မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးလေးကျေးရွာထဲကို စစ်အုပ်စုပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျ ရောက်ပေါက်ကွဲခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

ဇန်နဝါရီလ ၂ ရက် မနက် ၈ နာရီ ၄၅ မိနစ်လောက်မှာ ဘီးလင်းမြို့အခြေစိုက် အမှတ် ၃ ခြေမြန်တပ်ရင်းကနေ လက်နက်ကြီးပစ်ခတ်ခဲ့ရာ အလူးလေးရွာထဲကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ ၃ ယောက်သေဆုံးပြီး ၂ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

“သူတို့တကယ်တော့အလူးကြီးဘက်ကိုထောင်ပြီးပစ်တာ ပစ်တဲ့အခါ ပြောင်းကချော်ပြီးပြန်လှည့် တော့ လက်နက်ကြီးက အနောက်ဘက်ကိုပြန်ကျတယ် အလူးကြီးရွာကတော့အကုန်ရှောင်ပြီ၊ အလူးလေးရွာကတော့မရှောင်သေးဘူး ဒဏ်ရာရတဲ့ထဲမှာ ကလေးတစ်ယောက်ကတော့ စိုးရိမ်ရတယ်” လို့ ဘီးလင်းနယ်ခံတစ်ယောက်က မောင်းကိုပြောပါတယ်။

စစ်အုပ်စုဟာ ထိတွေ့တိုက်ပွဲမရှိပဲ မကြာခဏဆိုသလို ကျေးရွာတွေဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေ နဲ့ ပစ်ခတ်တာမျိုးတွေ လုပ်ဆောင်လေ့ရှိတယ် လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ကင်းပတ်တဲ့နေ့ တွေမှာဆိုလည်း လမ်းမကြီးနားရောက်တဲ့အချိန် အခုလို လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တာမျိုးတွေ ပြုလုပ်နေတယ်လို့ဆိုပါတယ်။

“ထိပ်တိုက်တွေ့တာမဟုတ်ဘူး သူတို့ဘာသူတို့ပစ်တာပစ်တဲ့အခါကျတော့လက်နက်ကြီးလိုက်ကျတာ အခုလည်း အဲဒီကုန်းထိပ်ကနေပဲသူတို့ပစ်တာ ကနေသူတို့ ကင်းလှည့်တယ်၊ အလူးရွာတောက် လျှောက်သူတို့ကင်းလှည့်တယ်၊ ကင်းလှည့်ရင်းကားလမ်းမကြီးကိုလာပြီးဆိုရင် သူတို့ လက်နက်ကြီး နဲ့ကြိုပစ်တယ် လက်နက်ငယ်တွေ နဲ့လည်း ပစ်ဖောက်တယ်” လို့ ဒေသခံက ဆက်ပြောပါ တယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့ကလည်း ခမရ ၃ က စစ်အုပ်စု ပစ်ခတ်လိုက်တဲ့လက်နက်ကြီးဟာ အလူးကြီးအနောက်ဘက်ကမ်း ခတ္တာဘုန်းကြီးကျောင်းထဲ ကျရောက်ပေါက်ကွဲခဲ့လို့ ဒေသခံ ၃ ယောက်ထိမှန်သေဆုံးခဲ့ပါသေးတယ်။
0 Shares:
You May Also Like
Read More

ဆားတောင်မြို့ ရဲစခန်းနဲ့ စာသင်ကျောင်းက စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲ၊ ၁ ဦးသေပြီး ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ ရဲစခန်းနဲ့ စာသင်ကျောင်းက အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ယောက် သေဆုံးခဲ့တယ်လို့ Royal Falcon Guerilla Force (Sadaung Falcon) က ထုတ်ပြန်ထားပါတယ်။
Read More

နမ့်ပေါင်ရွာကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

လားရှိုးမြို့နယ်၊ နမ့်ပေါင်ရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ အရပ်သားတစ်ယောက် ဒဏ်ရာရပြီး စာသင်ကျောင်း ပျက်စီးခဲ့တယ်လို့ MNDAA က အသိပေးထုတ်ပြန်ပါတယ်။
Read More

မြင်းခြံမြို့နယ် ထိန်ပန်းကျေးရွာကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံးများ ကြဲချတိုက်ခိုက်၊ အရပ်သား ၄ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ထိန်ပန်းကျေးရွာကို ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ရာ အရပ်သားမိသားစု ၄ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့ကြောင်း အညာဒေသတော်လှန်ရေးအင်အားစု တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မိတ္ထီလာမှာ စစ်ကောင်စီ လေတပ်စခန်းတိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်း အရပ်သားတွေပေါ်တာဆွဲ ငွေညှစ်ခံရမှု ပိုများလာ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်က ရှမ်းတဲလေတပ်စခန်းအပါအဝင် တပ်မ ၉၉ဌာနချုပ်တို့ တိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီက  မြို့နယ်အတွင်းအရပ်သားတွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေနဲ့ စစ်ဆေးတာတွေ ပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံတွေဆီကသိရပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်က စစ်ဆင်ရေး အထူးအဖွဲ့ ရုံးစိုက်ရာနေရာမှာ ဖမ်းဆီးထားဟု ဆို…

“မတရား အမိန့်ချမှုတွေမှာ ပါဝင်ပတ်သက်ခဲ့တဲ့သူတွေ၊ ကိုယ်တိုင် ကျူးလွန်ခဲ့တဲ့သူတွေ၊ ဒီအမိန့်ကို အမိန့်ပေးစေခိုင်းတဲ့သူတွေ အားလုံးဟာ ကူးပြောင်းကာလမှာ ပြည်သူလူထုနဲ့ ကျွန်မတို့ အဖွဲ့အစည်းတွေ ဝိုင်းဝန်းကြိုးပမ်းမှုနဲ့အတူ တရားမျှတရေးကို ပြန်လည်ဆောင်ရွက်ရာမှာသေချာပေါက် ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်တွေအတိုင်း တဦးယောက်ချင်းစီ တာဝန်ယူမှု၊ တာဝန်ခံမှု ခံရအောင် ကြိုးပမ်းသွားပါမယ်” လို့ MPW ဒုပြန်ကြားရေးတာဝန်ခံ မဆူးငယ်က မောင်းကို ပြောပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၅) ဦး သေဆုံး၊ (၄) ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၅) ယောက် သေဆုံးပြီး (၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။