ချင်းပြည်နယ် တီးတိန်မြို့နယ်ထဲက ပေ ၈၀၀၀ ကျော်မြင့်တဲ့ ကနေဒီတောင်ပေါ် အကြမ်းဖက်စစ် တပ်စခန်းကို တော်လှန်ရေးတပ်တွေက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်း ၁၀ ယောက်ဖမ်းဆီးမိခဲ့တယ်လို့ ချင်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
အဲ့ဒီစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တစ်ပတ်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ဇန်နဝါရီ ၄ ရက်က ပြန်လည်သိမ်းပိုက်ခဲ့တာလို့ သိရပါတယ်။
စစ်ကော်မရှင်တပ်က ကနေဒီတောင်စခန်းကို အင်အား ရာချီနဲ့ ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နောက် တော်လှန်ရေးတပ်တွေက ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ထွက်ပြေးသွားတဲ့ စစ်ကော်မရှင်တပ်သားတွေကိုလည်း တော်လှန်ရေးတပ်တွေက လိုက်လံရှင်း လင်းနေပြီး တော်လှန်ရေးရဲဘော် ၂ ယောက်ကျဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ သိရပါတယ်။
စစ်သုံ့ပန်းဖမ်းဆီးတဲ့ ရုပ်သံဖိုင်အတွင်း စခန်းသိမ်းတိုက်ပွဲမှာ ချင်းအမျိုးသမီးတော်လှန်ရေးရဲဘော် ၁ ယောက်လည်း ပါဝင်ခဲ့တာကို တွေ့မြင်ရပါတယ်။
Video – Cin Pii