စစ်ကိုင်းတိုင်း ဘုတလင်မြို့သိမ်းတိုက်ပွဲမှာ ULF စစ်ကြောင်းမှ ရဲဘော် သီဟမောင် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၈ ရက်က စစ်ကော်မရှင်က ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ အနေနဲ့ တော်လှန်ရေးတပ်တွေ ဘုတလင်မြို့ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း ရဲဘော် သီဟမောင် ကျဆုံးခဲ့ရပါတယ်။

‌ကျဆုံးရဲဘော် သီဟမောင်ရဲ့ နာရေးစျာပနရုပ်သံကို Union Liberation Front – ULF မှ ထုတ်ပြန်ထားပါတယ်။

Video-Union Liberation Front – ULF V 02
0 Shares:
You May Also Like
Read More

ရှမ်း-မန်း စစ်ဆင်ရေးပြန် ‌ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းရဲဘော်တွေကို ဒေသခံပြည်သူများ အောင်သပြေနဲ့ ကြိုဆို (ရုပ်/သံ)

ရှမ်း-မန်းစစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းက ရဲဘော်တွေကို ဒေသခံပြည်သူတွေက ဆုတောင်းစကားတွေပြောဆိုပြီး အောင်သပြေပန်းတွေနဲ့ ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့  အမှတ် ၁ စစ်ဒေသ၊ ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

လမ်းသွားပြည်သူတွေထံက ဆက်ကြေးကောက်နေတဲ့ အလက္ကပ္ပကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ပြီး ဘန်ကာတွေကို ရှင်းလင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် အလက္ကပ္ပကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ လမ်းသွားပြည်သူတွေထံ ဆက်ကြေးကောက်နေတဲ့အတွက် တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့ တယ်လို့ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ငွေတွင်းစခန်းမှ ရိက္ခာသယ်ရန် ထွက်လာသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၁ ဦးသေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းစခန်းရှိ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ပူးပေါင်းစစ် ကြောင်းကို တော်လှန်ရေးတပ်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၁ ယောက်သေပြီး ၅ ‌ယောက် ဒဏ်ရာရရှိသွားတယ်လို့ Ngwe Dwin Revolution Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

နေရပ်ပြန်လာကြတဲ့ သပိတ်ကျင်း PDF ရဲဘော်တွေကို ပြည်သူတွေ သောင်းသောင်းဖျဖျကြိုဆို (ရုပ်/သံ)

နေရပ်ပြန်လာကြတဲ့ သပိတ်ကျင်း PDF ရဲဘော်တွေကို ပြည်သူတွေက သောင်းသောင်းဖျဖျကြိုဆိုနေတဲ့ ရုပ်သံဖိုင်ကို သပိတ်ကျင်းမြို့နယ်  ပ.က.ဖ က ထုတ်ပြန်လိုက်ပါတယ်။
Read More

ရေစကြိုမြို့နယ် တောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အပတ်စဥ် ၈/၂၀၂၄ အ​ခြေခံစစ်သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်အခမ်း အနားကျင်းပ (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့နယ် တောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အပတ်စဥ် ၈/၂၀၂၄ အ​ခြေခံ စစ်သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့ တယ်လို့ Southern YSO PDF မှ နိုဝင်ဘာ ၃၀ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ယမန်နေ့က ပစ်ချခံခဲ့ရသည့် ရဟတ်ယာဉ်ရှိရာနေရာကို KIA နှင့် ပူးပေါင်းတပ်များ နယ်မြေရှင်းလင်းစဥ် စစ်သားအလောင်း ၁၆ လောင်းတွေ့ရှိ (ရုပ်/သံ)

ယမန်နေ့က ပစ်ချခံခဲ့ရသည့် ရဟတ်ယာဉ်ရှိရာနေရာကို KIA နဲ့ ပူးပေါင်းတပ်များက နယ်မြေရှင်းလင်းခဲ့ရာ စစ်သားအလောင်း ၁၆ လောင်းနဲ့ မီးလောင်ပျက်စီးနေတဲ့ သေနတ်တွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်းရှေ့တန်းသတင်းရင်းမြစ်ထံက သိရှိရပါတယ်။