မကွေးအကျဉ်းထောင်က ထောင်အာဏာပိုင်တွေဟာ နိုင်ငံရေးအကျဉ်းသား ၃၅ ယောက်ကို ရိုက်နှက်ပြီး  တစ်လ နီးပါးကြာ တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီနေ့ ဇန်နဝါရီ ၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့မှာ မကွေးအကျဉ်းထောင်၊ အမျိုးသားဆောင်(၄)က နိုင်ငံရေးအကျဉ်းသားတွေကို ထောင်တစ်ခုလုံးရဲ့ စားပြီးသားပန်းကန်တွေ ဆေးကြောဖို့ ထောင်အာဏာပိုင်တွေက ခိုင်းစေခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီလို စေခိုင်းမှုကို မလုပ်ဆောင်နိုင်ကြောင်း ပြန်လည်ပြောဆိုခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသားတွေကို  ခေါင်းငုံ့ထိုင်ခိုင်းတာတွေ၊ မျက်နှာကို အဝတ်စည်းပြီး ရိုက်နှက်တာတွေ၊ နေပူလှန်းတာတွေကို လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် တချို့အကျဉ်းသားတွေကို မြေပြင်ပေါ် မှောက်ခိုင်းကာ နံပါတ်တုတ်၊ ဝါယာကြိုးတွေနဲ့  ရိုက်နှက်ခဲ့တာကြောင့် ခေါင်းကွဲဒဏ်ရာရသူတွေအထိ ရှိခဲ့ကြောင်း PPNM က အတည်ပြုထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ 

“အာဏာသိမ်းပြီးနောက်ပိုင်းမှာ အကျဉ်းထောင်တွေမှာ လူ့အခွင့်အရေးချိုးဖောက်နေကြတာက အတူတူပဲ ဖြစ်ပါတယ်၊ ဒီမကွေးထောင်လည်း အပါဝင်ပါပဲ၊ ဒီမကွေးထောင်က ပြီးခဲ့တဲ့ ၂၀၂၅ စက်တင်ဘာလောက်ကနေ စပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သိသိသာသာ ထင်ထင်ရှားရှား ကျူးလွန်လာတာကို တွေ့ရပါတယ်၊ ဒီထုတ်ပြန်ချက်တွေမှာပါတဲ့ အတိုင်းပေါ့နော်  ထောင်အာဏာပိုင်တွေက တဆင့် လက်ကိုင်တုတ်တွေနဲ့ သူတို့သိသိသာသာကို ကျူးလွန်လာနေတာပါတယ်၊ ဒါကို ကျွန်တော်တို့ PPNM အနေနဲ့ ဆက်လက် စောင့်ကြည့် ထုတ်ပြန်သွားမှာပါ” လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုရောင်နီလင်းက မောင်းကို ပြောပါတယ်။ 

ထောင်တွင်းအရောင်းဆိုင် (ဈေးဘား) မှာလည်း ပစ္စည်းတွေကို အဆမတန်ဈေးတွေနဲ့ ရောင်းချနေတာကြောင့် နိုင်ငံရေးအကျဉ်းသားတွေက ထောင်ဝန်ထမ်းတွေရဲ့ အကျိုးအမြတ်တွေကို ဖြတ်တောက်ဖို့အတွက်  “ကွမ်းဖြတ်တောက်ရေးလှုပ်ရှားမှု” ကို ဒီဇင်ဘာလ ၁၇ ရက်မှာ ပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။

အဲ့လို လုပ်ဆောင်တဲ့အတွက် ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသား ၁၁ ယောက်ကို ထပ်မံရိုက်နှက်ကာ ခြေကျင်းခတ်ပြီး တိုက်ပိတ်ခဲ့တယ်လို့ သိရပါတယ်။ 

အခုလို နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ဝန်ထမ်း သက်ပိုင်စိုး ကိုယ်တိုင်ပါဝင်ကျူးလွန်ခဲ့သလို အကျဉ်းထောင်အာဏာပိုင်တွေက လုပ်ပိုင်ခွင့်ပေးထားတဲ့ အခန်းလူကြီးနဲ့ တန်းစီးတွေဖြစ်ကြတဲ့ တင်အောင်ထွန်း၊ စစ်သားကြီး၊ ငပွေးနဲ့ မြတ်ကို တို့ကလည်း ဝိုင်းဝန်းရိုက်နှက်ခဲ့သူတွေထဲမှာ အပါအဝင်ဖြစ်တယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာ တိုက်ပိတ်ခံထားရသူ နိုင်ငံရေးအကျဉ်းသား ၃၅ ယောက်ရဲ့ ကျန်းမာရေးအခြေအနေကို မိသားစုဝင်တွေ  သိရှိခွင့်မရဘဲ ထောင်ဝင်စာ ပစ္စည်းတချို့ကိုလည်း ထောင်အာဏာပိုင်တွေက ကန့်သတ်ထားတယ်လို့ သိရပါတယ်။ 

အခုလို လုပ်ရပ်တွေဟာ နိုင်ငံတကာ အကျဉ်းသားဆိုင်ရာ စံနှုန်းတွေကို ပြင်းထန်စွာ ချိုးဖောက်နေတာဖြစ်ပြီး PPNM ကနေနဲ့ ထောင်အာဏာပိုင်တွေရဲ့ လုပ်ရပ်တွေကို ရှုတ်ချပြီး ဖြစ်စဉ်တွေကိုလည်း  ဆက်လက် မှတ်တမ်းတင်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဥသျှစ်ပင်မြို့ပေါ်က စစ်မှုထမ်း ရှောင်ရှားဖို့ လစဉ်ကြေးပေးနေရသည့် ရပ်ကွက်များတွင် ပေါ်တာဆွဲ ဖမ်းဆီးခံနေရ

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့မှာ စစ်ကောင်စီတပ်တွေဟာ လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကို မြို့ပေါ်ရပ်ကွက်တွေထဲအထိပါ လုပ်ဆောင်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ငလျင်ကြောင့် အဆောက်အဦး ၈ သောင်းကျော် ပျက်စီးခဲ့ဟု စစ်ကောင်စီ ထုတ်ပြန်

နိုင်ငံတစ်၀န်း အင်အားပြင်းငလျင်ကြောင့် အဆောက်အဦး စုစုပေါင်း ၈ သောင်းကျော်အထိ ပျက်စီးခဲ့ရတယ်လို့ စစ်ကောင်စီရဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (DMC) က ထုတ်ပြန်ပါတယ်။
Read More

ဒုံရင်းမြို့နယ်မှာ KNU ရဲ့ မြို့နယ်အမြဲတမ်းကော်မတီဝင် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့

ကရင်ပြည်နယ်၊ ဖားအံခရိုင် ၊ ဒုံရင်းမြို့နယ်၊ ဒူရိန်ကျေးရွာမှာ စက်တင်ဘာလ ၁၉ ရက်ကနေ ၂၃ ရက် အထိ KNU ရဲ့ ဒုံရင်းမြို့နယ်အမြဲတမ်းကော်မတီဝင် အလုပ်ရုံံဆွေးနွေးပွဲကို (၅)ရက်တာကျင်းပပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုမြို့နယ်တွင် စစ်ရှောင်ပြည်သူများကို မြို့နယ် ပကဖ က စားနပ်ရိက္ခာများ ကူညီထောက်ပံ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူတွေကို သွားရောက်တွေ့ဆုံကာ ဆန်၊ ရိက္ခာ၊ သီးနှံတို့ကို မျှဝေထောက်ပံ့ခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကောလင်းမြို့နယ်တွင် စစ်ဘေးရှောင်များ နေထိုင်ရာ စာသင်ကျောင်းကို စစ်တပ်ဗုံးကြဲ၊ ပြည်သူ ၆ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၆ယောက် ထိမှန်ဒဏ်ရာရခဲ့ကြောင်း နယ်ခံတွေဆီက သိရပါတယ်။
Read More

သာကေတက အငြိမ်းစားရဲမှူးဟောင်းကို AA နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး စစ်ကောင်စီ ဖမ်းဆီး

ရန်ကုန်တိုင်း သာကေတမြို့နယ် အမှတ် ၇ ရပ်ကွက်မှာ နေထိုင်တဲ့ အငြိမ်းစား ရဲမှူရဟောင်း ဦးရွှေဇံ ဆိုသူကို အကြမ်းဖက် စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၆ ရက်မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။