စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ဖြစ်ပေါ်နေတဲ့ ကုန်စျေးနှုန်းကြီးမြင့်မှုကို ပါတီအနိုင်ရရင် ဖြေရှင်းပေးမယ်လို့ USDP ကျောက်တန်းမြို့နယ် ကိုယ်စားလှယ်က ပြောဆိုမဲဆွယ်ခဲ့ပါတယ်။
၂၀၂၀ ကနေ ၂၀၂၅ ခုနှစ်အတွင်း ဒီမိုကရေစီရပ်တန့်နေပြီး စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ဖြစ်ပေါ်လာတဲ့ ကုန်စျေးနှုန်းကြီးမြင့်မှု၊ သွားလာရေးအဆင်မပြေမှုနဲ့ အလုပ်အကိုင်ရှားပါးမှုတွေကို အရပ်သားအစိုးရတက်လာတဲ့အချိန် ဖြေရှင်းနိုင်မယ်လို့ ဆိုပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ အကြပ်အတည်းတွေကနေ ရုန်းထွက်ဖို့နဲ့ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေ ဝင် လာနိုင်ဖို့ အရပ်သားအစိုးရတက်လာမှာ ဖြစ်နိုင်မယ်လို့လည်း ဆိုပါတယ်။
” ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေးတယ်လို့ ခေါ်တာပေါ့နော်။ ပြည်သူလူထုရွေးချယ်လိုက်တဲ့ အရပ်သားအစိုးရ တက်လာမှာပဲ ဆောင်ရွက်ရမှာဖြစ်တယ် ” လို့ ပြောဆိုခဲ့ပါတယ်။
Video- Daw Aye Min Moe