မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ အငြိမ်စားကျောင်းဆရာမ တယောက်နေအိမ်အတွင်းထဲ အသတ်ခံရပြီး သေဆုံးနေတာကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ မော်လမြိုင်မြို့ခံတွေဆီက သိရပါတယ်။

အသတ်ခံရသူဟာ အသက် ၇၀ ဝန်းကျင်အရွယ် ဒေါ်စန်းစန်းအေး အမည်ရှိသူဖြစ်ပြီး မော်လမြိုင်က အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်းက ပင်စင်စား ဆရာမ ဖြစ်တယ်လို့ သိရပါတယ်။

“ဆရာမက အပျိုကြီး တယောက်တည်းနေတာ။ အသက်လည်း ကြီးပြီ။ ပင်စင်ယူထားတာ ၁၀ နှစ်လောက်ရှိပြီ။ ဆရာမအိမ်ဘေးမှာက ဆရာမ တူတွေနေတယ်။ သူတို့ကလည်း ရန်ကုန်သွားနေချိန်မှာ ဆရာမက အသတ်ခံလိုက်ရတာ” လို့ မော်လမြိုင်မြို့ခံ အမျိုးသားတဦးက မောင်းကိုပြောပါတယ်။

ဒေါ်စန်းစန်းအေးဟာ ပြီးခဲ့တဲ့ သောကြာနေ့ ဇန်နဝါရီလ ၂ ရက်နေ့မှာ အသတ်ခံခဲ့ရတာလို့ ယူဆရပြီး မနေ့က ဇန်နဝါရီလ ၅ ရက်နေ့မှာမှ ပတ်ဝန်းကျင်က အနံ့ရတာကြောင့် လူမှုကယ်ဆယ်ရေးအသင်းတွေကို ဆက်သွယ်ပြီး ဒေါ်စန်းစန်းအေး နေထိုင်တဲ့ အိမ်ကို ရှာဖွေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ Mg Ye Htet Aung)



“ဆရာမကိုရှာတွေ့တော့ ကြိုးတုတ်ခံထားရပြီး အသတ်ခံထားရတာ။ ရွှေတွေလည်း ပါသွားတယ်လို့ ပြောတယ်။ ဘယ်လောက်ပါသွားလဲတော့ အတိအကျ မသိဘူးပေါ့။ ဆရာမက ပင်စင်ယူပြီးနောက်မှာလည်း ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး Interfaith တွေလည်း လုပ်ခဲ့တဲ့သူပါ ” လို့ အဲ့ဒီအမျိုးသားကဆက်ပြောပါတယ်။

စစ်တပ်ရဲ့ ထိန်းချုပ်မှု ရာနှုန်းပြည့်ရှိနေတဲ့ မော်လမြိုင်မြို့မှာ မကြာခဏဆိုသလို ပိုင်ရှင်မဲ့အလောင်းတွေ၊ ယခုကဲ့သို့ အသတ်ခံရမှုတွေ ဖြစ်ပေါ်နေပေမယ့် တရားခံတွေကို လက်ရှိအုပ်ချုပ်နေသူတွေက ဖမ်းဆီးရမိခြင်းမရှိနေဘူးလို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရှမ်းပြည်တပ်မတော်တည်ထောင်ခြင်း (၆၁) နှစ်ပြည့် အခမ်းအနား SSPP/SSA ဌာနချုပ်တွင် ကျင်းပပြုလုပ်

ရှမ်းပြည်တပ်မတော် (SSA) တည်ထောင်ခဲ့ခြင်း (၆၁) နှစ်ပြည့် အခမ်းအနားကို ဧပြီလ (၂၄) ရက် ဒီနေ့ မနက်ပိုင်းမှာ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဗဟိုဌာနချုပ်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရေဦးတောင်ဘက် နယ်မြေရှင်းလင်းရေးလုပ်ရန် ထွက်လာသည့် စစ်အုပ်စု မိုင်းဆွဲခံရပြီး ၁ ဦး ထိမှန်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့တောင်ဘက်ကို နယ်မြေရှင်းလင်းရေးလုပ်ဖို့ ထွက်လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိခဲ့ကြောင်း Wolf Guerrilla LDF Ye.U Air Force တပ်ဖွဲ့ထံက သိရပါတယ်။
Read More

မန္တလေးမြို့တွင် ရပ်ကွက်တိုင်းနီးပါး စစ်မှုထမ်းမဲပြန်နှိုက်ရန် စစ်ကောင်စီ အတင်းအကြပ် လုပ်ဆောင်နေ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ရပ်ကွက်တိုင်းလိုလိုမှာ အကြမ်းဖက်စစ်တပ်က ရပ်ကွက်နေပြည်သူတွေကို စစ်မှုထမ်းမဲနှိုက်တာတွေ ပြန်လည်လုပ်ဆောင်ခိုင်းနေပြီး မဲစာရင်းထဲမှာ သေဆုံးသူတွေနဲ့ စစ်သား၊ ရဲတွေပါ ပြန်နှိုက်​​နေရတယ်လို့ Voice Of Mandalay ဆီက သိရပါတယ်။
Read More

ပွင့်ဖြူ-စေတုတ္တရာအစပ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ PDF တွေ တိုက်ပွဲပြင်းထန်နေ၊ နေအိမ်တွေ မီးလောင်ကာ ဒေသခံတွေ ထွက်ပြေးနေရ

မကွေးတိုင်း၊ ပွင့်ဖြူနဲ့ စေတုတ္ထရာမြို့နယ်တို့မှာအကြမ်းဖက်စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲပြင်းထန်နေပြီး အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ရေးသတင်းရင်းမြ​စ်က ပြောပါတယ်။
Read More

မြောက်ဒဂုံမြို့နယ် ၂၉ရပ်ကွက် အားကစားခန်းမ စစ်တပ်ဂိတ်ကို ပ​ကဖတပ်ဖွဲ့ဝင်များ မိုင်းခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်မှာ အကြမ်းဖက်စစ်တပ်သားတွေ တပ်စွဲထားတဲ့ ၂၉ရပ်ကွက်၊ အားကစားခန်းမ စစ်တပ်ဂိတ်ကို ပြင်းအားမြင့်မိုင်းတွေနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရေပြတ်လပ်မှုကြောင့် ဒိုက်ဦးအကျဉ်းထောင်က အကျဉ်းသူတွေ အရေပြားရောဂါခံစားနေရ

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေနဲ့ ချိုးရေ ပြတ်လပ်နေတာကြောင့် ထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသူတွေ အရေပြားရောဂါ ခံစားနေရတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။