ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် တောင်လည်စစ်ဆေးရေးဂိတ်ကို ထွက်လာတဲ့ စစ်အုပ်စုအရာရှိအဆင့်အပါ ၆ ​ယောက်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်ခရိုင် ၃၆၀၂ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။

ဇန်နဝါရီ ၂ ရက် မနက် ၁၀ နာရီလောက်မှာ ပေါက်ခေါင်း – အုတ်တွင်းအမြန်လမ်းမပေါ်ရှိ တောင်လည်စစ်ဆေးရေးဂိတ်ကို အိမ်စီးကား နဲ့ ထွက်လာတဲ့ အရာရှိအဆင့်အပါ ၆ ယောက်ကို  ပုလရွာ နဲ့ ဖိုးကျော့ကွင်းကျေးရွာကြားမှာ ပြည်ခရိုင်တပ်ရင်း (၂) တပ်ခွဲ (၃)က ပထမ အကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ကားဟာ မောင်းပြေးသွားတဲ့အတွက် ပျားထိုးကျွန်းကျေးရွာနားအရောက်မှာ ပြည်ခရိုင် တပ်ရင်း (၂) တပ်ခွဲ (၄) ရဲဘော်တွေက ဒုတိယအကြိမ်ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သလို လက်နက်ငယ်တွေနဲ့လည်း တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“အမြန်လမ်းမပေါ်မှာ တောင်လည်စစ်ရေးဂိတ်ဖွင့်ထားတာတော့ကြာပြီ၊ မိုင်းဆွဲခံရပြီတော့ တောင်လည်ဂိတ်ကိုပဲ ဆက်သွားတယ် အဲ့ကားက တောင်လည်မှာ တာဝန်ကျတဲ့ဗိုလ်ကြီး ရဲ့ကား၊ ကားပေါ်မှာ ပါလာတာ ဗိုလ်ကြီး သူတို့သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုကိုတော့ အတည်ပြုလို့မရသေးဘူး”လို့ ပြည်ခရိုင် ၃၆၀၂ သတင်း နဲ့ ပြန်ကြားရေးတာဝန်ခံ ကိုRed Star က မောင်းကို ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့တွေက အထိခိုက်မရှိပြန်လည်ဆုတ်ခွာခဲ့တယ်လို့ဆိုပါတယ်။

ဒီနေ့မနက်မှာတော့ မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ လမ်းပိုင်းတွေက ဒေသခံပြည်သူတွေက ပုံမှန်အတိုင်းလှုပ်ရှားသွားလာနေကြတယ်လို့ သိရပါတယ်။

ပေါက်ခေါင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့အတုယောင်ရွေးကောက်ပွဲအပိုင်း (၂) ကို ဇန်နဝါရီ ၁၁ ရက်နေ့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အဲ့ဒီမြို့နယ်ထဲက ကျေးရွာ (၃၀) ကိုတော့  ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ စစ်အုပ်စုလက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင် (UEC) က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တောင်တွင်းကြီးတွင် စစ်ကော်မရှင်တပ်က နေအိမ်အချို့ကို မီးရှို့ဖျက်ဆီး၊ ဒေသခံများ ထွက်‌ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်က နေအိမ်တချို့ကို စစ်ကော်မရှင်တပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ‌နယ်ခံတွေဆီက သိရပါတယ်။
Read More

အနန်းကွင်း စစ်ကောင်စီတပ်စခန်းကို စစ်ကူလာတဲ့ တပ်မ ၄၄ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၄၀ ကျော်သေဆုံး

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းဗျူဟာစစ်တပ်စခန်းကို စစ်ကူလာတဲ့ အင်အား ၁၅၀ ကျော်ပါ တပ်မ ၄၄ စစ်ကြောင်းကို​ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရာ စစ်သား အယောက် ၄၀ ကျော်သေဆုံးခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF က ထုတ်ပြန်ထားပါတယ်။
Read More

သင်တန်းသား၊ သင်တန်းသူ ၈၂၂ ဦး တက်ရောက်ခဲ့သည့် TNLA ၏ အပတ်စဉ် (၆၇) စစ်ရေးသင်တန်း၏ သင်တန်းဆင်းပွဲ

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ အပတ်စဉ် (၆၇) စစ်ရေးသင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းဒေသတစ်နေရာမှာ ပြီးခဲ့တဲ့ ဇွန်လ (၆) ရက်က ပြုလုပ်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံအနှံ့ ဗုံးကြဲနေသည့် စစ်ကောင်စီ အပစ်ရပ် ၁ လ သက်တမ်းတိုးကြောင်း ဟန်ပြထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီဟာ ငလျင်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ အပစ်ရပ်ကာလကို မေ ၆ ရက်ကနေ ၃၁ ရက်အထိ ၁ လ သက်တမ်းတိုးကြောင်း ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်တပ် မြန်မာ့နိုင်ငံရေးမှ ထွက်ရေးဆိုတဲ့ တောင်းဆိုမှုမျိုးဟာ မဖြစ်နိုင်ဘူးဟု ဒုဗိုလ်ချုပ်ကြီး ရာပြည့် ပြော

စစ်တပ်အနေနဲ့ မြန်မာ့နိုင်ငံရေးက ထွက်ရေးဆိုတဲ့ တောင်းဆိုမှုမျိုးတွေဟာ မဖြစ်နိုင်ဘူးလို့ အာဏာသိမ်းစစ်တပ်ရဲ့ အမည်ခံ ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ပါဝင်ဦးဆောင်နေတဲ့ (NSPNC) ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားလိုက်ပါတယ်။
Read More

နောင်လာနောက်သားတွေအတွက် ဆိုးကျိုးတွေပဲ ဖြစ်စေနိုင်မယ့် ဘိန်းခင်းတွေကို CDF Civic Defense Militia – CDM-Siyin တပ်ဖွဲ့ ဖျက်ဆီးရှင်းလင်း

ချင်းပြည် (Chinland) ၊  Siyin ဒေသမှာ စီးပွားရေးသမားတွေရဲ့ သွေးထိုးမှုနဲ့ စိုက်ပျိုးထားတဲ့ ဘိန်းခင်းတွေကို ဒီဇင်ဘာလ ၁၉ရက်နေ့က  ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း CDF Civic Defense Militia - CDM-Siyin တပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။