ဧရာဝတီတိုင်း မအူပင်မြို့အမှတ် (၅) ရပ်ကွက်၊ (၇)လမ်းရှိ စက်သုံးဆီအရောင်းဆိုင်မှာ မီးလောင်မှုဖြစ်ပွားပြီး အမျိုးသား ၁ ယောက် သေဆုံးကာ ၅ ယောက် မီးလောင်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီနေ့ ဇန်နဝါရီ ၆ ရက် နေ့လယ်ပိုင်းက မအူပင်မြို့နယ် အမှတ် ၅ ရပ်ကွက် ၇ လမ်းရှိ ဆီဆိုင်မှာ မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် အူပင်မြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်(၅)စီးနဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက မီးငြိမ်းသတ်ပေးခဲ့ရတယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန် ထားပါတယ်။

သေဆုံးသွားတဲ့ အမျိုးသားဟာ ဓာတ်ဆီလာဝယ်သူဖြစ်ပြီး ဒဏ်ရာရရှိသူ အမျိုးသမီး ၁ ယောက်နဲ့ အမျိုးသား ၄ ယောရ်ကတော့ ဆိုင်ဝန်ထမ်းတွေဖြစ်ကာ မအူပင်ဆေးရုံမှာ အတွင်းလူနာအဖြစ် အရေးပေါ် ဆေးကုသမှုခံယူနေရှိတယ်လို့ သိရပါတယ်။ 

Video – မြို့ခံ

0 Shares:
You May Also Like
Read More

သိမ်ဇရပ်ရှိ အကြမ်းဖက်စစ်တပ် တပ်ရင်းများကို လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ် သိပ်ဇရပ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၂၀၇ တပ်ရင်းနဲ့ အမြောက်တပ် ၃၁၀ တပ်ရင်းထဲကို လက်နက်ကြီးတွေနဲ့ ပစ် ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင်ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာမှ အရာတော်သို့ ရိက္ခာပို့လာတဲ့ စစ်ယာဉ်တန်းနဲ့ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမှအရာတော်သို့ ရိက္ခာပို့လာတဲ့စစ်ယာဉ်တန်းနဲ့ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ယောက် သေပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တောကျွဲကြီးပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

BGF နှင့် စစ်တပ် ရွှေကုက္ကိုလ်တွင် ကျားဖြန့်များကို ခွင့်ပြုထားပြီးမှ ဖိအားများကြောင့် ပြန်လည်စီးနင်း၊ နိုင်ငံခြားသား ၃၄၆ ဦး ဖမ်းမိ (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်မှာ စစ်တပ်နဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ် BGF တို့ ပူးပေါင်းပြီး ကျားဖြန့်လုပ်ကိုင်သူတွေကို ဝင်ရောက်ဖမ်းဆီးရာမှာ နိုင်ငံခြားသား ၃၄၆ ယောက်ကို ဖမ်းမိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ အမေရိကန်က မြန်မာအပါအဝင် အရှေ့တောင်အာရှက ကျားဖြန့်တွေကို နှိမ်နင်းဖို့ အထူးအဖွဲ့ ဖွဲ့စည်းကြောင်း ကြေညာခဲ့သလို တရုတ်ရဲ့ မဲခေါင်မြစ်ဝှမ်း နိုင်ငံ ၆ခုပါ ကျားဖြန့်နှိမ်နင်းရေး ဖွဲ့စည်းမှုအပြီး အာဏာသိမ်းစစ်တပ်နဲ့ BGF တို့က အခုလို စီးနင်းမှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
Read More

ကျောက်ဆည်ခရိုင် တပ်ရင်း (၃) မှ ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုမှတ်တမ်းရုပ်သံထုတ်ပြန်

အမှတ်၅၁၅ တပ်ရင်း ကျောက်ဆည်စစ်ကြောင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရဲ့ တိုက်ရိုက်ကွပ်ကဲအုပ်ချုပ်မှုအောက်ရှိ တပ်ရင်းဖြစ်ပြီး စစ်ရေးရည်မှန်းချက်တွေကို အကောင်အ ထည်ဖော်ဆောင်ရွက်နေတဲ့ တပ်ရင်းဖြစ်သလို ဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းမျည်းစည်းကမ်းတွေနဲ့ အညီ လုပ်ဆောင်နေတဲ့ တပ်ရင်းဖြစ်တယ်လို့ သိရပါတယ်။
Read More

ပေါက်နှင့် မြိုင်မြို့နယ်အစပ် သပြေညိုရေနံမှော်ကို အကြမ်းဖက်စစ်တပ် Gyrocopter ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်အစပ်ရှိ သပြေညိုရေနံမှော်ကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်က တက်လာတဲ့ Gyrocopter ၃ စီးက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ We Love Myaing က ထုတ်ပြန်ထားပါတယ်။
Read More

ပျူစခန်းအတွက် လက်နက်ခဲယမ်းနဲ့ ရိက္ခာလာပို့တဲ့ စစ်တပ်အမြန်ရေယာဉ် ၂ စီးကို ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အုန်းပင်ဆိပ်ကမ်းမကနေ အောက်ဘက်သို့ စုန်ဆင်းလာတဲ့ အကြမ်းဖက်စစ်တပ် အမြန်ရေယာဉ် ၂ စီးကို ဒီဇင်ဘာ ၁၁ ရက်က တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ကို Chindwindy-namite က ထုတ်ပြန်လိုက်ပါတယ်။