ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်တွင်းတိုက်ပွဲတွေမှာ စစ်မှုထမ်းတပ်သားသစ်တွေ ထိခိုက်သေဆုံးမှုတွေ များပြားနေတာကြောင့် စစ်မှုထမ်းတပ်သားသစ်တွေကို အတင်းအဓမ္မ ဆက်လက်စုဆောင်းပြီး သင်တန်းအမြန်ပေးကာ ရှေ့တန်းကို စေလွှတ်နေတယ်လို့ ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်တွေက မောင်းကို ပြောပါတယ်။

ပုသိမ်ခရိုင် သာပေါင်းလေး၊ လေးမျက်နှာ၊ အင်္ဂပူ၊ ပုသိမ်၊ ရေကြည် ငါးမြို့နယ်တွေမှာ အာရက္ခတပ်တော် အေအေပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက်စစ်တပ် တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီး အကြမ်းဖက်စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရတာတွေ သေဆုံးတာတွေ များပြားနေတယ်လို့ သိရတာပါ။

ဒါကြောင့် အဲ့ဒီမြို့နယ်တွေက ရှေ့တန်းစစ်မျက်တွေကို စစ်မှုထမ်းတပ်သားသစ်တွေ စေလွှတ်နေတာလို့လည်း သိရပါတယ်။ 

ဒေသခံ စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ယောက်က ” စစ်မှုထမ်းတပ်သားသစ်တွေကို ရခိုင်ရိုးမအစပ်မြို့နယ်တွေက တိုက်ပွဲတွေကိုပို့တယ်၊ အတွေ့အကြုံမရှိတဲ့လူငယ်တွေဆိုတော့ ဒဏ်ရာရတာတွေ သေဆုံးတာတွေများတယ်၊ အခုတော့ သေဆုံးတာရော၊ ဆေးရုံတွေမှာ ခြေထောက်တွေဖြတ်ရတာတွေရောနဲ့ မိသားစုတွေ တော်တော်စိတ်ဆင်းရဲစရာတွေဖြစ်နေပြီ” လို့ ပြောပါတယ်။

လက်ရှိမှာ ပုသိမ် နတခ ရွှေမြင်တင် အမှတ်(၆) စစ်အခြေခံလေ့ကျင့်ရေးတပ်က တပ်သားသစ်၁၇ ယောက် ဒဏ်ရာရာရလို့ အနောက်တောင်တိုင်းစစ်ဌာနချုပ် စစ်မြေပြင်ဆေးတပ်ရင်း မဆရ (၄)ကို ပို့ဆောင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒဏ်ရာရ စစ်မှုထမ်းသစ်တွေရဲ့မိသားစုတွေကိုအကြမ်းဖက်စစ်တပ်ရဲ့ နတခ ကအကြောင်းကြားတာကြောင့် မိသားစုဝင်တွေဟာ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) ရဲ့ မဆရ (၄) ကို လိုက်သွားကြပေမယ့် ဂရုတစိုက်ကုသပေးတာ မရှိတဲ့အပြင် ဆရာဝန်များ မလုံလောက်မှုနဲ့ သူနာပြုလိုအပ်ချက်တွေ ရှိနေကြောင်း ဒေသခံတွေဆီကသိရပါတယ်။

အဆိုပါဆေးရုံမှာ စစ်မှုထမ်းတပ်သား ဒဏ်ရာရရှိသူ (၁၇) ယောက် ရှိပြီး ခြေထောက်ဖြတ်ရသူ (၅) ယောက် ရှိကာ  ဆေးဝါးကုသမှုမခံရသေးတာကြောင့်  မိသားစုတွေ စိတ်ပူနေကြကြောင်းနီးစပ်သူတွေဆီက သိရပါတယ်။

0 Shares:
You May Also Like
Read More

TNLA နှင့် MNDAA အပါ တော်လှန်ရေးအင်အားစုများကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများဟာ ရှမ်းပြည်သူတစ်ရပ်လုံးကို ကိုယ်စားမပြုကြောင်း သျှမ်းလူငယ်ကွန်ဂရက် (DYC) ပြော

ရှမ်းပြည်နယ်ထဲက မြို့တွေမှာ TNLA၊ MNDAA အပါအဝင် တော်လှန်ရေးအင်အားစုတွေကို ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲတွေ လုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်ကော်မရှင်ရဲ့လုပ်ရပ်ဟာ ရှမ်းပြည်သူတစ်ရပ်လုံးရဲ့ ဆန္ဒ မပါဝင်ဘဲ လူမျိုးစုအချင်းချင်းကြား ပဋိပက္ခဖြစ်စေဖို့ ရည်ရွယ်လုပ်ဆောင်နေတာဖြစ်တယ်လို့ သျှမ်းလူငယ်ကွန်ဂရက် Dai Youth Congress (DYC) တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

တောင်သာတွင် စစ်သား ၂ယောက်ကို PLA ရဲဘော်များ ရုတ်တရက်တွေ့ပြီး ပစ်ခတ်၊ စစ်သား ၂ ယောက်လုံး သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ စစ်ကော်မရှင်တပ်သား ၂ ယောက်ကို တိုက်ခိုက်ရာ ၂ ယောက်လုံး သေဆုံးသွားကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မြင်းခြံခရိုင်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေးအင်အားစုများ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ဖို့ အချိန်တန်ပြီဟု စစ်ကိုင်း PDF ထုတ်ပြန်

မကြာခင်လပိုင်းလောက်မှာ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ကျင်းပပြုလုပ်တော့မှာဖြစ်ပြီး ပြည်သူလူထုအနေနဲ့ အဆိုပါရွေးကောက်ပွဲအတုကို အကောင်းဆုံး ကျော်ဖြတ်နိုင်လိမ့်မယ်လို့ စစ်ကိုင်း PDF က ဆိုပါတယ်။
Read More

ယင်းမာပင်တွင် တိုက်ပွဲဖြစ်ပြီး အထိနာသည့် စစ်တပ်စစ်ကြောင်း ရွာ ၇ ရွာမှ နေအိမ်အလုံး ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အထိနာသွားတဲ့ စစ်အုပ်စုက ကျေးရွာ ၇ ရွာက နေအိမ်ပေါင်း ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ယင်းမာပင်ခရိုင် ပကဖက သတင်းထုတ်ပြန်ပါတယ်။
Read More

ဝမ်းတွင်းတွင် စစ်မှုထမ်းအတွက် လူငယ်ရာနှင့်ချီ ဖမ်းဆီးခေါ်ဆောင်ခံရ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ လူငယ်တွေ စစ်မှုထမ်းအတွက် ဆက်တိုက်ဖမ်းဆီးခံနေရပြီး အမျိုးသမီးတွေလည်း ပါဝင်လာသလို လူပြန်ရွေးယူဖို့ ငွေကြေး သိန်းဆယ်နဲ့ချီ ပေးနေရကြောင်း Voice Of Wundwin တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကရင်နီမှာ စစ်ကောင်စီအလိုကျ သန်းခေါင်စာရင်းကောက်ယူမှုမှာ ပါဝင်သူတွေကို အရေးယူမယ်

ကရင်နီပြည်နယ်မှာ စစ်ကောင်စီအလိုကျ သန်းခေါင်စာရင်း ကောက်ယူပေးပြီး ရွေးကောက်ပွဲဖြစ်မြောက်ဖို့ ပါဝင်လုပ်ဆောင်သူတွေကို ပြင်းထန်စွာ အရေးယူမယ်လို့  ကရင်နီပြည် ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို က ထုတ်ပြန်လိုက်ပါတယ်။