ကရင်နီဒေသ ဖရူဆိုမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချချေမှုန်းခဲ့တဲ့ ရုပ်သံကို KNDF ရဲဘော် Khu Ri Chard က ဒီဇင်ဘာ ၄ ရက်က သူ့ရဲ့ လူမှုကွန်ရက်ကနေ မျှဝေခဲ့ပါတယ်။

အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ ဖရူဆိုမြို့ လောကျေခူရွာနဲ့ ခိုးရားခူကျေးရွာတွေကို စစ်ကြောင်းထိုးလာတာဖြစ်ပြီး တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်ချေမှုန်းမှုကြောင်း စစ်သားအများအပြားသေဆုံးကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။

Video – Khu Ri Chard

0 Shares:
You May Also Like
Read More

လောင်းလုံး အောင်သပြေဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်အုပ်စုကို ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် အောင်သပြေဘုန်းကြီးကျောင်းမှာ တပ်စွဲပြီး ပြည်သူတွေထံက ခြိမ်းခြောက်ငွေတောင်း အဓမ္မပေါ်တာဆွဲ စစ်သားစုဆောင်းနေတဲ့ စစ်ကော်မရှင် တပ်သားတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ထား၀ယ်ခရိုင်တပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ခင်ဦးတွင် အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းပျက်သည်အထိ တိုက်ခိုက်ခံရပြီး အလောင်းများနှင့် လက်နက်ခဲယမ်းများ ကျန်ရစ်ကာ ဆုတ်ခွာထွက်ပြေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်း အင်အား ၁၈၀ ခန့်ရှိတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေ စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးကာ နောက်ပြန်ဆုတ်ပြေးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ခင်ဦးမြို့နယ်က ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်းမှာ ပိုက်ဆံတောင်းနေတဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်မှု ၂ ယောက် သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေး လမ်းပိုင်းတစ်နေရာမှာ ဇန်နဝါရီ ၂၀ ရက် နေ့လည်ပိုင်းက လမ်းသွားပြည်သူတွေကို အင်အား ၄ ယောက်နဲ့ လမ်းကင်းယူပြီး ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်း ၂ လုံး တစ်ပွိုင့်နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့ထံက သိရပါတယ်။
Read More

လားရှိုးမြို့ကို ရေပေးဝေနိုင်ရေး ကြိုးစားဆောင်ရွက်နေတယ်လို့ MNDAA ထုတ်ပြန် (ရုပ်/သံ)

MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ အုပ်ချုပ်ရေးအာဏာပိုင်တွေက လားရှိုးဒေသခံတွေနဲ့တွေ့ဆုံခဲ့ပြီး လားရှိုးမြို့ကို ရေပေးဝေနိုင်ရေးအတွက် အဓိကလုပ်ဆောင်နေကြောင်း ခေါ်ယူရှင်းလင်းအသိပေးခဲ့တဲ့ ရုပ်သံမှတ်တမ်းကို လားရှိုးမြို့ပြန်လည်ထူထောင်ရေး က ထုတ်ပြန်လာပါတယ်။
Read More

စစ်ကြောင်းပြုတ်ပြီး ပြန်လာသည့် စစ်သားများ တိုက်ခိုက်ခံရပြီး ၁ ဦး ထပ်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းပျက်တဲ့အထိ တိုက်ပွဲရှုံးပြီး နောက်ပြန်ဆုတ်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ထပ်မံတိုက်ခိုက်ခဲ့ရာ ၁ ယောက်သေဆုံးခဲ့တယ်လို့ ဗန္ဓုလနှင့်အဖွဲ့သားများက သတင်းထုတ်ပြန်ထားပါတယ်။
Read More

COBRA ONE တပ်ဖွဲ့က ထုတ်လုပ်ထားတဲ့ တော်လှန်ရေးအစပိုင်း လက်လုပ်သေနတ်ကို စမ်းသပ်ပြသ (ရုပ်/သံ)

တော်လှန်ရေးအစပိုင်းမှာ ထုတ်လုပ်အသုံးပြုခဲ့တဲ့ လက်လုပ်သေနတ်ကို COBRA ONE တပ်ဖွဲ့က စမ်းသပ်ပြသလိုက်ပါတယ်။