မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအပါအဝင် အကြမ်းဖက်စစ်တပ်ရုံးတွေကို တော်လှန်ရေးတပ်တွေက စီးနင်းမီးရှို့ခဲ့ပြီး မြို့ကို ရရှိဖို့အတွက် ဆက်လက်ပိတ်ဆို့ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ရက်နေ့ကစလို့ စလင်းနဲ့ ဆင်ဖြူကျွန်းမြို့နယ်အတွင်းက စစ်အုပ်စုစခန်းတွေကို တော်လှန်ရေးတပ်တွေ စတင်တိုက်ခိုက်နေတာဖြစ်ပြီး ဒီဇင်ဘာလ ၂၅ရက်နေ့မှာတော့ မြို့ကို အပြီးသတ်တိုက်ခိုက်သွားဖို့ရှိတယ်လိုဆိုပါတယ်။

ဒါကြောင့်ဒေသခံတွေတိမ်းရှောင်ကြဖို့ အတွက် သက်ဆိုင်ရာကာကွယ်ရေးတပ်တွေကအသိပေးခဲ့ပါတယ်။

စလင်းနဲ့ဆင်ဖြူကျွန်းမြို့မှာ လာမယ့် ဇန်နဝါရီလ ၁၁ရက်နေ့ ရွေးကောက်ပွဲအတုကျင်းပဖို့ရှိနေတာဖြစ်ပြီး ဒီအတွက် တော်လှန်ရေးတပ်တွေက ဝန်းရံပိတ်ဆို့တိုက်ခိုက်နေ တာလည်း​ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ရက်နေ့ကလည်း စလင်းမြို့ကနေ ဆင်ဖြူကျွန်းကိုဦးတည်ထွက်ခွာလာတဲ့ အင်အား(၁၇၀)ပါ အကြမ်းဖက်စစ်ကူကြောင်းကို တော်လှန်ရေးတပ်တွေကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် ဒရုန်းနဲ့လက်နက်တွေတင်ဆောင်လာတဲ့ ကားတွေ ထိခိုက်ပျက်စီးပြီး စစ်အုပ်စုဘက်အထိခိုက်တွေနဲ့ပြန်ပြီးဆုတ်ခွာသွားခဲ့ရတယအလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။

စစ်အုပ်စုဘက်ကလည်း ​လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေလုပ်ဆောင်ရင်း တော်လှန်ရေးတပ်တွေကို အပြင်းအထန်ခုခံနေတယ်လို့သိရပါတယ်။
ဒီဇင်ဘာလ ၃၁ရက်နေ့ညပိုင်းက ဆင်ဖြူကျွန်းမြို့၊ နွယ်တမယ်တံတားဂိတ်ထဲတပ်စွဲထားတဲ့ စစ်အုပ်စုရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် မန်ကျည်းတောကွက်သစ်ရွာနေ အသက် ၆၀အရွယ်အမျိုးသမီး ၁ယောက်သေဆုံးပြီး ကျန် ၅ယောက်ထိခိုက်ခဲ့ပါသေးတယ်။

ဇန်နဝါရီလ ၁ရက်နေ့ မွန်းလွဲပိုင်းမှာတော့ ဆင်ဖြူကျွန်းမြို့ကအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအပါအဝင် စက်မှုလယ်ယာရုံးနဲ့ အခြားဌာနဆိုင်ရာနေရာတချို့ကို တော်လှန်ရေးတပ်တွေက စီးနင်းမီးရှို့ဖျက်ဆီးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။

လက်ရှိမှာလည်း စစ်အုပ်စုနဲ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေ​တာကြောင့် အရဲစွန့်ပြီး မြို့ထဲ ပြန်မဝင်ကြဖို့ စလင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း သတိပေးထားပါတယ်။

ထိတွေ့တိုက်ပွဲအခြေအနေတွေနဲ့ပက်သက်လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ မောင်းအနေနဲ့ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

“စစ်တပ် လက်အောက်ခံရုံးတွေကို ရှို့တာဟုတ်တယ်။ လက်ရှိလည်းစစ်ရေးတင်းမာနေပါတယ်။” လို့ စလင်းမြိုအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကမောင်းကိုပြောပါတယ်။

တိုက်ပွဲအခြေအနေကြောင့် စလင်း၊ ဆင်ဖြူကျွန်းနဲ့ ပွင့်ဖြူမြို့နယ်တို့ကနေ အရပ်သားထောင်နဲ့ချီစစ်ဘေးတိမ်းရှောင်နေရပြီး ဆေးဝါးနဲ့ ရိက္ခာတွေလိုအပ်နေတယ်လို့လည်း သိရပါတယ်။
0 Shares:
You May Also Like
Read More

ရွှေဘိုတွင် စစ်အုပ်စု ဘန်ကာကင်းတစ်ခုကို ပကဖတပ်များ သိမ်းပိုက်မီးရှို့၊ စစ်အုပ်စု ၂ ဦး သေပြီး လက်နက်တချို့လည်းရရှိ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်အုပ်စုတပ်စွဲထားရာ ဇီးကုန်းလေး ပျူစောထီးရွာကို ပြောက်ကျား ဝင်ရောက်တိုက်ခိုက်ရာ ၂ဖက်ထိခိုက်မှုသေဆုံးရှိခဲ့ပြီး လက်နက်ခဲယမ်းတချို့နဲ့ ဘန်ကာကင်း၁ခုကို သိမ်းပိုက်မီးရှို့ နိုင်ခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဓနုပြည်နယ်အမျိုးသားကာကွယ်‌ရေးတပ်တော်နှင့် ပြည်သူ့သားတပ်တော်တို့ ပူးပေါင်းပြုလုပ်သည့် ‌အပတ်စဉ်(၄) အခြေခံ စစ်သင်တန်းဆင်းပွဲ

ဓနုပြည်နယ်အမျိုးသားကာကွယ်‌ရေးတပ်တော် (DSNDA) နဲ့ ပြည်သူ့သားတပ်တော်(P.S.F)တို့ မဟာမိတ်အဖြစ် ပူးပေါင်းပြုလုပ်ခဲ့တဲ့ ‌အခြေခံစစ်သင်တန်း အပတ်စဉ်(၄) ရဲ့ သင်တန်းဆင်းပွဲကို မတ်လ ၁၀ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ညောင်လေးပင်မြို့နယ်မှ ပျူခေါင်းဆောင်နှင့် ညာလက်ရုံးတပည့်ကို တစ်နေရာစီ ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ ပျူစောထီးခေါင်းဆောင်နဲ့ သူ့တပည့်ကို ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ မစ်ရှင်ဖော်ဆောင်ခဲ့တဲ့ 9 Stars Underground Force ,Bago Region တပ်ဖွဲ့က ပြောပါတယ်။
Read More

ဒဂုံတောင်က အုပ်ချုပ်ရေးမှူးရုံးအတွင်း စစ်ဆင်ရေးလုပ်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးခံရ

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့က ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၀၇)ရပ်ကွက်၏ အုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံခဲ့ရကြောင်း စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေ မှာ ဖော်ပြလာပါတယ်။
Read More

ပေါက်ခေါင်းမှာ စစ်ကောင်စီ စက်တပ်လေထီးဖြင့် ဗုံးကြဲ၊ မိသားစုဝင် ၃ ဦး ထိမှန်ကာ ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ အိုင်စောက်ကျေးရွာမှာ စစ်ကောင်စီရဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ယောက် သေဆုံးကာ ၂ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

မြိုင်မှာ ပျူရွာကို ရိက္ခာလာပို့တဲ့ စစ်အုပ်စုတွေ ၂ရက်ဆက်တိုက်ခိုက်ခံရ၊ ၁၀ယောက်သေပြီး အများအပြားဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ပျူစောထီးရွာအတွက် ရိက္ခာသွားပို့တဲ့ စစ်အုပ်စုတွေ ၂ ရက်ဆက် တိုက်ခိုက်ခံရပြီး ၁၀ယောက်သေကာ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။