စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲက မီးဘေးသင့်ဒဏ် ခံစားနေရတဲ့ သက်ကြီးရွယ်အိုတွေ၊  ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးသူငယ်တွေအတွက် ခရစ္စမတ်နဲ့ နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ခြုံစောင်နဲ့ ခြင်ထောင်တွေ လှူဒါန်းနိုင်ခဲ့တယ်လို့ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ့ထောက်ပံ့ရေး (NGO) ထံမှ သိရပါတယ်။ 

လှူဒါန်းမှုတွေကို ပြည်တွင်းပြည်ပအလှူရှင်တွေရဲ့ စေတနာ မေတ္တာတွေကို အကောင်အထည်ဖော်တဲ့အနေနဲ့ အလှူရှင်တွေ ကိုယ်စား “ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ့ထောက်ပံ့ရေး (NGO)” ကနေ ကွင်းဆင်းလှူဒါန်းတာတွေ ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။  

လှူဒါန်းမှုတွေကို ဒီဇင်ဘာလ (၂၅) ရက် ခရစ္စမတ်နေ့နဲ့ ဇန်နဝါရီလ (၁) ရက် နှစ်သစ်ကူးနေ့တွေမှာ (၂) ကြိမ်တိုလှူဒါန်းမှုပြုခဲ့တာလို့ဆိုပါတယ်။

အလှူရှင်တွေကိုယ်စား အဖွဲ့တာဝန်ခံကိုယ်တိုင် မီးဘေးသင့်ပြည်သူတွေထံကို သွားရောက်ပြီး အအေးဒဏ်ကာကွယ်နိုင်ဖို့ ခြုံစောင်တွေနဲ့ ခြင်ထောင်တွေကို လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

အရေးပေါ် အကာအကွယ်အလိုအပ်ဆုံးဖြစ်တဲ့ သက်ကြီးရွယ်အို အဘိုးအဘွားတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးသူငယ်တွေကို အဓိကဦးစားပေးကာ လှူဒါန်းမှု ပြုလုပ်ခဲ့တာဖြစ်ပြီး ဆောင်းရာသီကာလအတွင်း မီးဘေးသင့်ပြည်သူတွေရဲ့ အခက်အခဲကို တစ်ဖက်တစ်လမ်းကနေ သက်သာစေဖို့ ရည်ရွယ်ဆောင်ရွက်တာ ဖြစ်တယ်လို့ သိရပါတယ်။ 

ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ့ထောက်ပံ့ရေး (NGO) အနေနဲ့ လက်ရှိမှာ အလှူရှင်တွေရဲ့  ပံ့ပိုးမှုကြောင့်  အချို့မိသားစုတွေကို ကူညီနိုင်ခဲ့ပေမယ့် ကျန်ရှိနေသေးတဲ့ မီးဘေးသင့် ပြည်သူတွေအတွက် ခြုံစောင်နဲ့ ခြင်ထောင်တွေ ဆက်လက်လိုအပ်နေတာဖြစ်တာကြောင် လှုဒါန်းလိုသူတွေအနေနဲ့ t.me/generationz122021 ကို တိုက်ရိုက်ဆက်သွယ်ကာ လှူဒါန်းနိုင်ကြောင်းကိုလည်း အသိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

တီးတိန်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် လက်နက် ၁ လက်နဲ့ အလင်းဝင်လာ… (ဓာတ်ပုံသတင်း)

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ စစ်ကောင်စီရဲ့ လက်အောက် တာဝန်ထမ်းဆောင်နေတဲ့ စစ်သား ၂ ယောက်နဲ့ ရဲ ၂ ယောက် အလင်းဝင်လာတယ်လို့ CDF - CDM - Siyin က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ကလေးဝမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အသက် ၈ နှစ်အရွယ် ကလေး ၁ ယောက် သေဆုံး၊ ၂ ယောက် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက် ၈နှစ်အရွယ် ကလေး၁ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကလေးခရိုင်ပကဖ တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

ကျောက်တံခါးမြို့နယ်၊ ဆင်ရိုးခင်ကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ ထုတ်ပြန်

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဆင်ရိုးခင်ကျေးရွာက အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ  ၃ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက  ထုတ်ပြန်ထားပါတယ်။
Read More

ဒီးမော့ဆိုအနောက်ခြမ်း စစ်ရှောင်ပြည်သူများ သောက်သုံးရေနှင့် စားနပ်ရိက္ခာအကူအညီများ လိုအပ်နေ

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင် ပြည်သူတွေဟာ သောက်သုံးရေ၊ ဆန်နဲ့ ရိက္ခာအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ Jobs For Kayah ထံက သိရပါတယ်။
Read More

စစ်ကောင်စီကို တိုက်ခိုက်နေသည့် NUG ၊ EAO နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့ အားလုံးကို နည်းပညာပိုင်းအရ ကူညီရန် အသင့်ရှိကြောင်း Federal Wings ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAO) တွေနဲ့ ဒေသတွင်း(Local) လက်နက်ကိုင်တပ်ဖွဲ့ အားလုံးကို နည်းပညာပိုင်းအရ ကူညီဖို့ အသင့်ရှိတယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ဒီနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မိုင်းရှင်းဖို့ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းခွဲခံရပြီး ၁ ယောက်သေ၊ ၃ ယောက် ဒဏ်ရာပြင်းထန်

စစ်ကိုင်းတိုင်း၊မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ မိုင်းရှင်းလင်းရေးပြုလုပ်ဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို မုံရွာခရိုင် အမှတ် (၁၁) တပ်ရင်းက မိုင်ထောင်ဖောက်ခွဲခဲ့လို့ အကြမ်းဖက်စစ်သားတစ်ယောက်သေဆုံးပြီး သုံးယောက်အပြင်းအထန် ဒဏ်ရာတွေရရှိသွားတယ်လို့ သိရပါတယ်။