ချင်းပြည်နယ်၊ ဖလမ်းမြို့အနောက်ဘက်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အတွင်းကနေ စစ်အုပ်စုရဲ့ စခန်းကုန်းနှစ်ခုနဲ့ လက်နက်ခဲယမ်းအများအပြား သိမ်းပိုက်ရရှိထားပြီး စစ်သုံ့ပန်းတွေလည်း ဖမ်းဆီးရမိထားတယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ် ( CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က မောင်းကို ပြောပါတယ်။

ဇန်နဝါရီလ ၅ရက်၊ မနေ့က ဖလမ်းမြို့ကို ဦးတည် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ချင်းအမျိုးသားတပ်မတော်(CNA) ဦးဆောင်တဲ့ ချင်းလဲန်းကာကွယ်ရေးတပ်တွေနဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ် ( CNDF) ပူးပေါင်းတပ်တွေက ဖလမ်းမြို့အနောက်မြောက်ဘက် Kuangli (ခွန်လီ) ကျေးရွာအနီးတဝိုက်မှာ တိုက်ခိုက်ခဲ့တာ လို့သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ဘက်က သေဆုံးမှုတွေရှိခဲ့သလို စစ်သုံ့ပန်း နှစ်ယောက်ဖမ်းဆီးရမိပြီးလက်နက်ကြီး လက်နက်ငယ် ၁၅ လက်အပါ ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့တယ်လို့ ဆလိုင်းတင်မီထွဋ်က ပြောပါတယ်။

” ကျနော်တို့အနေနဲ့ စစ်အုပ်စုသိမ်းထားတဲ့ ခွန်လီရွာအနီးတစ်ဝိုက်က ကုန်း ၂ကုန်းကိုလည်း ပြန်သိမ်းနိုင်ခဲ့ပါတယ်။ ” လို့ ချင်းအမျိုးသားကာကွယ်ရေးတပ် ( CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က မောင်းကိုပြောပါတယ်။

စစ်အုပ်စုဘက်က တိုက်ပွဲအတွင်းဂျက်ဖိုက်တာအသုံးပြုပြီးလေ​ကြောင်းကနေတိုက်ခိုက်တာကြောင့် အရပ်သားနေအိမ်တွေပျက်စီးတာမျိုးလည်းရှိတယ်လို့ သူကဆက်ပြောပါတယ်။

ဖလမ်းမြို့နယ် တိုက်ပွဲတွေထဲ ချင်းကာကွယ်ရေးတပ်များ သိမ်းဆည်းရမိထားသည့် လက်နက်များ

ဒါ့အပြင် ဇန်နဝါရီလ ၃ ရက်နေ့ကလည်းအဲ့ဒီ ကျေးရွာအနီးမှာပဲ ထိတွေ့တိုက်ပွဲရှိခဲ့ပြီး အကြမ်းဖက်စစ်သား ငါး ယောက်သေဆုံးကာ နှစ်ယောက်ကို ချင်းကာကွယ်ရေးတပ်တွေအရှင် ဖမ်းမိခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ လောက်ကစလို့ အကြမ်းဖက်စစ်တပ်ဟာ ချင်းကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ကို ရွေးကောက်ပွဲအတုလုပ်ဆောင်နိုင်ဖို့အတွက် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းတွေခွဲထိုးနေတာဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကြောင်းတွေဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ဘက်ကတဆင့် သိုင်ငင်းရွာကို ဖဖြတ်ကာ  ဖလမ်းမြို့အနောက်မြောက်ဘက်ကို ဝင်ရောက်ခဲ့သလို ကလေးမြို့တောင်ပိုင်းကနေလည်း ဝေဘူလမြို့ကို ဖြတ်ရပြီး ဖလမ်း​မြို့တောင်ဘက်ပိုင်းကိုအင်အား၂၀၀ ကနေ ၃၀၀ကြား အသုံးပြုပြီးဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။

” အဓိကကတော့ ဖလမ်းမှာ ရွေးကောက်ပွဲ လုပ်ချင်တယ်ပေါ့။ နောက်ပြီး ချင်းပြည်မြောက်ပိုင်းမှာ သူတို့ဆုံးရှုံးထားတဲ့မြို့ဆိုလို့ ဖလမ်းပဲရှိတယ်။ ဖလမ်းက ပထဝီအနေအထားအရ အဓိကကျတော့ ဒီကနေ ချင်းပြည်အလယ်ပိုင်းနေရာတွေအထိ စိုးမိုးနိုင်ဖို့ဆိုပြီးထိုးနေတာပါ။” လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က မောင်းကိုပြောပါတယ်။

လမ်းပန်းဆက်သွယ်​ရေးနဲ့ စစ်ရေးအရေးပါတဲ့ ဖလမ်းမြို့ကို ပြန်လည်ရရှိရေးအတွက် စစ်အုပ်စုကအင်အားအလုံးရင်းသုံးပြီးစစ်ကြောင်းတွေထိုးနေပေမယ့်လည်း ချင်းကာကွယ်ရေးတပ်တွေရဲ့ပူးပေါင်းခုခံတိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးမှုအများအပြားရှိနေရတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

AA ၏တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ် တပ်မမှုး ဗိုလ်မှုးကြီးတစ်ဦးနှင့် ဗိုလ်ကြီးနှစ်ဦး သေဆုံး

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ညောင်ကျိုးတိုက်ပွဲမှာ အာရက္ခတပ်တော် (AA) ရဲ့ တိုက်ခိုက်မှုကြောင့် စကခ ၁၀ တပ်မမှုးဖြစ်သူ ဗိုလ်မှုးကြီးတစ်ဦးနှင့် ဗိုလ်ကြီးနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီကသိရပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား (၃၉) ဦး သေဆုံး

မြန်မာနိုင်ငံတဝန်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ မတ်လ ၂၅ ရက် ဒီနေ့အထိ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃၉) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လက်ပံတန်းတွင် စစ်တပ် ပျက်ကျသည့် တိုက်ခိုက်ရေးဒရုန်းကို တော်လှန်ရေးတပ် သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာတိုက်ပွဲအတွင်း ပျက်ကျလာတဲ့ စစ်တပ်ရဲ့ တိုက်ခိုက်ရေးဒရုန်း ၁ စီးကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့ ဖြစ်တဲ့ သာယာဝတီဂဠန်တပ်ဖွဲ့ကနေ သိမ်းဆည်းရှိထားတယ်လို့ သိရပါတယ်။
Read More

Zomi Federal Union(ZFU)/ PDF Zoland က ပြုလုပ်တဲ့ Zoland Army မွမ်းမံ တန်းမြှင့် သင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

မြန်မာပြည် စစ်အာဏာရှင်လက်က လွတ်မြောက်ရေး တိုက်ပွဲဝင်ဖို့အတွက် Zomi Federal Union(ZFU)/ PDF Zoland က ပြုလုပ်တဲ့ Zoland Army မွမ်းမံ တန်းမြှင့် သင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ PDF Zoland က အောက်တိုဘာ ၂၈ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ရွှေစက်တော်ဘုရားအနီး စစ်ကောင်စီရဲ့ လက်ပတော ရဲစခန်းကို ဒရုန်းစစ်ဆင်ရေးပြုလုပ်

ရွှေစက်တော်ဘုရားအနီးက စစ်ကောင်စီရဲ့ လက်ပတော ရဲစခန်းကို ဒရုန်းဗုံးသီးအလုံးရေ ၂၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ်(၆) တပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

အရပ်သားများအား ဖမ်းလာသည့် စစ်တပ်ထောက်ပို့စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်ပြီး ဓားစာခံများကို ကယ်ထုတ်နိုင်ခဲ့၊ စစ်ကောင်စီဘက်မှ ၃ ဦး သေ၊ ၁ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ PDF သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ အရပ်သားတွေကို လူသားဒိုင်းလုပ် ဖမ်းဆီးလာတဲ့ အကြမ်းဖက်ထောက်ပို့စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ရင်း ဓားစာခံတွေကို ကယ်ထုတ်နိုင်ခဲ့သလို စစ်ကောင်စီတပ်သား ၁ယောက်ကိုလည်း လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ Scorpions People Defense Force တာဝန်ရှိသူ ရဲဘော်ပေါ့ဘာက မောင်းကို ပြောပါတယ်။