မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ လုပ်ဆောင်မယ့်ရွေးကောက်ပွဲအတုအတွက် စစ်ကြောင်းထွက်လာတဲ့အကြမ်းဖက်စစ်တပ်နဲ့ တစ်ရက်တည်း ထိတွေ့တိုက်ပွဲ ၉ ကြိမ် ဖြစ်ပွားပြီး စစ်တပ်ဘက်က ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ Southern Eagle PDF က ထုတ်ပြန်ထားပါတယ်။

ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့မှာ လုပ်ဆောင်မယ့် အတုအယောင်ရွေးကောက်ပွဲကို ကာကွယ်နိုင်ဖို့အတွက် စစ်အုပ်စုက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ​တော်လှန်ရေးတပ်တွေစိုးမိုးထားရာ စစ်ဆင်ရေးနယ်မြေဆီ အင်အား ၁၀၀ နီးပါးနဲ့ စစ်ကြောင်းထွက်လာခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီစစ်ကြောင်းကို တပ်မ (၄၄) လက်အောက်ခံ ခမရ (၃) တပ်ရင်းက တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးတွေက ဦးဆောင်လာတာဖြစ်ပြီး PDF၊ အမှတ်(၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ(၃၆) ကွပ်ကဲမှု့အောက်က Southern Eagle PDFတပ်ရင်း၊ KNLA နဲ့ ဒေသခံကာကွယ်ရေးတပ်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ထုတ်ပြန်ချက်အရ အဲဒီနေ့ မနက် ၉ နာရီကျော်ကစလို့ ညနေပိုင်းအထိ နှစ်ဖက် ထိတွေ့တိုက်ပွဲ ၉ ကြိမ်  ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

ဒီတိုက်ပွဲတွေထဲ အကြမ်းဖက်စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရသူတွေ အများအပြား ရှိခဲ့ပြီး စစ်ကြောင်းတစ်ခုလုံး လမ်းအတိုင်း ပြန်လည်ဆုတ်ခွာသွားတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် စစ်ကြောင်းနဲ့အတူပါလာတဲ့ ပစ ​(ခေါ်) စစ်မှုထမ်းတပ်သား ၂ ယောက်ဟာလည်း MA1 သေနတ် (၂) လက်နဲ့ ခဲယမ်းအချို့ ယူဆောင်ပြီး တော်လှန်ရေးဘက်ကို အလင်းဝင်ခိုလှုံလာခဲ့တယ်လို့ သိရပါတယ်။

တစ်ဆက်တည်းမှာပဲ အကြမ်းဖက်စစ်တပ်ရဲ့ အမတ (၃၁၀) တပ်ကနေ လက်နက်ကြီး ရမ်းကားပစ်ခတ်မှုတွေရှိခဲ့ပြီး ဒီတိုက်ခိုက်ခံရမှုကြောင့်ပဲ ကျိုက်ထိုမြို့နယ်၊ ဂွေ့ကြီးရွာမှာ ဈေးလာရောင်းတဲ့ အမျိုးသမီး (၁) ယောက် ထိခိုက်သေဆုံးခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

“လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ” စာတန်းပါ တီရှပ်နဲ့ မြင်ရတဲ့ တောင်ပိုင်းစစ်ဒေသက PDF အထူးတပ်ဖွဲ့ဝင်များ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ တောင်ပိုင်းစစ်ဒေသ အထူးတပ်ဖွဲ့ဝင်တွေက ဒီဇင်ဘာလ (၁၀)ရက်မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် “လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ” စာတန်းပါ တီရှပ်ကို ဝတ်ဆင်ကာ 16 Days of Activism မှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဗန်းမော်မြို့နယ် စစ်ကောင်စီ အမှတ် ၄၇ ခြေလျင်တပ်ရင်းရဲ့ ကာကင်းစခန်း ၂ခုကို KIA PDF ပူးပေါင်းတော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီး တိုက်ပွဲတွေ ပြင်းထန်နေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ အခြေစိုက်ဖြစ်တဲ့ အကြမ်းဖက်စစ်တပ် အမှတ် ၄၇ ခြေလျင်တပ်ရင်းရဲ့ အဓိကကျတဲ့ ကာကင်းစခန်း ၂ခုလုံးကို KIA PDF တော်လှန်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာလ ၄ရက် မနက်အစောပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲတွေ ပြင်းထန်လာနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

သရက်ချောင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အရွယ် ကလေးအပါ ပြည်သူ (၄) ဦး ထိခိုက်ဒဏ်ရာရ၊ ပြည်သူ‌နေအိမ် (၂) လုံး ထိခိုက်ပျက်စီး

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်သာတွင် တပ်မ ၉၉ စစ်ကြောင်း တိုက်ခိုက်ခံရပြီး အယောက် ၃၀ ကျော် သေ၊ လက်နက်ချရန် ကြိုးစားသူများကိုလည်း စစ်တပ်က အချင်းချင်း ပြန်ပစ်သတ်ခဲ့

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့ တပ်မ ၉၉ စစ်ကြောင်းကို တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား အယောက် ၃၀ ကျော် သေဆုံးပြီး လက်နက်ချဖို့ ကြိုးစားသူတွေကိုလည်း စစ်တပ်က အချင်းချင်း ပြန်လည်ပစ်သတ်ခဲ့ကြောင်း Taungtha People Defense Force (TTA) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဧပြီလအတွင်း စစ်ကောင်စီတပ် တိုက်ခိုက်မှုများကြောင့် အရပ်သား ၉၆ ဦး သေဆုံးခဲ့၊ ၇၂ ဦးက လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ဟု ဆို

မြန်မာနိုင်ငံတစ်ဝန်း ဧပြီလအတွင်း စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သားပြည်သူ ၉၆ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာသိမ်း ၄နှစ်တာအတွင်း စစ်ကောင်စီရဲ့ မြေမြှုပ်မိုင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု ၇၅၀၀ ကျော်အထိရှိခဲ့

စစ်အာဏာသိမ်း ၄နှစ်တာအတွင်း နိုင်ငံတစ်ဝန်း မြေမြှုပ်မိုင်းအပါအဝင်  လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်ပေါင်း ၇,၅၀၀ ကျော်ရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။