ချင်းပြည်နယ် ဖလမ်းမြို့အနီး ခွန်လီကျေးရွာတိုက်ပွဲမှာ စစ်ကော်မရှင်တပ်သား ၅ ယောက် သေဆုံးပြီး ၂ ယောက် ဖမ်းဆီးမိခဲ့တယ်လို့ ချင်းပြည်နယ်စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဖလမ်းမြို့ကို အင်အား ၄၀၀ ဝန်းကျင်နဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်း ၂ ကြောင်းကို ချင်းတပ်ပေါင်းစုတွေက ဇန်နဝါရီ ၂ ရက်နဲ့ ၃ ရက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာ လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဆီက RPG ၁ လက်၊ MA-1 ၁ လက်၊ MA-4 ၃ လက်၊ MA-2 ၂ လက်၊ ၆၀ မမ ပြောင်းတို (၁) လက်နဲ့ အခြားစစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
Video – လူမှုကွန်ရက်