ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးအကျဉ်းချခံထားရတဲ့ အတိုက်အခံခေါင်းဆောင်တွေတစ်ဦးမှ မပါဝင်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို အကြမ်းဖက်စစ်တပ်ဟာ ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အကျဉ်းသူ၊ အကျဉ်းသား ၆၀၀၀ ကျော်ကို လွှတ်ပေးခဲ့ပါတယ်။ 

ဇန်နဝါရီလ ၄ ရက် ဒီကနေ့ ကျရောက်တဲ့ ၇၈ နှစ်ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကြမ်းဖက် စစ်တပ်က ပြစ်ဒဏ်လျော့‌ပေါ့ လွတ်ငြိမ်းချမ်းသာခွင့် ၆၁၃၄ ယောက်ကို ပေးခဲ့တာဖြစ်ပါတယ်။ 

အလားတူ ပြစ်မှု ၁၃ မှုကလွဲရင် တည်ဆဲဥပဒေနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေကို ပြစ်ဒဏ် ၆ ပုံ ၁ ပုံ လျှော့ပေးတယ်လို့ ဆိုပေမဲ့ အဲဒီအထဲမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အတိုက်အခံခေါင်း ဆောင်တွေကို စွပ်စွဲဖမ်းဆီးထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတွေနဲ့ အကျဉ်းချခံထားတဲ့ အမှုတွေမပါဝင်ခဲ့ပါဘူး။ 

ဒါ့အပြင် ပြစ်ဒဏ်‌ရဲ့ ခြောက်ပုံတစ်ပုံ လွတ်ငြိမ်းသက်သာခွင့်ပြုရာမှာ အကြမ်းဖက်တိုက်ဖျက်ရေး၊ လက်နက် ဥပဒေအမှု၊ မတရားအသင်းအက်ဥပဒေ အစရှိတဲ့ နိုင်ငံရေးပြစ်မှုနဲ့ စွပ်စွဲဖမ်းဆီးထားသူတွေ မပါဝင်ခဲ့ဘူးလို့ သိရပါတယ်။

“စစ်ကော်မရှင်ဘက်ကနေ ဒီနေ့ အမိန့်ထုတ်ပြန်ထားတဲ့ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် အမိန့်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်တဲ့ အမှုတွေမှအပပေါ့နော် အခြားအမှုတွေမှာဆိုရင် ၆ ဖို့ ၁ ဖို့ ပေးတယ်ဆိုပြီးတော့ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တယ်ပေါ့နော် ပြောရမယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ မပါနိုင်တဲ့ အမှုတွေပဲ ဖြစ်ပါတယ်။ ၅၀၅ (က) တွေဆိုရင်လည်း ထောင်ထဲတွေမှာ မရှိတော့ဘူးဆိုတော့ ကျွန်တော်တို့တွေ မျှော်မှန်းစရာတော့ မရှိသေးပါဘူးး အခုလက်ရှိလည်း နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာတာကို မတွေ့သေးပါဘူး” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ရောင်နီလင်းက မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ လွတ်မြောက်လာသူ အများစုဟာ  ခိုးဆိုးလုနှိုက်မှု၊ အလောင်းက စားမှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ အီလက်ထရောနစ်ပုဒ်မတွေနဲ့ ပြစ်ဒဏ်ကျသူတွေဖြစ်ကြတယ်လို့ဆိုပါတယ်။ 

လွတ်ငြိမ်းချမ်းသာခွင့်အရ လွတ်မြောက်လာကြသူတွေထဲမှာ လူသိများသူတွေအဖြစ် ပြန်ကြားရေးဝန်ကြီးဟောင်း သမ္မတ ပြောရေးဆိုခွင့်ရှိသူဟောင်း ဦးရဲထွဋ်နဲ့ မော်ဒယ်နန်းမွေ့စံတို့သာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ 

အကြမ်းဖက်စစ်တပ်ရဲ့ လွတ်ငြိမ်းသက်သာခွင့်မှာ နိုင်ငံအချင်းချင်းဆက်ဆံ ရေးနဲ့ လူသားချင်းစာနာ ထောက်ထားမှု အတွက် နိုင်ငံခြားသား အကျဉ်းသား/ အကျဉ်းသူ ၅၂  ယောက်ကိုလည်း လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ် ပေးလိုက်တယ်လို့ ဆိုပါတယ်။ 

အဲ့ဒီလွတ်ငြိမ်းချမ်းသာခွင့်ရသူတွေဟာ ရာဇဝတ်မှုကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ်ပြစ်မှု ကျူးလွန်ရင် အဲဒီပြစ်ဒဏ်နဲ့ ကျန်ရှိပြစ်ဒဏ်‌ တွေပါကျခံရမှာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မင်းလှမြို့နယ်အတွင်း တော်လှန်ရေးအဖွဲ့ အမည်ခံ ခြိမ်းခြောက် ငွေလိမ်နေသူများကို ထိရောက်စွာ အရေးယူမည်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အယောင်ဆောင်ကာ ငွေကြေးခြိမ်းခြောက်တောင်းခံမှုတွေ ရှိနေကြောင်း မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

တရုတ်က ပြန်လာတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ကို အဖြူရောင်အနုပညာရှင်အဖြစ် နာမည်ခံထားသူတွေ ကြိုဆို

တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ (GMS) အစည်းအဝေးပွဲတွေကနေ ပြန်လာတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အနုပညာရှင်တချို့က ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် KNDF ထံခိုလှုံလာလို့ ကောင်းမွန်စွာ စောင့်ရှောက်ထား

ကရင်နီပြည် KNDF ထံ ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် အလင်းဝင်ခဲ့ပြီး KNDF က ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ ဒီဇင်ဘာလ ၂၁ ရက်နေ့ မနေ့ကထုတ်ပြန်ပါတယ်။
Read More

မြဝတီမှာ လူငယ်များကို ပေါ်တာဆွဲပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သိန်း ၁၀၀ ဖြင့် ပြန်ရွေးခိုင်းနေ

အကြမ်းဖက်စစ်တပ် ပြန်လည်အုပ်ချုပ်နေတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက တစ်ယောက်ကို သိန်း ၁၀၀ နဲ့ ပြန်ရွေးခိုင်းနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ရွှေကျင်မြို့နယ်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၁) ယောက်သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ရှမ်းနှစ်သစ်ကူးကိုကြိုဆိုတဲ့ည ကျောက်မဲမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၁၀ယောက် သေဆုံး

ရှမ်းနှစ်သစ်ကူးကို ကြိုဆိုတဲ့ညမှာ စစ်ကောင်စီလေတပ်က ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့က လူနေရပ်ကွက်ကို လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၀ဦးသေဆုံးခဲ့ရတယ်လို့ TNLA က အသိပေးထုတ်ပြန်ပါတယ်။