မန္တလေးတိုင်း ညောင်ဦးမြို့နယ်အတွင်း ‌တော်လှန်ရေးကို ပုံရိပ်ကျစေတဲ့ PDF အမည်ခံပြီး ဓားပြတိုက်ပြန်ပေးဆွဲနေတဲ့ အဖွဲ့တွေကို အရေးယူသွားမယ်လို့ ပုဂံပြည်ဘီလူးတပ်ဖွဲ့ တာဝန်ခံ ရဲဘော် ကိုဇီးက ပြောပါတယ်။

၂၀၂၅ ခုနှစ်အတွင်း ညောင်ဦးမြို့နယ်မှာ စစ်ရေးအရှိန်မြင့်ကာ အကြမ်းဖက်စစ်တပ် လက်ပါးစေတွေကို ရှင်းလင်းခဲ့ပြီး နယ်မြေအချို့ကို စိုးမိုးနိုင်ခဲ့သလို တပ်ဖွဲ့ရဲ့ ရဲဘော် ၆ ယောက်လည်း ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

၂၀၂၆ ခုနှစ်အတွင်းမှာလည်း တော်လှန်ရေးအောင်မြင်ဖို့အတွက် တတ်စွမ်းသမျှ ကြိုးစားသွားမှာဖြစ်ပြီး ညောင်ဦးမြို့နယ်အတွင်း တော်လှန်ရေးကျရိပ်ကျဆင်းစေတဲ့ PDF အမည်ခံ ဓားပြတိုက် ပြန်ပေးဆွဲ၊ ပြည်သူ ကို အနိုင်ကျင့်နေတဲ့ အဖွဲ့အစည်းတွေကိုလည်း အရေးယူသွားမယ်လို့ ဆိုပါတယ်။

”ကျွန်တော်အနေနဲ့ ၂၀၂၆ ကတော့ စိန်ခေါ်မှုတွေ အများကြီးနဲ့ ရင်ဆိုင်ရမယ့် နှစ်တစ်နှစ်ပေါ့နော် ၂၀၂၅ မှာ စစ်‌ကောင်စီကို တတ်နိုင်သမျှ တော်လှန်ချေမှုန်းမယ်လို့ ပြောခဲ့သလို ၂၀၂၆ မှာတော့ အလုပ်တစ်ခုပိုလာပါတယ် ညောင်ဦးမြို့နယ်အတွင်းမှာ တော်လှန်ရေးကို ပုံရိပ်ကျစေတဲ့ PDF အမည်ခံပြီးတော့ ဓားပြတိုက်ပြန်ပေးဆွဲနေတဲ့ အဖွဲ့အစည်းတွေကို ကျွန်တော်တို့ အနေနဲ့ ထိထိ ရောက်ရောက်အရေးယူဆောင်ရွက်မယ်ဆိုတဲ့ အလုပ်တစ်ခုတိုးလာပါတယ်” လို့ ကိုဇီးက ဆိုပါ တယ်။

အဲ့ဒီ အမည်ခံအဖွဲ့အစည်းတွေကို အမြန်ဆုံးဖမ်းဆီးအရေးယူသွားမှာပြီး ညောင်ဦးမြို့နယ်အတွင်း စစ်ကော်မရှင်ကို တကယ်တော်လှန်ရေးမယ့် ဘယ်အဖွဲ့အစည်းမဆို ပူးပေါင်းဖို့လည်း ဖိတ်ခေါ်ခဲ့ပါတယ်။

Video – Bagan Ogre Force

0 Shares:
You May Also Like
Read More

ဇဂျမ်းတိုက်နယ်ရဲစခန်းကို တော်လှန်ရေးတပ်တွေ မြေပြင်ဝေဟင် စီးနင်းတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း တောင်သာမြို့နယ် ဇဂျမ်းတိုက်နယ်ရဲစခန်းကို ဒီဇင်ဘာ ၃၁ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်းထံက သိရပါတယ်။
Read More

ယနေ့မနက် နမ္မတူမြို့ အရပ်သားများနေထိုင်ရာ ရပ်ကွက်အတွင်း စစ်ကော်မရှင် လေကြောင်းဗုံးကြဲ (ရုပ်/သံ)

ရှမ်းပြည်နယ်၊ နမ္မတူမြို့ လူနေရပ်ကွက်အတွင်း စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျောက်တံခါးမြို့နယ် ရှေ့တန်းစစ်မြေပြင်တွင် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးထိမှန် ကျဆုံးခဲ့သည့် ရဲဘော် ဝေကြီး စျာပန (ရုပ်/သံ)

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးထိမှန်ကျဆုံးခဲ့ရတဲ့ ရဲဘော် ဝေကြီးရဲ့  နာရေးစျာပနကျင်းပပြုလုပ်ခဲ့တယ်လို့ Spring Warriors Column က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေကြောင်းအတွင်း ရိက္ခာနဲ့ လူသယ်ယူပို့ဆောင်နေတဲ့ စစ်သင်္ဘောတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့မှတ်တမ်းရုပ်သံဖိုင် T5 Wings ထုတ်ပြန်

ရိက္ခာနဲ့ လူသယ်ယူပို့ဆောင်ပေးနေတဲ့ စစ်ကောင်စီရဲ့ စစ်သင်္ဘောတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ မှတ်တမ်းရုပ်သံဖိုင်တစ်ခုကို T5 Wings မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

လေးကေ့ကော်အနီး အကြမ်းဖက်စစ်တပ်ရဲ့ စွယ်တော်ကုန်းလက်နက်ကြီးဗျူဟာစစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့သော်မြို့သစ်အနီးမှာရှိတဲ့ အကြမ်းဖက်စစ်တပ် စွယ်တော်ကုန်း လက်နက်ကြီးဗျူဟာစခန်းကို စက်တင်ဘာ ၁၇ ရက် မနက်ပိုင်းက KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို Federal Wings မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

ချင်းမိုင်မှာ ပြုလုပ်မယ့် စစ်ဘေးရှောင်ရန်ပုံငွေရုပ်ရှင်ပြပွဲ လာရောက်အားပေးကြဖို့ ဒေါင်း ဖိတ်ခေါ် (ရုပ်/သံ)

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်မယ့် စစ်ဘေးရှောင်ရန်ပုံငွေရုပ်ရှင်ပြပွဲကို တော်လှန်ပြည်သူတွေ လာရောက်အားပေးကြဖို့ တော်လှန်အနုပညာရှင် ဒေါင်းက ဖိတ်ခေါ်လိုက်ပါတယ်။