မကွေးတိုင်း ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာ ၂ ရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သား တွေကိုတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ယောက်အပါအဝင် စစ်သားအများအပြားသေဆုံးခဲ့ပါတယ်။

ဒါအပြင် PDF ရဲဘော် ၂ ယောက့ ကျဆုံးခဲ့ရတယ်လို့ လည်း ပေါက်မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ က မနေ့ညပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်က ပေါက်မြို့နယ် စသိန်းရွာနဲ့ ဂဲဗင်းအင်းရွာဘက်ကို ချီတက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်မှာ ဗိုလ် ၁ ယေက်အပါအဝင် ၁၂ ယောက်လောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို ပေါက်မြို့နယ် ပလဖ နဲ့ MGY တပ်ဖွဲ့၊ PDF၊ မြိုင်ပကဖ ပူးပေါင်းတပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

Video-ပေါက်မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့
0 Shares:
You May Also Like
Read More

မြေပြန့်ဒေသကို မဟာဗျူဟာထိုးစစ်ဆင်နိုင်ဖို့ အထူးလှုပ်ရှားတပ် – Special Regiment မှ အတွေ့ အကြုံရှိ ရဲဘော်ဟောင်းတွေနဲ့ ရဲဘော်သစ်တွေ ဖိတ်ခေါ် (ရုပ်/သံ)

အထူးလှုပ်ရှားတပ် - Special Regiment မှ မြေပြန့်ဒေသကို မဟာဗျူဟာထိုးစစ်ဆင်နိုင်ဖို့ အတွေ့ အကြုံရှိ ရဲဘော်ဟောင်းတွေနဲ့ ရဲဘော်သစ်တွေ ဖိတ်ခေါ်လျက်ရှိပါတယ်။
Read More

ပေါက်မြို့နယ် ရေယာဉ်တောင်ရွာကို စစ်ကော်မရှင်တပ်သားတွေက မီးရှို့ဖျက်ဆီး နေအိမ် ၃၁ လုံး မီးလောင်ပြာကျ (ရုပ်/သံ)

မကွေးတိုင်း ပေါက်မြို့နယ် ကပစ ၂၄ ကို သွားမယ့် စစ်ယာဉ်တန်းရဲ့ ရှေ့ပြေးစစ်တပ်စစ်ကြောင်းဟာ ရေယာဉ်တောင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၃၁ လုံး မီးလောင်ပြာကျခဲ့ရတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

မန့်ဝိန်းကြီးဒေသအတွင်း ကင်းထောက်နေတဲ့ စစ်ကော်မရှင်ဒရုန်း ၁ စီးကို KIA ပစ်ချဖျက်ဆီး (ရုပ်/သံ)

ကချင်ပြည်နယ် မံစီမြို့နယ် မန့်ဝိန်းကြီးဒေသအတွင်း ကင်းထောက်ပျံသန်းနေတဲ့ စစ်ကော်မရှင် ဒရုန်း ၁ စီးကို KIA က ပစ်ချဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ယမန်နေ့ အောက်တိုဘာလ (၂၄)ရက်က အဆိုပါဒရုန်းကို KIA တပ်မဟာ (၁၁) ဒေသဖြစ်တဲ့ မံစီမြို့နယ် မန့်ဝိန်းကြီးဒေသအတွင်း ကင်းထောက် ပျံသန်းနေစဉ် KIA ဆေးတပ်ကြပ်တပ်သားက လက်နက်ငယ်နဲ့ ပစ်ချဖျက်ဆီးနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

အင်းတော်မြို့ကို KIA နှင့် ပူးပေါင်းတပ်များ အပြီးသတ်သိမ်းပိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း အင်းတော်မြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေက ဧပြီ ၇ ရက် ညပိုင်းမှာ အပြီးသတ် တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ဟင်္သာကြီးပျူစခန်းသိမ်းတိုက်ပွဲအတွင်း စစ်အုပ်စု အများအပြားသေပြီး လက်နက်ခဲယမ်းများ ရရှိ၊ တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ဟင်္သာကြီးပျူစခန်းနဲ့ စစ်တပ်စခန်းကုန်းတွေကို စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။