စစ်ကိုင်းတိုင်း၊ ခင်ဦးနယ်အရှေ့ဘက်က စစ်ဘေးရှောင်တွေနေထိုင်တဲ့နေရာကို စစ်အုပ်စုကဗုံးကြဲလို့ ဒေသခံ သုံးယောက် သေဆုံးပြီး ၁၀ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဇန်နဝါရီ ၅ ရက် ည ၈ နာရီခွဲလောက်မှာ  တံတားဦးလေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးဟာ ကုန်းကြီးကျေးရွာ စာသင်ကျာင်းနဲ့ ကပ်နေတဲ့ စစ်ဘေးရှောင်တွေနေထိုင်ရာ ဆီခြံကို လေကြောင်း တိုက်ခိုက်ခဲ့တာပါ။

အခုလိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက် စစ်ရှောင်ပြည်သူ အမျိုးသား (၂)ယောက်နဲ့ အမျိုးသမီး (၁) ယောက် စုစုပေါင်း (၃)ယောက် ပွဲချင်းပြီး သေဆုံးပြီး (၁၀)ယောက်ဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ခင်ဦးနယ်ကစစ်ဘေးရှောင်တွေနေရာကို စစ်အုပ်စုကလေကြောင်းဗုံးကြဲသွားစဥ်

” ဒဏ်ရာရတဲ့သူတွေကတော့ညတွင်းချင်းပဲ ဒီဖိုက်တာချပြီးတာနဲ့  နယ်မြေခံပြည်သူကနေပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှု တွေဝိုင်းဝန်းပြီတော့ဆောင်ရွက်ပေးနေကြတယ်။  ဒဏ်ရာရတဲ့လူတွေထဲမှာ လေကြောင်းတိုက်တာဆိုတော့အစုံပဲပေါ့၊ ပြင်းထန်ဒဏ်ရာတွေလည်းပါသလို သာမန်လောက်ပဲဆိုတာမျိုးတွေ လည်းရှိတော့ရှိပါတယ်” လို့ ခင်ဦးမြို့နယ်ပြည် သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

စစ်အုပ်စုဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူစစ်ဘေးရှောင်နေထိုင်နေကြတဲ့ ဆီသိုလှောင်ခြံကို အဓိက ပစ်မှတ်ထားပြီး တိုက်ခိုက်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။

အခုလိုအကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ခင်ဦးမြို့နယ်အတွင်းက နယ်မြေခံပြည်သူတွေ၊စစ်ဘေးရှောင်တွေနဲ့ ခရီးသွား ပြည်သူတွေအနေနဲ့ လေကြောင်း လုံခြုံရေးသတိထားပြီး သွားလာကြဖို့ကိုလည်း ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က အသိပေးထားပါသေးတယ်။

ခင်ဦးနယ်ကစစ်ဘေးရှောင်တွေနေရာကို စစ်အုပ်စုကလေကြောင်းဗုံးကြဲသွားစဥ်
ခင်ဦးနယ်ကစစ်ဘေးရှောင်တွေနေရာကို စစ်အုပ်စုကလေကြောင်းဗုံးကြဲသွားစဥ်
0 Shares:
You May Also Like
Read More

စလင်းမှာ မုဒိန်းကျင့်၊ လူသတ်ပြီး ကိုယ်အင်္ဂါတွေ ဖြ​တ်​တောက်ခဲ့သူကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖမ်းဆီးအရေးယူထား

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အမျိုးသမီးတစ်ယောက်ကို မုဒိန်းကျင့်သတ်ဖြတ်ပြီး ကိုယ်အင်္ဂါအစိတ်ပိုင်းတွေဖြတ်တောက်ခဲ့သူကို ဖမ်းဆီးအရေးယူထားကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

(၇၈) ကြိမ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ (KNDO Day) အခမ်းအနားအား KNDO စစ်ဌာနချုပ်တွင် ကျင်းပ

ဇူလိုင်လ (၁၆)ရက်မှာ ကျရောက်တဲ့ (၇၈)ကြိမ်‌မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ (KNDO DAY) ဂုဏ်ပြုပွဲအခမ်းအနားကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) စစ်ဌာနချုပ်မှာ ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးမှာ နတ်ပွဲအကြောင်းပြ လုပ်စားနေတဲ့ လောင်းကစားဝိုင်းတွေကို ပကဖ ဝင်ရောက်ဖမ်းဆီး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ နတ်ပွဲအကြောင်းပြပြီး လောင်းကစားဝိုင်း ပြုလုပ်နေသူတွေကို ဝင်ရောက်ဖမ်းဆီးကာ ပါဝင်သူတွေကိုသတိပေးအရေးယူတာတွေ လုပ်ဆောင်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး ကိုရှဲဒိုးက မောင်းကိုပြောပါတယ်။
Read More

မြေပြင်ဆင်း ဆေးကုသနေသည့် Free Burma Ranger ဆေးမှူး နော်ဆေးမူးဖော စစ်ကောင်စီ၏ မီးလောင်ဗုံး ထိမှန်သေဆုံး

ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်၊ တောင်ငူခရိုင်၊ ထန်းတပင်(ထောတထူး) မြို့နယ်အတွင်းက လေကြောင်းဒဏ်သင့် ကျေးရွာတွေမှာ ဆေးကုသမှု သွားရောက်လုပ်ဆောင်နေတဲ့ Free Burma Ranger (FBR) ရဲ့ ဆေးမှူး နော်ဆေးမူးဖောဟာ မီးလောင်ဗုံးထိမှန်ဒဏ်ရာနဲ့အတူ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
Read More

ကနီ ပအဖ ညမထွက်ရအမိန့် ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကနီမြို့မှာ လုံခြုံရေးအားနည်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ညမထွက်ရ အမိန့်ကို ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

SSNDF/ KNDF ဗျူဟာအမှတ် (၉) ဖွဲ့စည်းခြင်းနဲ့ စစ်သင်တန်းဆင်းပွဲ ကျင်းပကြောင်း KNDF တရားဝင်ထုတ်ပြန်…

SSNDF/ KNDF ဗျူဟာအမှတ် (၉) ကို ယခင်ရှမ်းတောင်မှာ လှုပ်ရှားခဲ့တဲ့ တပ်ရင်းတွေနဲ့ ဒရုန်းအဖွဲ့ကို ပေါင်းစည်းပြီး SSNDF / KNDF B - 101, SSNDF / KNDF B - 102, SSNDF / KNDF B-103 တွေအဖြစ် ပြောင်းလဲဖွဲ့စည်းထားတယ်လို့ ကရင်နီအမျိုသားများကာကွယ်ရေးတပ်-KNDF က ဒီကနေ့မှာ တရားဝင် ထုတ်ပြန်ပါတယ်။