ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ဇန်နဝါရီလ ၃ ရက်နေ့ ညပိုင်းက တိုက်ပွဲဖြစ်ပွားပြီး စစ်ကော်မရှင်တပ်သား၂ ယောက် အရှင်ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က မောင်းကို ပြောပါတယ်။

ဖလမ်းမြို့ အနောက်မြောက်ဘက် ခွန်လီကျေးရွာက ဖလမ်းမြို့ ကို စစ်ကော်မရှင် အင်အား ၄၀၀ နီးပါးနဲ့ စစ်ကြောင်းထိုးဖို့ ကြိုးစားလာရာ နှစ်ဖက်ထိတွေ့မှု ဖြစ်ခဲ့တာလို့ သိရပါတယ်။

“အခုထိတွေ့မှုဖြစ်တဲ့စစ်ကြောင်းက ကလေးမြောက်ပိုင်းကနေ သိုင်ငင်းဘက်ဖြတ်ပြီး ဖလမ်းအရှေ့ကနေအနောက်မြောက် ဘက်ကို ရောက်လာတာ ခွန်းလီရွာမှာ ရောက်နေတာ ရောက်တာကြာပြီ အဲ့တာထိတွေ့မှုဖြစ်တာပါ” လို့ ဆလိုင်းတင်မီထွဋ်က ပြောပါတယ်။

ဇန်နဝါရီလ ၃ရက်နေ့ည တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က ထိခိုက်သေ​ဆုံးမှုတွေရှိခဲ့ပြီး ၂ ယောက်ကို အရှင်ဖမ်းဆီးရမိထားသလို RPG ၁ လက်၊ MA-1 ၁ လက်၊ MA-4 ၃ လက်၊ MA-2 ၂ လက်၊ ၆၀ မမ ပြောင်းတို (၁) လက်နဲ့ အခြားစစ်သုံးပစ္စည်းအချို့ကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ လောက်ကစလို့ အကြမ်းဖက်စစ်တပ်ဟာ ချင်းကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတဲ့ ဖလမ်းမြို့မှာ ရွေးကောက်ပွဲအတု လုပ်ဆောင်နိုင်ဖို့အတွက် စစ်ကြောင်းတွေ ခွဲထိုးနေတာလည်းဖြစ်ပါတယ်။

CNDF မှ ဖမ်းဆီး သိမ်းဆည်းရမိသည့် သုံ့ပန်းများနှင့် လက်နက်များ

အကြမ်းဖက်စစ်ကြောင်းတွေဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ဘက်ကတဆင့် သိုင်ငင်းရွာကိုဖြတ်ပြီး ဖလမ်းမြို့ အနောက်မြောက်ဘက်ကို ဝင်ရောက်ခဲ့သလို ကလေးမြို့တောင်ပိုင်းကနေ ဝေဘူလမြို့ကိုဖြတ်ရင်း ဖလမ်း​ မြို့တောင်ဘက်ပိုင်းကိုလည်းအင်အား၂၀၀ ကနေ ၃၀၀ ကြားအသုံးပြုပြီးဝင်ရောက်နေတာလို့သိရပါတယ်။

” အဓိကကတော့ ဖလမ်းမှာ ရွေးကောက်ပွဲ လုပ်ချင်တယ်နောက်ပြီး ချင်းပြည်မြောက်ပိုင်းမှာ သူတို့ဆုံးရှုံးထားတဲ့မြို့ဆိုလို့ ဖလမ်းပဲရှိတယ် ဖလမ်းက ပထဝီအနေအထားအရ အဓိကကျတော့ ဒီကနေ ချင်းပြည်အလယ်ပိုင်းနေရာတွေအထိစိုးမိုးနိုင်ဖို့ဆိုပြီးထိုးနေတာပါ” လို့ ဆလိုင်းတင်မီထွဋ်က ပြောပါတယ်။

လမ်းပန်းဆက်သွယ်​ရေးနဲ့ စစ်ရေးအရေးပါတဲ့ ဖလမ်းမြို့ကို ပြန်လည်ရရှိရေးအတွက် စစ်အုပ်စုကအင်အားအလုံးရင်းသုံးပြီးစစ်ကြောင်းတွေထိုးနေပေမယ့်လည်း ချင်းကာကွယ်ရေးတပ်တွေရဲ့ ခုခံတိုက်ခိုက်မှုတွေကြောင့် နေ့စဥ်နဲ့အမျှ ထိတွေ့တိုက်ပွဲတွေရှိနေ​ကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျောင်းသားများကို ဗုံးကြဲသတ်သည့် မြန်မာစစ်တပ်ကို ICC တွင် တရားစွဲရန် လိုအပ်ကြောင်း APHR ပြော

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသူကျောင်းသားတွေ သေဆုံးခဲ့တဲ့ဖြစ်စဥ်အတွက် လက်သည်တရားခံ စစ်ကော်မရှင်ကို နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) မှာ တရားစွဲဖို့လိုအပ်ကြောင်း အာဆီယံလွှတ်တော်ကိုယ်စားလှယ်များ လူ့အခွင့်အရေးကာကွယ်ရေးအဖွဲ့ (APHR) က ထုတ်ပြန်ပါတယ်။
Read More

ဆစ်ဒနီမှာ တော်လှန်အနုပညာရှင် ဖြူဖြူ တစ်ကိုယ်တော်ဖျော်ဖြေပွဲ ကျင်းပမည်

ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ တော်လှန်အနုပညာရှင် တစ်ယောက်ဖြစ်သူ ဖြူဖြူကျော်သိန်းက တစ်ကိုယ်တော်ဖျော်ဖြေပွဲ ကျင်းပသွားမယ်လို့ သိရပါတယ်။
Read More

စစ်အုပ်စုက ဒေသခံပြည်သူ ၄ ဦးကိုလူသားဒိုင်းအဖြစ်ဖမ်းဆီးပြီး ကိုယ်လက်အင်္ဂါများဖြတ်တောက်

“သူတို့ဘယ်လို ဖမ်းဆီးခံလိုက်ရလဲတော့ သေချာမသိပါဘူး၊ သူတို့ရွာ နဲ့ ကပစ ၂၄ က နီးတယ်၊ စစ်ကြောင်းရွာထဲကို ရုတ်တရက်ဝင်လာချိန် အဖမ်းခံလိုက်ရတာနဲ့ တောင်ယာလုပ်ရင်း အဖမ်းခံရတာ အဲ ၂ ခုထဲက တစ်ခုခုပါပဲ” လို့ မကွေးတိုင်း ပကဖ ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

စစ်ကော်မရှင်၏ ရွေးကော်အဖွဲ့ဝင်များကို အကြမ်းဖက်သမားများအဖြစ် NUG ကြေညာ

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်ကော်မရှင်အဖွဲ့ဝင်တွေကို အကြမ်းဖက်သမားတွေအဖြစ် ထုတ်ပြန်ကြေညာခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ၂၅ ယောက်ကိုလည်း အကြမ်းဖက်သမားတွေအဖြစ် ကြေညာလိုက်ပါတယ်။
Read More

အဖြေလွှာများ မီးလောင်မှုကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုခိုင်းမည့်ကိစ္စဟာ တာဝန်ယူမှုမရှိသည့် ဖြေရှင်းချက်ဟု ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ထုတ်ပြန်

ပြီးခဲ့တဲ့ ဖျက်အားပြင်း ငလျင်ကြောင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အဖြေလွှာတွေ ပျက်စီးခဲ့မှုအပေါ် စာမေးပွဲပြန်လည်ဖြေဆိုခိုင်းတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ တာဝန်ယူမှုမရှိတဲ့ဖြေရှင်းချက် ဖြစ်တယ်လို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်၊ ၃ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းအချို့ ရရှိ

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကယန်းအမျိုးသားတပ်မတော်(KNA)တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ ယောက်ထက်မနည်း သေဆုံးကာ သေနတ် ၂လက်နဲ့ ခဲယမ်းတွေ ရရှိခဲ့တယ်လို့ ကယန်းအမျိုးသားတပ်မတော်(KNA) က ထုတ်ပြန်ပါတယ်။