အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မကွေးတိုင်းစစ်ဌာနခွဲရဲ့ ကွပ်ကဲမှုအောက်က ခရိုင်စစ်ဌာနတွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေဟာ မကွေးတိုင်းအတွင်းမှာ စစ်ဆင်ရေးတွေကို အရှိန်အဟုန်မြှင့် ဖော်ဆောင်ခဲ့ကြတာကြောင့် အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင် (၁၉) ယောက် သေဆုံးပြီး စခန်းနဲ့ လက်နက်ခဲယမ်းတွေကိုပါ သိမ်းပိုက်ရရှိခဲ့တယ်လို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လာပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၃) ရက်နေ့ကတည်းက စတင်ထိုးစစ်ကို စတင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိလည်း စစ်အုပ်စုရဲ့ အခြေပြုစခန်းတွေကို အဆက်မပြတ် ထိုးနှက်တိုက်ခိုက်လျက်ရှိတယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၄) ရက်နေ့မှာ ပခုက္ကူခရိုင်စစ်ဌာနရဲ့ ကွပ်ကဲမှုနဲ့ ဆိပ်ဖြူမြို့နယ်၊ သံဇလုံကျေးရွာက ရန်သူ့စစ်ဆေးရေးဂိတ်ကို ဝင်ရောက်စီးနင်းခဲ့ရာ စစ်အုပ်စုဖက်မှ တပ်ဖွဲ့ဝင် (၃)ယောက် သေဆုံးပြီး ဂိတ်ကိုလည်း အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ (၃၀) ရက်နေ့မှာလည်း ဆိပ်ဖြူမြို့နယ်က ထွက်ခွာလာတဲ့ အင်အား (၃၅) ယောက်ပါ စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဖက်က (၁၆) ယောက် သေဆုံးကာ (၁) ယောက် အရှင်ဖမ်းမိခဲ့တာပဲဖြစ်ပါတယ်။
တိုက်ပွဲအတွင်း ရန်သူ့ယာဉ် (၂) စီး ပျက်စီးခဲ့ပြီး လက်နက် (၈) လက်နဲ့ ခဲယမ်းအမြောက်အမြားကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ MOD ကနေ အသိပေးလာတာဖြစ်ပါတယ်။

အဲဒီနောက် ဇန်နဝါရီလ (၁) ရက်နေ့မှာလည်း ဆင်ဖြူကျွန်းမြို့က စစ်အုပ်စု ထောက်တိုင်ရုံးတွေဖြစ်တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအပါအဝင် စစ်အုပ်စုရဲ့ အုပ်ချုပ်ရေးယန္တရားကို အထောက်အကူပြုနေတဲ့ ရုံးဌာနတွေကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေကနေ ဝင်ရောက်စီးနင်းကာ မီးရှို့ ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို အရှိန်အဟုန်မြှင့် တိုက်ပွဲဝင်နေတာကြောင့် မိဘပြည်သူတွေအနေနဲ့လည်း တော်လှန်ရေးတပ်ဖွဲ့တွေကို တတ်စွမ်းသရွေ့ ဆက်လက်ကူညီဖေးမဖို့ကို လေးစားစွာ မေတ္တာရပ်ခံကြောင်းကိုလည်း MOD ကနေ ဆိုထားပါတယ်။
0 Shares:
You May Also Like
Read More

မင်းကင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ စစ်ဘေးရှောင်တွေ ကယ်ထုတ်နေတဲ့ ကျောင်းသားတော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ကာ နှစ်ဖက်ထိခိုက်မှုရှိ

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေနဲ့ စစ်ဘေးရှောင်တွေကို ကယ်ထုတ်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုတွေရှိကာ စစ်ရှောင်စခန်းတစ်ခု မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Student's Revolutionary Force (S.R.F) ရဲ့သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော် Bravo က မောင်းကိုပြောပါတယ်။
Read More

လာမယ့် ရွေးကောက်ပွဲဟာ ကောင်းမွန်တဲ့ အရွေ့တစ်ခု ဟု ခင်ရီ ပြောသလို စစ်တပ်နှင့် ကျောချင်းကပ် ရင်ချင်းကပ် မဆောင်ရွက်နိုင်ရင် အဲဒီအစိုးရ ပြုတ်ကျမည်ဟု ဆိုပြန်

လာမယ့်အတုအယောင် ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးမယ်ဆိုရင် စစ်တပ်နဲ့ သဟဇာတဖြစ်တဲ့သူကို မဲပေးဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မကြာသေးခင်က ပြောဆိုခဲ့သလို စစ်တပ်လက်ပါးစေ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ခင်ရီကလည်း အစိုးရသစ်ဟာ စစ်တပ်နဲ့ လက်မတွဲနိုင်ရင် ပြုတ်ကျလိမ့်မယ်လို့ ပြောလိုက်ပါတယ်။
Read More

ရပ်ကွက်ထဲ ဗိုလ်ကျသည့် တောင်ဒဂုံက အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်ခံရ၊ သေဆုံးမှုများ ရှိနိုင်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှာ ရပ်ကွက်နေပြည်သူတွေအပေါ် အမြဲအနိုင်ကျင့်နေတဲ့ (၁၄၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေရှိနိုင်ကြောင်း Yangon Army (YA) အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်ရေးအရှိန်မြှင့်တင်မည့် PDF အထူးတိုင်းစစ်ဌာနအား NUG ဖွဲ့စည်း

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေရှိ တပ်ရင်းတွေနဲ့ ဗျူဟာတွေကို စနစ်တကျ စုဖွဲ့မှု ပြုလုပ်ပြီး အထူးတိုင်းစစ်ဌာနကို ဖွဲ့စည်းတာဝန်ပေးအပ်ကြောင်း ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ရေးမြို့နယ်ထဲကို စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၇ဦး သေဆုံးဟုဆို

မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်သား ၇ ဦး သေဆုံးခဲ့တယ်လို့ တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်ကနေ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့မှ၊ နေ့လယ် ၁ နာရီ အချိန်မှာ အင်အား ၁၅၀ခန့်နဲ့ ရေးမြို့နယ်၊ ပဒေါင်းကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်တာဖြစ်ပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်တွေဘက်မှ ၃ဦးသေဆုံးကာ ၂ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ ဟန်ပြရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုတွေ လက်မခံ၊ အတုအယောင် ရွေးကောက်ပွဲအတွက် ဝိုင်းဝန်းကူညီသူတွေကိုလည်း ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ သတိပေးထား

လာမယ့် ၂၀၂၅ ခုနှစ်မှာ အာဏာသိမ်းစစ်ကောင်စီက ကျင်းပပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားအဖွဲ့တွေ၊ လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေကပါ လက်မခံ ဆန့်ကျင်ကြောင်း အသီးသီး စာတွေ ထုတ်ပြန်နေကြပါတယ်။