စစ်အာဏာရှင်စနစ် နဲ့ အာဏာရှင်မှန်သမျှ အမြစ်ပြတ်သည်အထိ တိုင်းရင်းသားညီနောင်တွေ တော်လှန်ရေး အင်အားစုတွေနဲ့ အတူ လက်တွဲပြီး အဆုံးတိုင် ချီတက်သွားမယ်လို့ သန္နိဋ္ဌာန်ပြုလိုက်တဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဒီကနေ့ကျရောက်တဲ့ (၇၈) နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားတွေကို NUG က ပေးပို့တဲ့သဝဏ်လွှာမှာ အခုလိုဖော်ပြထားတာပါ။

တိုင်းရင်းသားပြည်သူများအားလုံး အကြမ်းဖက်စစ်အုပ်စု ရဲ့ ဖိနှိပ်ချုပ်ချယ်မှုအပေါင်းက အပြီးတိုင် လွတ်မြောက်ပြီးတရားမျှတခြင်း၊ လွတ်လပ်ခြင်း နဲ့တန်းတူညီမျှခြင်းဟူသည့် ဖက်ဒရယ် ဒီမိုကရေစီ အနှစ်သာရတွေ ပြည့်ဝတဲ့ နိုင်ငံတော်သစ်ကို အမြန်ဆုံး ထူထောင်နိုင်ကြပါစေလို့လည်း NUG ကဆုတောင်းမေတ္တာ ပို့သခဲ့ပါတယ် ။

မြန်မာနိုင်ငံဟာ  နယ်ချဲ့တို့ရဲ့ ကျူးကျော်သိမ်းပိုက်မှုကြောင့် နှစ်ပေါင်း (၆၀) ကျော် (၁၀၀) နီးပါး သူ့ကျွန်ဘဝ ကျရောက်ခဲ့ရ‌ ပေမဲ့လည်း လွတ်လပ်မှုကို မြတ်နိုးတဲ့  တောင်တန်းပြည်မ တိုင်းရင်းသား ပြည်သူအားလုံးရဲ့ စည်းလုံးညီညွတ်တဲ့ တော်လှန်စစ်နဲ့ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် မနက် ၄ နာရီ ၂၀ မိနစ်အချိန်မှာ  အချုပ်အခြာအာဏာပိုင် လွတ်လပ်တဲ့နိုင်ငံအဖြစ်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်လို့လည်း သဝဏ်လွှာမှာဖော်ပြထားပါတယ်။

အခုလို သမိုင်းဝင်မော်ကွန်းကမ္ပည်း နဲ့ အညီ လွတ်လပ်ရေးကို အရယူပေးခဲ့ကြ‌ပေမယ့်လည်း အာဏာမက်မောတဲ့ စစ်ခေါင်းဆောင်တွေရဲ့  ခေတ်အဆက်ဆက် မတရားအာဏာလုယူမှုတွေကြောင့် ပြည်သူတွေဟာ  စစ်ကျွန်ဘဝကို ထပ်ဖန် တလဲလဲ ကျရောက်ခဲ့ရတယ်လို့ NUG က ဆိုပါတယ် ။

ဒီနေ့ဆင်နွှဲနေတဲ့  နွေဦးတော်လှန်ရေး (၅) နှစ်နီးပါး ကာလအတွင်း ပြည်သူလူထုတစ်ရပ်လုံးရဲ့ စုစည်းညီညွတ်မှုနဲ့ အရှိန်အဟုန်မြင့်တိုးတက်လာခဲ့လို့ အခုအခါ အားတက်ဖွယ်ရာ တိုးတက်မှုတွေကို လက်တွေ့မြင်တွေ့နေရပြီလို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

အထူးသဖြင့် ဒေသအခြေပြု တပ်ပေါင်းစုတွေကို ခိုင်မာစွာဖွဲ့စည်းနိုင်တာ၊ ဒေသအလိုက် ဖက်ဒရယ်ယူနစ် ကြားကာလအစီအမံတွေကို အကောင်အထည်ဖော်ကာ  ဖက်ဒရယ်ယူနစ်အစိုးရတွေ ကို စနစ်တကျ ဖွဲ့စည်းတည်ထောင်နိုင်တာဟာ  ပြည်သူအားလုံး မျှော်မှန်းတဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်အတွက် ခိုင်မာတဲ့ အုတ်မြစ်ချတည်ဆောက်နိုင်တာလို့လည်း NUG ကဆိုပါတယ်။

ဒါ့အပြင် စစ်ရေးအရ ပိုမိုထိရောက်ပြီး ဟန်ချက်ညီတဲ့ တစ်ခုတည်းသောကွပ်ကဲမှု ကို ဖော်ဆောင်နိုင်တာဟာ နွေဦးတော်လှန်ရေးကို အောင်ပွဲဆီ အလျှင်အမြန် ပို့ဆောင်ပေးတဲ့ပြည်သူ့နွေဦးတော်လှန်ရေးရဲ့ တိုးတက်မှုတွေဖြစ်တယ်လို့ NUG ကဆိုပါတယ် ။

ယခုရရှိထားသော တော်လှန်ရေး အလားအလာကောင်းတွေကို(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့မှသည် အနာဂတ်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီ အတူတကွ တည်ဆောက်နိုင်ပါစေကြောင်း လေးနက်စွာ မျှော်ရည်မှန်းပြီး သဝဏ်လွှာကို ပေးပို့လိုက်တယ်လို့ NUG ကဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်းမြို့အဝင်ရှိ စစ်အုပ်စု ငွေညှစ်ရာဂိတ်ကို ယူနီကွန်းပြောက်ကျား-UGF က သေနတ်မဖောက်ရဘဲ သိမ်းပိုက်ရရှိ…

"ကျနော်တို့သွားပစ်တော့ သူတို့စစ်ကိုင်းဘက်ထွက်ပြေးသွားတယ်။ အဲ့နောက် အင်အားဖြည့်ပြီး ပြန်ထိုးလာပါတယ်။ အဲ့မှာ ဆုတ်တဲ့အချိန်လက်နက်ကြီးပစ်တာမှာ အီနာဂါတွေပါပါတယ်။ အရပ်သားသေတဲ့သတင်းတော့မကြားသေးဘူး။ဆေးရုံတော့ပို့ရတယ်။ "လို့ ယူနီကွန်းပြောက်ကျား တပ်ဖွဲ့-UGFတာဝန်ရှိသူက ပြောပါတယ်။
Read More

ဝက်လက်နယ် ရှိန်းမကားတွင် အရပ်သား ၁၀ဦးထက်မနည်းကို စစ်ကောင်စီမှ သေနတ်ပစ်ခတ်ဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စစ်ကိုင်း- မြစ်ကြီးနား အမှတ် (၃) လမ်းပေါ်မှာ အရပ်သား ၁၀ယောက်ထက်မနည်း စစ်​ကောင်စီတပ်ရဲ့ ပစ်ခတ် ဖမ်းဆီးခြင်း ခံထားရကြောင်း ဝက်လက်မြို့နယ် ရွာဇော်ကြီးများအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ ဝါဒဖြန့်အဖွဲ့ခေါင်းဆောင် ဇော်မင်းထွန်း နှင့် ရုပ်ရှင်သရုပ်ဆောင်တချို့ကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က စည်သူဘွဲ့ပေးအပ်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူနဲ့သူ့ရဲ့အကြမ်းဖက်စစ်တပ်အတွက် ဝါဒဖြန့်နေသူ ဇော်မင်းထွန်း နဲ့ ရုပ်ရှင်သရုပ်ဆောင်တချို့ကို ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ် တွေ ပေးအပ်လိုက်တယ်လို့ သိရပါတယ်။
Read More

နွားထိုးကြီးတွင် ရိက္ခာရှာထွက်သည့် စစ်သားများ ပစ်ခတ်ခံရပြီး ၃ ဦး သေ၊ ညောင်ဦးတွင်လည်း တရားရုံးသွားမည့် ရဲတပ်ဖွဲ့ဝင်၂ ဦး လမ်းတွင် ပစ်သတ်ခံရ

မန္တလေးတိုင်း၊ နွားထိုးကြီးနဲ့ ညောင်ဦးမြို့နယ်တို့မှာ ရဲစခန်းက ထွက်လာတဲ့ စစ်အုပ်စုတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၅ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

၁၂ နာရီကြာဖြစ်ပွားခဲ့သည့် ထားဝယ်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၂၀ ဦးထက်မနည်း သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ၁၂ နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကော်မရှင်တပ်သား ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

နတ်ရေကန်ဂိတ်မှ ခြေလျင်ထွက်လာသည့် စစ်သားများ မိုင်းဆွဲခံရပြီး ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ဂိတ်ကနေ ခြေလျင်ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်မှုတွေရှိခဲ့တယ်လို့ People’s Defence Force – South Monywa တပ်ဖွဲ့ထံက သိရပါတယ်။