်မဲ ၁,၂၃၆ မဲ (၇၉%)၊ ဟားခါးမြို့နယ်မှာ ခိုင်လုံမဲ ၂,၀၀၇ မဲ အနက် ကြိုတင်မဲ ၁,၀၄၀ မဲ (၅၂%) ထိ အသီးသီး ရယူကာ အနိုင်ရရှိသွားတကို တွေ့ရပါတယ်။ ဒါဟာ မဲစာရင်းအရ ခိုင်လုံမဲ အရေအတွက်မှာ စစ်တပ်ပါတီ ကြံ့ခိုင်ရေးပါတီ ရရှိခဲ့တယ်ဆိုတဲ့ ကြိုတင်မဲအ‌ရေအတွက်ဟာ ရာခိုင်နှုန်းများစွာ ပါဝင်နေပြီး၊ အခြားပါတီတွေကို အသာစီးအနိုင်ယူထားတာကို တွေ့မြင်နိုင်ပါတယ်။

ကြိုတင်မဲက ခိုင်လုံမဲ စုစုပေါင်းရဲ့ ရာခိုင်နှုန်းအများကြီးထိ အသာစီးရယူထားမှတော့ သူတို့ပဲ နိုင်တော့မှာပေါ့လို့ နိုင်ငံရေးပါတီဝင်တချို့က ဆိုပါတယ်။

ဒီကြိုတင်မဲနဲ့ ပတ်သက်ပြီး တိုင်ကြားချင်တာရှိပေမဲ့ စစ်တပ်ကို ကြောက်ရတာမို့ လူသိရှင်ကြား ပြောကြားဖို့ အခက်အခဲရှိပါတယ်လို့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပါတီတစ်ခုရဲ့ ပါတီဝင်တစ်ယောက်က မောင်းကို ပြောပါတယ်။

အထူးသဖြင့် ကြိုတင်မဲကောက်ယူချိန်မှာ ကြံ့ခိုင်ရေးပါတီကလွဲလို့ အခြားပါတီတွေ လိုက်ပါခွင့် မရခဲ့သလို၊ မဲသိမ်းဆည်းထားရှိပုံနဲ့ ပတ်သက်ပြီးလည်း ပွင့်လင်းမြင်သာမှု မရှိခဲ့ပြီး၊ ကြိုတင်မဲအရေအတွက်ကတော့ သူတို့ကြေညာမှာပဲ သိတော့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ကျောက်ဖြူ၊ မိုးညှင်း၊ ဘားအံ၊ တီးတိန်နဲ့ မြိတ်မြို့နယ်တို့မှာ အခြားပါတီတွေက မဲရုံမဲတွေမှာ အသီးအသီး အနိုင်ရခဲ့ပေမယ့် ပွင့်လင်းမြင်သာမှု မရှိတဲ့ ကြိုတင်မဲ အရေအတွက်များစွာနဲ့ ကြံ့ခိုင်ရေးပါတီက ပြန်လည်ကျော်တက် အနိုင်ရရှိသွားတယ်လို့လည်း သိရပါတယ်။

စစ်အုပ်စုလက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကတော့ ကြိုတင်မဲတွေ ဆောင်ရွက်ရာမှာ လုပ်ထုံးလုပ်နည်းတွေအတိုင်း ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့တယ်လို့ ဆိုထားပေမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ရွေးကောက်ခံကိုယ်စားလှယ်တချို့ကတော့ UEC ဟာ ကြိုတင်မဲပေးတဲ့ လုပ်ငန်းစဉ်ကို ကြိုတင် အကြောင်းကြားခဲ့ခြင်းမရှိသလို USPD ပါတီက ကြိုတင်မဲတွေနဲ့ အနိုင်ရနေတာဟာလည်း တရားမျှတမှုမရှိဘူးလို့ ဝေဖန်ညီးတွားနေကြပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲအကြိုကာလ ကြိုတင်မဲစာရင်းတွေနဲ့ ကြိုတင်မဲ‌ပေးမှုရလဒ်တွေဟာ ရှင်းလင်းပြတ်သားမှုမရှိသလို ကြိုတင်မဲပေးခွင့်ရှိသူအရေအတွက်ကလည်း မူလစာရင်းထက် ပိုမိုနေခဲ့တယ်လို့ ကိုယ်စားလှယ်လောင်းတချို့က ထောက်ပြပြောဆိုကြပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှုတွေ ရှိနေတယ်လို့ အကြောင်းပြပြီး အာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ သူတို့ကိုယ်တိုင် ပြုလုပ်တဲ့ လက်ရှိရွေးကောက်ပွဲအတုမှာလည်း အငြင်းပွားဖွယ်ရာ ကြိုတင်မဲတွေနဲ့ အနိုင်ယူနေသလို၊ မဲစာရင်းပြင်ဆင်ခဲ့စဥ်မှာလည်း မဲစာရင်း ၃ ကြိမ် ထွက်ရာမှာ တစ်ကြိမ်နဲ့တစ်ကြိမ် နံပါတ်မတူလို့ ပြန်ရှာနေရတာတွေ ရှိသလို၊ ဒုတိယအကြိမ်မှာ မဲစာရင်းပါပြီး နောက်ဆုံးအကြိမ်မှာ ပါမလာတာမျိုးတွေ ဖြစ်တဲ့အထိ ကမောက်ကမဖြစ်မှု နဲ့ မှားယွင်းမှုတွေ ရှိခဲ့တယ်လို့ ကိုယ်စားလှယ်တချို့က သတင်းမီဒီယာတချို့မှာ ထုတ်ဖော်ပြောဆိုနေကြပါတယ်။

0 Shares:
You May Also Like
Read More

ရေစကြိုတွင် အကြမ်းဖက်စစ်ကော်မရှင်က ကုန်စည်စီးဆင်းမှု ခက်ခဲအောင် ပိတ်ဆို့ကန့်သတ်မှုတွေ ပိုမိုလုပ်ဆောင်လာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်ကော်မရှင်က မြို့နယ်အတွင်း ကုန်စည်စီးဆင်းမှု ပြတ်တောက်စေဖို့ ရည်ရွယ်ချက်နဲ့ လမ်းပိုင်းတွေ၊ မြို့အဝင်အထွက်ဂိတ်တွေ ပိတ်ဆို့ကာ ကုန်ပစ္စည်းသယ်ဆောင်ခွင့်တွေကို ဆိုးဆိုးရွာရွား ကန့်သတ်လိုက်ကြောင်း သိရပါတယ်။
Read More

KNDF တပ်ရင်း ၈ က နှစ်ချုပ်အစည်းအဝေး ကျင်းပပြုလုပ် (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်  KNDF/B08 က နှစ်ချုပ်အစည်းအဝေး ကျင်းပပြုလုပ်ရာ တပ်ရင်းရဲ့အားနည်းချက်နဲ့ အားသာချက်တွေကို ပြန်လည်သုံးသပ်ပြီး နှစ်သစ်မှာ တပ်ရင်းကို အကောင်းဆုံးနဲ့ ပိုပြီး နည်းစနစ်တကျ ပြန်လည်ပြုပြင်သွားမယ်လို့ KNDF တပ်ရင်း ၈ က ထုတ်ပြန်ထားပါတယ်။
Read More

သရက်နှင့် မင်းတုန်းတွင် စစ်တပ်ထုတ်ကုန်ရောင်းချမှုများအပေါ် အရေးယူမှု ပိုပြီးပြင်းထန်လာမည်ဟု PDF သတိပေး

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းနဲ့ သရက်မြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်အုပ်စုထုတ်ကုန်ပစ္စည်း ရောင်းချမှုတွေကို စစ်ဆေးအရေးယူတာတွေ ဆက်တိုက်လုပ်ဆောင်နေပေမယ့် အလေးမထားမှုတွေ ရှိနေသေးတဲ့အတွက် ပိုပြီးပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားဖို့ရှိတယ်လို့ ဗမာပြည်ကာကွယ်ရေးတပ်-USBA တာဝန်ခံ ကိုဗဟိန်းက မောင်းကိုပြောပါတယ်။
Read More

စလင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် (၁၃) ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာများမှ ဒေသခံများကို စားနပ်ရိက္ခာ ကူညီထောက်ပံ့

မကွေးတိုင်း၊ စလင်းမြို့နယ်က (၁၃)ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ် မီးရှို့ခဲ့တဲ့ ဂွေးကုန်းကျေးရွာနဲ့ စနေချောင်ကျေးရွာတို့က အိမ်ထောင်စု ၂၇၄ စုအတွက် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တပ်မတော်နေ့ နှစ်(၈၀) ပြည့်အခမ်းအနားကို တက်ရောက်ရန် ရုရှားနဲ့ ဘီလာရုစ်က ကာကွယ်ရေးဝန်ကြီးတွေ နေပြည်တော်ကိုရောက်ရှိနေ

အာဏာသိမ်းစစ်အုပ်စု ကိုလက်နက်တွေ ရောင်းချနေတဲ့ ရုရှားနဲ့  ဘီလာရုစ် က ကာကွယ်ရေးဝန်ကြီးတွေ စစ်ကောင်စီရဲ့ နှစ်(၈၀)ပြည့် တပ်မတော်နေ့အခမ်းအနားကို တက်ရောက်ဖို့ ရောက်ရှိနေပါတယ်။
Read More

ရဲဘော် ရာဇာနှင့် ရဲဘော် သီဟလေး သင်သွားလိုရာကို လွတ်လပ်စွာ သွားနိုင်ပါပြီ

ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) က ရဲဘော် ရာဇာနဲ့ ရဲဘော် သီဟလေးတို့ဟာ တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်ရင်း ရှေ့ဆင့်နောက်ဆင့်ပဲ ရဲဝင့်စွာ အသက်ပေးလှူသွားခဲ့တယ်လို့ သိရပါတယ်။