နေပြည်တော်၊ လယ်ဝေးမြို့နယ်ကိုစစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က အယောက်၂၀ ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့ (Myaylatt Bamar Defense Force) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့က လယ်​ဝေးမြို့နယ်၊ ကုန်းသာရွာ စစ်တပ်ဂိတ်ဆီ အင်အားဖြည့်ဖို့ လာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ကိုးပင် – သာဂရလမ်းပိုင်းမှာ စတင်ထိတွေ့ခဲ့တယ်လို့သိရပါတယ်။

“တိုက်ပွဲက ၁၂ လပိုင်း ၅ ရက်နေ့က ဖြစ်ခဲ့တာပါ တစ်ရက်ထဲ၂ ကြိမ် ဖြစ်တာပါ  လက်ရှိအချိန်ထိရန်သူ့စစ်ကြောင်းနဲ့အခြေအနေကတင်းမာနေဆဲပါ သူတို့ဘက်ကလာတာ နေပြည်တော်တိုင်းလက်အောက်ခံတပ်တွေလို့ယူဆရပါတယ်” လို့ မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့   တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့ဝင်များ

နေပြည်တော်တိုင်းလက်အောက်ခံတပ်တွေပါတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ အင်အား ၁၀၀ ကျော်လိုက်ပါလာတာဖြစ်ပြီး ကိုးပင်-သာဂရလမ်းပိုင်းက သစ်ပုတ်ပင်ရွာနားအရောက်မှာ လက်ဦးမှုရယူပြီးတိုက်ခိုက်နိုင်ခဲ့တာလို့ မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သားသုံးယောက် မျက်မြင်သေဆုံးပြီး နေရာကနေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ နေ့လယ်ပိုင်းမှာ သစ်ပုတ်ပင်ရွာထဲကထွက်ခွာလာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့တော်လှန်ရေးတပ်တွေ ထိတွေ့မှုထပ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ကင်းပုန်းဝပ်နေတဲ့ ရွာအရှေ့ဘက် စီးကိုင်းကြိုးလမ်းပေါက်အနီးကို အကြမ်းဖက်စစ်ကြောင်း ရောက်ရှိလာချိန်မှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်အုပ်စုဘက်အယောက် ၂၀ ထက်မနည်း သေဆုံးအောင် ချေမှုန်းနိုင်ခဲ့တယ်လို့လည်း Myaylatt Bamar Defense Force  တာဝန်ရှိသူက ပြောပါတယ်။

မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့ (Myaylatt Bamar Defense Force) ကတော့ စစ်အာဏာရှင်အမြစ်ပြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီအရေးတွေအတွက် လူထုနဲ့တသားတည်းရပ်တည် တိုက်ပွဲဝင်သွားမယ်လို့လည်း​ ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ပွင့်ဖြူတွင် စစ်ရှောင်ပြည်သူများ ပြန်လည်နေထိုင်ရန် PDF များ နယ်မြေရှင်းလင်းရေး ပြုလုပ်ပေးခဲ့

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးပြီး ပြန်လည်ဆုတ်ခွာသွားချိန် စစ်ရှောင်ပြည်သူတွေ ပြန်လည်နေထိုင်နိုင်ရေးအတွက် နယ်မြေရှင်းလင်းရေး ပြုလုပ်ပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖလမ်းမြို့တိုက်ပွဲအတွင်း CDF- Matupi မှ စစ်ဦးစီးဌာနမှူးကျဆုံး

"တိုက်ပွဲပြင်းထန်နေတဲ့အချိန်မှာ လက်နက်ငယ်ထိပြီး ကျသွားတာပါ၊ dead body ကို ချက်ချင်းကျနော်တို့မကောက်နိုင်ပေမဲ့ ၄၊ ၅ မိနစ်လောက်တော့ ပစ်ခတ်အပြီး၊ ရန်သူဘက်မှပြန်ဆုတ်အသွားမှာ ကျနော်တို့ပြန်ကောက်နိုင်တာ" လို့ Chinland Defense Force - Matupi မှ တာဝန်ရှိသူတစ်ယောက်က မောင်းကိုပြောပါတယ်။
Read More

မိုးဗြဲမြို့တွင် စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၂၀ ကျော်အရွယ် အရပ်သားတစ်ဦး သေဆုံး

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ် လက်နက်ကြီး ​ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ Mobye Local PDF က မနေ့က ထုတ်ပြန်ပါတယ်။
Read More

လက်နက်ထောက်ပံ့ပြီး စစ်ရေးအတွေ့အကြုံပေးသည့် AA နှင့် ပထမဆုံး စစ်သင်တန်းတွင် ပညာသင်ကြားပေးခဲ့သည့် CDF-Mindat ကို ကျေးဇူးတင်ကြောင်း ချင်းတပ် CDF-Daai ပြော

လက်နက်အထောက်အပံ့နဲ့ စစ်ရေးအတွေ့အကြုံတွေ ပေးတဲ့ အာရက္ခတပ်တော် AA နဲ့ ပထမဆုံး စစ်သင်တန်းမှာ ပညာသင်ကြားပေးခဲ့တဲ့ CDF-Mindat ကို ကျေးဇူးတင်ကြောင်း ချင်းတော်လှန်ရေးတပ်တစ်ဖွဲ့ဖြစ်တဲ့ CDF-Daai က တပ်တည်ထောင်ခြင်း ၄ နှစ်ပြည့်နေ့ စက်တင်ဘာလ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုမြို့နယ်သပိတ်အင်အားစု၏ အထွေထွေစာအုပ် ၁၀၀ ကျော် ပါဝင်သည့်  ရွေ့လျားစာကြည့်တိုက် 

စစ်ကိုင်းတိုင်းအခြေစိုက် ရွှေဘိုမြို့နယ် သပိတ်အင်အားစုအနေနဲ့ ကျောင်းသားလူငယ်တွေနဲ့ တော်လှန်ပြည်သူတွေ လေ့လာဖတ်မှတ်နိုင်စေဖို့ ရည်ရွယ်ပြီး ရွေ့လျားစာကြည့်တိုက် ပြုလုပ်နေတယ်လို့ သိရပါတယ်။
Read More

KIA နှင့် TNLA ရှေ့ပြေးညှိနှိုင်းရေးများ စတင်နေပြီဟု ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် အသိပေး

ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA နဲ့ တအာင်းတပ်မတော် PSLF/TNLA တို့ နှစ်ဖွဲ့ဆွေးနွေးပွဲအတွက် ရှေ့ပြေးညှိနှိုင်းရေးတွေ စတင်နေပြီလို့ KIA ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် အသိပေးပြောကြားပါတယ်။