ဇန်နဝါရီ ၁ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ ဗမာ့တပ်တော် (B.A) ဖွဲ့စည်းတည်ထောင်ခြင်း အခမ်းအနား မှတ်တမ်းရုပ်သံကို ဗမာ့တပ်တော် – Bamar Army က ထုတ်ပြန်လိုက်ပါတယ်။

တပ်တော်ဖွဲ့စည်းခြင်း ၁ နှစ်ပြည့် အထိမ်းအမှတ် ပြည်သူ့လွတ်လပ်ရေးအဖွဲ့(PIO)၊ ယောတပ်တော်(YA)၊  ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)၊  ကယန်းအမျိုးသားတပ်မတော်(K.N.A)၊ 96 SOLDIERS-PDF၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)နဲ့ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) စတဲ့ မဟာမိတ်အဖွဲ့အစည်းများက ဂုဏ်ပြုသဝဏ်လွှာများ အသီးသီး ပေးပို့ခဲ့ကြပါတယ်။

Video – ဗမာ့တပ်တော် – Bamar Army

0 Shares:
You May Also Like
Read More

ဗမာ့တပ်တော် အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ရုပ်/သံ)

ဗမာ့တပ်တော် အမှတ် (၁) စစ်ဦးစီးကွပ်ကဲရေးဒေသ အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၃/၂၀၂၂၅) ကျမ်းသစ္စာကျိန်ဆိုခြင်းနဲ့ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့တယ်လို့ ဗမာ့တပ်တော် - Bamar Army က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပေါက်မြို့နယ်တောင်ပိုင်းရှိ ပျူစောထီးရွာတွေကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်။ သုံ့ပန်း ၃ ဦးနဲ့ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်/သံ)

မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းရှိ ဝန်ကျုံးရွာနဲ့ သစ်ချိုကုန်းရွာရှိ စစ်ကော်မရှင်လက်အောက်ခံ ပျူရွာတွေကို ဝင်ရောက်တိုက်ခိုက်ပြီး သုံ့ပန်း ၃ ဦးနဲ့ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ 8+ အညာမြေစစ်ဆင်ရေး အဖွဲ့က ဒီကနေ့သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်မှာ တော်လှန်ရေးတပ်များက ပေါက်မြို့နယ်တောင်ပိုင်းရှိ ပျူစောထီးတွေ ကြီးစိုးထားတဲ့ ဝန်ကျုံးရွာနဲ့ သစ်ချိုကုန်းကျေးရွာတွေကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။
Read More

BIMSTEC ကျင်းပရာ ဟော်တယ်အတွင်း ကျောင်းသားတစ်ဦး စစ်ခေါင်းဆောင်ကို မင်းအောင်လှိုင်ကို သွားရောက်ဆန္ဒပြ

ယနေ့ မတ်လ ၄ ရက် ညနေ ၄ နာရီခွဲခန့်က   “ပုန်း" (အမည်လွှဲ) လို့အမည်ရတဲ့ တက္ကသိုလ် ပထမနှစ်ကျောင်းသားတစ်ဦးဟာ BIMSTEC အစည်းအဝေး တက်ရောက်ဖို့ ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်နေတဲ့ ဘန်ကောက်မြို့၊ ရှန်ဂရီလာဟိုတယ်မှာ သွားရောက်ဆန္ဒပြခဲ့ပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် ရတခ လက်အောက်ခံ ခမရ(၃၃၈) တပ်သား ထက်မြဝင်း၏ ပြောကြားချက် (ရုပ်/သံ)

''ဘာ‌ကြောင့်အလင်းဝင်လာလဲဆိုတော့ သူတို့ စိုးမိုးမှုအောက် မနေချင်လို့။ သူတို့လှမ်းမယ့် လမ်း ကြောင်းတစ်ခုအတွက် ကျနော်တို့ကို လမ်းခင်းပြီးသွားတဲ့  ပုံစံမျိုး။ ပေါ်တာဆွဲတယ် ညှင်းပန်း နှိပ်စက်ခံရတယ်ဆိုလည်း ပြည်သူလူထုပဲ။ သူဘာသူအပြင်မှာနေနေတဲ့ မိသားစုဘဝလေးတွေလည်း ပျက်စီးခဲ့ရတယ်'' 
Read More

မြိုင်မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တဲ့အတွက် ကလေးငယ် ၁ ယောက်အပါအဝင် ၂ ယောက်သေဆုံးကာ ၃ ယောက်ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ်အတွင်း စစ်ကောင်စီက ဂျက်ဖိုက်တာတွေ၊ စက်တပ်လေထီးယာဉ်တွေ နဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၁ ယောက်အပါအဝင် ၂ ယောက် သေဆုံးကာ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုမှ သတင်းထုတ်ပြန် ထားပါတယ်။
Read More

ကြေးနီတင်ယာဉ်နှင့် စစ်ကောင်စီလုံခြုံရေးယာဉ် စုစုပေါင်း ၅၆ စီးကို လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ ကြေးနီတင်ယာဉ်နဲ့ လုံခြုံရေးလိုက်ပါလာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘာမထီတော်လှန်‌ရေးတပ်ဖွဲ့ထံက သိရပါတယ်။