မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ မြင်းခြံမြို့ပေါ်က စစ်အုပ်စုအထိုင်ချထားတဲ့ SP ရုံးတိုက်ခိုက်ခံရတဲ့ အတွက် သေဆုံးသူတွေရှိတယ်လို့ ထနောင်းမြေစစ်ကြောင်းဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက် ည ၉ နာရီ ၁၅ မိနစ်လောက်မှာ မြင်းခြံမြို့ အမှတ် (၁၅) ရပ်ကွက်ရှိ SP ရုံးမှာ အင်အား ၂၀ ဝန်းကျင် နဲ့ အထိုင်ချထားသည့် စစ်ကော်မရှင်တပ်သားတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက အနီးကပ်ဝင်ရောက်ပစ် ခတ်တိုက်ခိုက်ခဲ့တာပါ။

“ စခတွေဘက်ကသေဆုံးမှုကိုတော့ ပြောပြလို့မရတဲ့ သတင်းအရင်းအမြစ်တွေကနေသိရတာပါဗျ၊ နာမည်တွေပါ အတိအကျသိပါတယ် ထုတ်ပြန်ဖို့အခက်အခဲရှိလို့ပါဗျ ပစ်ခတ်မှုဖြစ်ပြီး ည ၁၂ နာရီ လောက်မှာ ပျူတွေမြို့လယ်ခေါင်မှာ သေနတ်တွေဖောက်ပါတယ် ” လို့ ထနောင်းမြေစစ်ကြောင်းမှ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အဲ့လိုတိုက်ခိုက်ခဲ့တဲ့အတွက် အပြန်အလှန်ထိတွေ့ပစ်ခတ်မှု မိနစ် ၃၀ လောက်ဖြစ်ပွားခဲ့တယ်လိုဆိုပါတယ်။

အပြန်အလှန်ပစ်ခတ်တာ ကြောင့် အကြမ်းဖက်စစ်တပ် သုံးပွင့်ဗိုလ် (၂) ယောက်အပါအဝင် ၇ ယောက်သေဆုံးပြီး ထိခိုက်ဒဏ် ရာရရှိသူတွေလည်း ရှိတယ်လို့ဆိုပါတယ်။

ဒီတိုက်ခိုက်မှုအပြီးကော်မရှင်တပ်ဘက်က တပ်ကူတွေရောက်လာတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေက အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ဆိုပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေ သွားရောက်ပစ်ခတ်ခဲ့တဲ့နေရာဟာ စစ်ကော်မရှင်တပ်သားတွေ အထိုင်ချထား တဲ့ နေရာလည်းဖြစ်သလို မြို့အတွင်းပိုင်းထိ ဝင်ရောက်ပစ် ခတ်နိုင်ခဲ့တဲ့မစ်ရှင်လည်းဖြစ်တယ်လို့ဆိုပါတယ်။

“မြို့ထဲအထိဝင်ရောက်တိုက်ခိုက်ခဲ့တာဆိုတော့ အခက်အခဲကအများကြီးကြုံရပါတယ်ဗျ သတင်းမ ပေါက်ဖို့ရော၊ ဆုတ်ခွာလမ်းကြောင်းဆွဲဖို့ရော ပြည်သူမထိခိုက်ရေးတို့ပေါ့ လက်ရှိကတော့ မြို့ပေါ်မှာ လုံခြုံရေးတွေ တင်းကြပ်ထားတယ် ” လို့ တာဝန်ရှိသူကဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ထနောင်းမြေစစ်ကြောင်း နဲ့ မြင်းခြံခရိုင်အမှတ် (၁) တပ်ရင်းတို့ပူးပေါင်းလုပ်ဆောင် ခဲ့ကြတာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့ကလည်း ထနောင်းမြေပူးပေါင်းစစ်ကြောင်းဟာ မြင်းခြံမြို့ကနေ ထွက်လာတဲ့ ပျူခေါင်းဆောင် သီတာယုမွန် ရဲ့ နောက်လိုက် ပျူမ ၃ ယောက်ကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။
0 Shares:
You May Also Like
Read More

တောင်တွင်းကြီးတွင် စစ်ကော်မရှင်တပ်က နေအိမ်အချို့ကို မီးရှို့ဖျက်ဆီး၊ ဒေသခံများ ထွက်‌ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်က နေအိမ်တချို့ကို စစ်ကော်မရှင်တပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ‌နယ်ခံတွေဆီက သိရပါတယ်။
Read More

ရေဖြူတွင် ခလရ (၄၀၄) မှ စစ်သား ၅ ဦး သေနတ် ၅ လက်နှင့် ခဲယမ်းများယူဆောင်ပြီး ဗထူးတပ်မတော်ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ ခလရ (၄၀၄) တပ်ရင်းက စစ်သားတွေ ဂိတ်စခန်းတာဝန်ကျရာကနေ လက်နက်တွေယူဆောင်ပြီး ထွက်ပြေးအလင်းဝင်ရောက်လာကြောင်း ဗထူးတပ်မတော် သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကန့်ဘလူတွင် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ၃ ကြိမ်ဆက် ထိတွေ့မှုဖြစ်၊ လက်နက်ခဲယမ်းနှင့် သုံးပန့်များ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ ထိတွေ့ပစ်ခတ်မှု ၃ ကြိမ်ဆက် ဖြစ်ပွားပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိကာ လက်နက်ခဲယမ်းတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ် ပအဖ တာဝန်ခံ ကိုငယ်လေးက မောင်းကိုပြောပါတယ်။
Read More

စလင်း-ဆိပ်ဖြူကားလမ်းပိုင်းမှ ကျေးရွာများကို စစ်ကောင်စီတပ် ၁၀ ရက်ကျော် စစ်ကြောင်းထိုးမီးရှို့၊ အိမ်ခြေ ၁၇၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့

မကွေးတိုင်း၊ စလင်းမြို့နယ်၊ စလင်း-ဆိပ်ဖြူကားလမ်းပိုင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ၁၀ ရက်ကျော်ကြာ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၁၇၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူခရိုင် အမှတ် (၈) တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေသည့် ရဲဘော် နန်းခန့်ဝင်း (ခ) Silent ကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းစစ်ဌာန၊ ပခုက္ကူခရိုင် အမှတ် (၈) တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် နန်းခန့်ဝင်း (ခ) Silent  ဟာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အင်းတော် ဓားပြမှုအတွင်း အိမ်ရှင်လင်မယား အသတ်ခံခဲ့ရပေမယ့် မိန်းမဖြစ်သူ အသက်ရှင်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မဲဇာစံပြကျေးရွာအုပ်စု၊ အောင်လယ်ပြင်ကျေးရွာရှိ နေအိမ်တစ်အိမ်ကို ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီး အိမ်ပိုင်ရှင်က ဓားပြတွေရဲ့ ရုပ်ကို မှတ်မိသွားတာကြောင့် အစအနဖျောက်တဲ့အနေနဲ့ လင်မယား နှစ်ယောက်လုံးကို သတ်ခဲ့ပေမယ့် မိန်းမဖြစ်သူ အသက်ရှင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။