မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ အရပ်သားတွေကို ဖိနှိပ်ငွေညှစ်နေတဲ့ ကျောင်းကုန်းကြီးရွာအုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး သုံးယောက်သေဆုံးသွားတယ်လို့ ပွင့်ဖြူမြို့နယ်တော်လှန်ရေးတပ်ပေါင်းစုတာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဇန်နဝါရီလ ၃ရက်၊ ဒီနေ့မနက်အစောပိုင်းမှာ အဲ့ဒီကျောင်းကုန်းကြီးရွာ အုပ်ချုပ်ရေးမှူးနဲ့ နောက်လိုက် တပည့်တွေ ရှိနေတဲ့ ကျေးရွာဘုန်းကြီးကျောင်းဝန်းထဲကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကို ပွင့်ဖြူမြို့နယ်တော်လှန်ရေးတပ်ပေါင်းစုရဲဘော်တွေလုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း အုပ်ချုပ်ရေးမှူးနဲ့ နောက်လိုက် တပည့်သုံးယောက်စလုံးနေရာတင် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ ကျောင်းကုန်းကြီးရွာအုပ်ချုပ်ရေးမှူးနဲ့ နောက်လိုက်တပည့်တွေဟာ စစ်ရှောင်အရပ်သားတွေ စစ်ရှောင်ရာကနေ ပြန်လာဖို့ အတင်းအကြပ်ဖိအားပေး ငွေညှစ်တာ၊ ပြန်ပေးဆွဲတာမျိုးတွေကိုဆိုးဆိုးရွားရွား လုပ်ဆောင်နေတာ​ကြောင့် အခုလိုပစ်ခတ်ရှင်းလင်းလိုက်ရတာလို့လည်း ပွင့်ဖြူမြို့နယ်တော်လှန်ရေးတပ်ပေါင်းစုတာဝန်ရှိသူကပြောပါတယ်။

“သူတို့က သစ်ချိုကုန်းအထွက်ဂိတ်မှာနေပြီး လာတဲ့သူတွေဆီက ဖုန်းစစ်တယ်၊ ငွေညှစ်တယ်၊ ပြန်ပေးဆွဲတယ်၊နောက်ပြီးကျောင်းကုန်းကြီးကနေ ရှောင်နေတဲ့ စစ်ရှောင်တွေကို လူသားဒိုင်းလုပ်ချင်လို့ မလာမနေရအတင်းအကြပ် ပြန်လာခိုင်းတယ်၊ မလာရင် ၅သိန်း ဒဏ်ရိုက်တယ်၊ ဒါကြောင့်ရှင်းလင်းခဲ့တာပါ ” လို့ ပွင့်ဖြူမြို့နယ်တော်လှန်ရေးတပ်ပေါင်းစုတာဝန်ရှိသူက ပြောပါတယ်။

တိုက်ခိုက်မှုအပြီး ကာဘိုင်သေနတ်၁လက်၊ ဓားရှည်၂လက်၊ ကျည်ဘော​က်၂ခု၊ ဗုံးသီး၁လုံး၊ လက်ကိုင်ဖုန်း၃လုံး၊ ကျည်ဆံနဲ့ ပိုက်ဆံတချို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။
” သူတို့က ဘုန်းကြီးကျောင်းမှာတပ်စွဲထားတာ၊ ပြည်သူတွေကိုလည်းအဲ့မှာပဲဖမ်းထားတာ၊ ကျနော်တို့ကလည်း ​အလ​စ်အငိုက်ဝင်တိုက်တာဆိုတော့ အခြားသူတို့ဘက်ကလက်နက်ကိုင်တွေရမ်းသမ်းပစ်တာမျိုးပဲလုပ်နိုင်ပါတယ်။” လို့ ဖြူမြို့နယ်တော်လှန်ရေးတပ်ပေါင်းစုတာဝန်ရှိသူက ဆက်ပြောပါတယ်။

ပွင့်ဖြူမြို့နယ်အတွင်းက ဆင်လူးနဲ့ ကျောင်းကုန်းကြီးကျေးရွာတွေဟာ လက်နက်ကိုင်ပြည်သူ့စစ် အားကောင်းရာ ကျေးရွာတွေဖြစ်ပြီး စစ်တပ်ရဲ့နယ်မြေရှင်းလင်းရေးတွေနဲ့ စစ်ကြောင်းထိုးမီးရှို့တာတွေမှာ အဓိကပါဝင်လေ့​ရှိတာဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ရွှေဘိုမှာ ဆိုင်ကယ်နဲ့ ထွက်လာတဲ့ စစ်အုပ်စုတွေ ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခံရပြီး နေရာတင်သေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပျူစောထီးရွာကို ဆိုင်ကယ်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ အသင့်စောင့်ကြိုပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

စစ်ရေးမငြိမ်သက်နေတဲ့ ဆင်ဖြူကျွန်းမြို့က စစ်ရှောင် ၁၀၀ နီးပါးကို PDF က ကူညီစောင့်​ရှောက်ပေးထား

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ဆင်ဖြူကျွန်းမြို့မှာ ထိတွေ့တိုက်ပွဲအခြေအနေတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ အရပ်သားတွေကို လက်ခံစောင့်ရှောက်ထားတယ်လို့ မင်းဘူးခရိုင်၊ အမှတ် ၅တပ်ရင်း တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။ 
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ် ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပြည်သူပိုင် နေအိမ် (၅)လုံးနှင့် ဘုန်းကြီးကျောင်း(၁) ကျောင်း ထိခိုက်ပျက်စီး… ပြည်သူ (၁) ဦးကိုလည်း စစ်တပ်က အကြောင်းမဲ့ဖမ်းဆီး…

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ပြည်သူပိုင် နေအိမ် (၅)လုံးနဲ့ ဘုန်းကြီးကျောင်း(၁) ကျောင်းထိခိုက်ပျက်စီးခဲ့ပြီး အရပ်သား (၁) ယောက်ကိုလည်း စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ပိုင်းစစ်‌ဒေသက ဧရာ၀တီအတွက် တိုင်းစစ်ဌာနတစ်ခုကို စတင်ဖွဲ့စည်း

တောင်ပိုင်းစစ်ဒေသက တိုင်းစစ်ဌာန(ဧရာဝတီ)ကို ဖွဲ့စည်းလိုက်ပြီး အမှတ်(၂)စစ်ဒေသခွဲရဲ့ ကွပ်ကဲအုပ်ချုပ်မှုကနေ စစ်ဆင်ရေးတွေ ဖော်ဆောင်မယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

ပုလောမြို့နယ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦးထက်မနည်း ထိခိုက်သေဆုံး…

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၄ ယောက်ထက်မနည်း ထိခိုက်သေဆုံးမှု ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။