ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် တောင်လည်စစ်ဆေးရေးဂိတ်ကို လာတဲ့ အကြမ်းဖက်စစ်တပ်ဗိုလ်မှူးလိုက်ပါလာတဲ့ အိမ်စီးကားကို မိုင်း ၂ ကြိမ် ဖောက်ခွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ပြည်ခရိုင် ၃၆၀၂ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
ဇန်နဝါရီ ၂ ရက် နံနက်ပိုင်းက ပေါက်ခေါင်း-အုတ်တွင်းအမြန်လမ်းပေါ်က တောင်လည်စစ်ဆေးရေး ဂိတ်ကို အိမ်စီးကားနဲ့ လာတဲ့ ဗိုလ်မှူးအပါအဝင် စစ်သား ၆ ယောက် လိုက်ပါလာတဲ့ အိမ်စီးကားကို ပုလရွာနဲ့ ဖိုးကျော့ကွင်းကျေးရွာကြားမှာ ပြည်ခရိုင်တပ်ရင်း (၂) တပ်ခွဲ (၃) ရဲဘော်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက်ကားဟာ ဆက်လက်မောင်းပြေးသွားတဲ့အတွက် ပျားထိုးကျွန်းရွာအရောက် ပြည်ခရိုင် တပ်ရင်း ၂ တပ်ခွဲ ၄ ရဲဘော်တွေက ဒုတိယအကြိမ် ထပ်မံမိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“အမြန်လမ်းမပေါ်မှာ တောင်လည်စစ်ရေးဂိတ်ဖွင့်ထားတာတော့ကြာပြီ။ မိုင်းဆွဲခံရပြီတော့ တောင်လည်ဂိတ်ကိုပဲ ဆက်သွားတယ်၊ အဲ့ကားက တောင်လည်မှာ တာဝန်ကျတဲ့ဗိုလ်မှူးရဲ့ကား။ ကားပေါ်မှာ ပါလာတာ ဗိုလ်မှူး သူတို့သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုကိုတော့ အတည်ပြုလို့မရသေးဘူး ” လို့ ပြည်ခရိုင် ၃၆၀၂ သတင်း နဲ့ ပြန်ကြားရေးတာဝန်ခံ ကိုRed Star က မောင်းကိုပြောပါတယ်။
Video – ပေးပို့