ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က စစ်အုပ်စုရဲ့ရွေးကောက်ပွဲ အတုကိစ္စတွေ လုပ်ဆောင်​နေတဲ့ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်မိုင်းတွေနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့Yangon Army (YA) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဇန်နဝါရီလ (၂)ရက်၊ မနေ့ညနေပိုင်းမှာ လှည်းကူးမြို့နယ်၊ ပဲခူးကားလမ်းမကြီးဘေးမှာရှိတဲ့ ခရိုင်ထွေအုပ်ရုံးကို Yangon Army (YA) တပ်ဖွဲ့ဝင်တွေက ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး လုံခြုံရေးယူနေတဲ့ ပျူစောထီးတွေ ထိခိုက်မှုရှိနိုင်တယ်လို့လည်းသိရပါတယ်။

“ခရိုင်အဆင့်အုပ်ချုပ်စီမံလုပ်တဲ့နေရာပါ၊ ဒါပေမယ့်ရုံးမှာ စခတွေမရှိဘူး၊ ပျူတွေဘဲစောင့်ကြတော့တယ်၊ ထိကြဖို့များတယ်၊ မိုင်းကွဲအားပြင်းပါတယ်။” လို့ Yangon Army (YA) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

စစ်အုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲကာလ အခုလိုတိုက်ခိုက်မှုအပါအဝင် လှည်းကူးမြို့နယ်အတွင်းက စစ်တပ်ထောက်တိုင်တွေနဲ့ စစ်တပ်နောက်ခံပါတီရုံးတွကို Yangon Army နဲ့အခြားမြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက မကြာခဏဆိုသလို ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိပါတယ်။

” လှည်ကူးမှာ ပြည်သူအပေါ် အနိုင်ကျင့်တဲ့ အုပ်ချုပ်ရေးမှူးတွေများတယ်၊ ရပ်ကွက်တွေကျေးရွာတွေမှာ သူတို့ဖိနှိပ်တာခံရတဲ့ပြည်သူတွေက ကျနော်တို့ Page မှာလာလာတိုင်ကြတယ်၊ ကျနော်တို့ အခုလိုတိုက်ခိုက်နေတာတောင်မနိုင်ပါဘူး ” လို့ Yangon Army (YA) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

လာမယ့် ဇန်နဝါရီလ (၁၁) ရက်နေ့မှာ လှည်းကူးမြို့နယ် စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ အပိုင်း(၂) လုပ်ဖို့ရှိနေပြီး ပါဝင်လုပ်ကိုင်ကြမယ့်သူတွေအနေနဲ့ အပြင်းအထန်တိုက်ခိုက်ခံရမယ်လို့လည်း Yangon Army (YA)နဲ့ပြောက်ကျားတပ်ဖွဲ့ဝင်တွေက သတိပေးထားပါတယ်။
0 Shares:
You May Also Like
Read More

၅၀၅ (က) လွတ်ငြိမ်းဖြင့် လွတ်လာသည့် ၁၇/၁ ကပ်လျက်အမှုတွဲများကို စစ်တပ် ပြန်ဖမ်းနေ

စစ်ကော်မရှင်က ပုဒ်မ ၅၀၅ (က) တွေကို လွတ်ငြိမ်းခွင့်ပေးချိန်မှာ လွတ်လာတဲ့ ပုဒ်မ ၁၇/၁ ကပ်လျက်အမှုတွဲသမားတွေကို စစ်တပ်က ပြန်လည်ဖမ်းဆီးနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ဦးဆောင်ကော်မဝတီဝင် ကိုသိုက်ထွန်းဦးထံက သိရပါတယ်။
Read More

နယူးယောက်မြို့ ရောင်နီ ဖျော်ဖြေပွဲ အမေရိကန်ဒေါ်လာ ၁သိန်းခွဲကျော်ရရှိ၊ ကျင်းပပြီးသည့် ရောင်နီ ၇ ပွဲမှ စုစုပေါင်း ကန်ဒေါ်လာ ၅၇၀,၀၀၀ ခန့် ရရှိခဲ့

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရောင်နီ ဖျော်ဖြေပွဲကနေ အမေရိကန်ဒေါ်လာ ၁၅၀,၅၀၆.၀၃ ရရှိခဲ့တယ်လို့ ရောင်နီ Tour က ကြေညာပါတယ်။
Read More

လေးမျက်နှာမြို့နယ် စက်စက်ယိုရွာကို AA ပူးပေါင်းတပ်များ ထိန်းချုပ်ထား

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်က စက်စက်ယိုရွာကို‌ အာရက္ခတပ်တော် AA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

TNLA ထိန်းချုပ်ရာဒေသတွေက အမျိုးသမီးတွေရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ဖို့ ကွင်းဆင်း အသိပညာပေး

TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနက တစ်လတာအတွင်း ကျေးရွာပေါင်း ၃၀ကျော်မှာ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းအသိပညာပေးမှုတွေပြုလုပ်ခဲ့ကြောင်း TNLA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်က ရေကျော်ပွဲစျေး ပေါက်ကွဲမှုဖြစ်ခဲ့ရင် တော်လှန်ရေးအင်အားစုတွေနဲ့မဆိုင်ဘူးလို့ မြောက်ဥက္ကလာပ ပကဖ ကြိုတင်အသိပေး…

ရန်ကုန်မြို့က လူသိများထင်ရှားတဲ့ ရေကျော်ပွဲစျေး ပေါက်ကွဲမှုဖြစ်ခဲ့ရင် အကြမ်းဖက်စစ်ကောင်စီ လက်ချက်သာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ မသက်ဆိုင်ဘူးလို့ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့မနက် ထုတ်ပြန်ထားပါတယ်။
Read More

ရေးမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးပေါ်က စစ်တပ်စခန်းကုန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ် စခန်းကုန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၃ ယောက် သေဆုံးပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရေးပြောက်ကျားတပ် - YGF က ဒီနေ့ ထုတ်ပြန်ပါတယ်။