အကြမ်းဖက်စစ်တပ်ရဲ့ အတင်းအဓမ္မစစ်မှုထမ်း စေခိုင်းခံရတဲ့ အသက်မပြည့်သေးသူ ၁ ယောက် အပါအဝင် (၅) ယောက်ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၈ ဆီလက်နက်ချ ဘက်ပြောင်းခိုလှုံ ခဲ့တယ်လို့ ဇန်နဝါရီ ၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ကေအဲန်ယူ-ကရင်းအမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်မူး မြို့နယ် မှာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၉) ရက်နေ့က လက်နက်ချခဲ့တာလို့ဆိုပါတယ်။

သူတိုဟာ အာဏာသိမ်းအကြမ်းဖက် စစ်တပ် ခမရ-၅၉၉ တပ်ရင်းက မိမိဆန္ဒမပါပဲ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူတွေလို့လည်း သိရပါတယ်။

အဲ့ဒီအတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူတွေကတောတပ်သားတွေ ဖြစ်တဲ့ညွန့်ဇော် (၂၉)နှစ်၊ နေလင်းထက် (၂၉) နှစ်၊ စန်းကိုနိုင်(ခ)ကိုကို (၁၇) နှစ်၊ ကျော်ကျော် (၂၈)နှစ် နှင့် မြင့်သောင် (၃၀)နှစ် တို့ (၅) ဖြစ်ကြပါတယ်။

အာဏာသိမ်း အကြမ်းဖက်စစ်တပ်က အတင်းအဓမ္မစစ်မှုထမ်း စေခိုင်းခံရသူတွေအနေနဲ့ နီးစပ်ရာတော် လှန်ရေးတပ်ဖွဲ့တွေဆီဆက်သွယ်ပြီး ဘက်ပြောင်းခိုလှုံကြဖို့ကရင်အမျိုးသားအစည်းအရုံးကလည်းတိုက်တွန်းနိုးဆော်ထားပါတယ်။

ဓါတ်ပုံ – ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)
0 Shares:
You May Also Like
Read More

အင်းစိန် ကြို့ကုန်းဘူတာနားက ခလရ-၁၆ စစ်တပ် ဂိတ်ကင်းကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်…

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က ခလရ- ၁၆ စစ်တပ်ကင်းဂိတ်ကို အဝေးထိန်းမိုင်းနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ God's Hand Forces ( GHF) အဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကိုပြောပါတယ်။
Read More

ခင်ဦးမြို့ပေါ် ဆေးရုံမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ကို သွားရောက်ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ် ဆေးရုံမှာ အထိုင်ချ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိတယ်လို့ FUTURE HERO အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ARSA သတ်ဖြတ်ခဲ့သည့် အရပ်သား ရုပ်အလောင်း ၆ လောင်းကို တွေ့ရှိထားကြောင်း AA ထုတ်ပြန်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အထက်အင်းချောင်းရွာ အနောက်မြောက်ဘက် မီတာ (၇၇၀) ခန့်အကွာ ငှက်ပျောတောအုပ်ထဲမှာ ARSA အဖွဲ့ သတ်ဖြတ်ပြီး စွန့်ပစ်ခဲ့တဲ့ အရပ်သားအလောင်း ၆ လောင်းကို တွေ့ရှိထားတယ်လို့ အာရက္ခတပ်တော် AA က အောက်တိုဘာလ ၁ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

မတ္တရာ၊ နောင်ချိုနဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ MDY-PDF တို့ တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

သထုံအကျဉ်းထောင်တွင် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံအောင် ကျဆုံး

မွန်ပြည်နယ်၊ သထုံအကျဥ်းထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံအောင်ဟာ အကျဉ်းထောင်အတွင်းမှာပဲ ကျဆုံးသွားပြီဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဂန့်ဂေါမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ အပြစ်မဲ့အရပ်သား ၁ ယောက် ခေါင်းကို ဗုံးမှန်​သေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကျွန်းခုံသာရွာသား ၁ ယောက် ခေါင်းကို ဗုံးထိမှန်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။ အောက်တိုဘာ ၅ ရက် ဒီနေ့မွန်းလွဲပိုင်းက ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊…