ကရင်ပြည်နယ် ဖာပွန်မြို့နယ် အကြမ်းဖက်စစ်တပ်ရဲ့ ကူးဆိပ်တပ်စခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Rebel Bees-UAV Force ဟာ မနေ့ကညပိုင်းက ထုတ်ပြန်လိုက်ပါတယ်။

မဟာမိတ်တွေနဲ့အတူ ပူးပေါင်းကာ စခန်းသိမ်းတိုက်ပွဲဆင်နွဲခဲ့တဲ့ မှတ်တမ်းတွေကိုလည်းတွေ့ရပါတယ်။

ကူးဆိပ်စခန်းကို KNLA ပူးပေါင်းတွေက ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၆ ရက်က စတင်တိုက်ခိုက်ခဲ့ပြီး ၉ ရက်နေ့မှာ အပြီးသတ်ပိုက်နိုင်ခဲ့တာပါ။

လက်နက်ကြီး၊ သေနတ်များနဲ့ ခဲယမ်းကျည်များ၊ ဆက်သွယ်ရေးလှိုင်းဖြတ်စက်(Jammer)သုံးခုကို သိမ်းဆည်းရရှိခဲ့တယ်လို့ဆိုပါတယ်။

Rebel Bees-UAV Force ရဲဘော်အားလုံးဟာ လူထုရဲ့ မျက်နှာတစ်ခုတည်းကို ရှေ့ရှုပြီး အင်အားတည်ဆောက်ရေးကတဆင့် လူထုလွတ်မြောက်ရေးအတွက် တိုက်ပွဲတွေ ဝင်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ်အတွင်း ပြည်သူလူထုအနေဖြင့် နည်းပေါင်းစုံသုံးပြီး ပံ့ပိုးကူညီခဲ့တာတွေကိုလည်း ကောင်းမွန်စွာ လက်ခံရရှိပါကြောင်းနဲ့ ပံ့ပိုးကူညီမှုတွေကို အလေအလွင့်မဖြစ်ရေးကို ပဓာနာထားပြီး စီမံဆောင်ရွက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကော်မရှင်ကျဆုံးတဲ့အထိ ဦးလှည့်မသုန်တိုက်ပွဲ ဝင်သွားမှာဖြစ်ကြောင်း Rebel Bees-UAV Force ကထုတ်ပြန်ထားပါတယ်။

Video – Rebel Bees-UAV Force

0 Shares:
You May Also Like
Read More

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲက ပြန်လာတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၆ ရဲဘော်တွေကို ပြည်သူလူထု ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲက ပြန်လာတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၆ ရဲဘော်တွေကို ဒီဇင်ဘာ ၂၂ ရက်မှာ ဒေသခံပြည်သူတွေက ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်သင်္ဘောနှင့် တွဲတွန်းသင်္ဘောအုပ်စုကို မိုင်းဖောက်ခွဲပြီး လက်နက်ငယ်များ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်သင်္ဘောနဲ့ တွဲတွန်းသင်္ဘောအုပ်စုကို ရှေ့ထွက်မိုင်းတွေ ဖောက်ခွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group (CFG) အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ရပ်ကျေးပလဖ ၂/၂၀၂၅ သင်တန်းဆင်းပွဲ ‌ကျင်းပပြီးစီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ရပ်/ကျေး ပလဖ ၂/၂၀၂၅ သင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၂၉ ရက်မှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

တိုက်ပွဲအတွင်း အရပ်သားများကို စစ်ကော်မရှင်တပ်က လူသားဒိုင်းပြုလုပ်နေသည့် ဗီဒီယိုဖိုင်ထွက်ပေါ်လာ (ရုပ်/သံ)

စစ်ကော်မရှင်စစ်ကြောင်းက အရပ်သားတွေကို ဖမ်းဆီးပြီး တိုက်ပွဲအတွင်း လူသားဒိုင်းကာပြုလုပ်နေတဲ့ ဗီဒီယိုဖိုင်ကို People's Defence Force-Meikhtila က ထုတ်ပြန်ခဲ့ပါတယ်။
Read More

ရခိုင်ကို စစ်ကူသွားတဲ့ စစ်ကြောင်း အမ်း-ပဒါန်းလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခံရ (ရုပ်/သံ)

အမ်း-ပဒါန်းလမ်းပိုင်းမှာ ရခိုင်ကို စစ်ကူသွားတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA Magway) က ထုတ်ပြန်ပါတယ်။
Read More

မင်းလှမြို့နယ်အတွင်း စစ်ကော်မရှင်ကပ်ထားသည့် မဲစာရင်းများကို မီးရှို့ရှင်းလင်း (ရုပ်/သံ)

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဆင်တဲကုန်းကျေးရွာမှာ ကပ်ထားတဲ့ မဲစာရင်းတွေကို မီးရှို့ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က ထုတ်ပြန်ထားပါတယ်။