ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင် (ညောင်လေးပင်ခရိုင်)၊ မူးမြို့နယ်မှာ အခြေစိုက်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၈) ထံကို စစ်အုပ်စု လက်အောက်ခံ ခမရ-၅၉၉ တပ်ရင်းက တပ်သား (၈) ယောက့ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ဆက်တိုက်အလင်းဝင်ရောက်လာခဲ့တယ်လို့ KNU ကနေ သတင်းထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၉) ရက်နေ့က စစ်အုပ်စုရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းခံရသူ (၅) ယောက်ပထမဆုံး အလင်းဝင်ရောက်ခဲ့ပြီး သူတို့ထဲမှာ အသက် (၁၇) နှစ်အရွယ် လူငယ်တစ်ယောက်လည်း ပါဝင်နေတယ်လို့ သိရပါတယ်။

အလင်းဝင်လာသူ ၅ ယောက်ကတော့ ညွန့်ဇော် အသက် -၂၉ နှစ်၊ နေလင်းထက် အသက်-၂၉ နှစ်၊ စန်းကိုနိုင် (ခ) ကိုကို အသက် -၁၇ နှစ်၊ ကျော်ကျော် အသက်-၂၈ နှစ်နဲ့ မြင့်သောင်း အသက်-၃၀ နှစ်တို့ ဖြစ်တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂ ရက်နေ့မှာလည်း အဲ့ဒီ ခမရ-၅၉၉ တပ်ရင်းကနေ နောက်ထပ် တပ်သား ၃ ယောက် KNLA တပ်ရင်း (၈) ဆီ ထပ်မံအလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။
ထပ်မံ အလင်းဝင်ရောက်လာသူ ၃ ယောက်ကတော့ အောင်လင်းနိုင် (ခ) နိုင်ကြီး အသက် -၂၀ နှစ်၊ ဖြိုးအောင် (ခ) မဲလုံး အသက်- ၂၆နှစ်နဲ့ စန်းမင်းကို အသက်- ၁၉ နှစ်တို့ ဖြစ်တယ်လို့ သိရပါတယ်။

KNU ရဲ့ ထုတ်ပြန်အရ အခုလို အလင်းဝင်လာသူအားလုံးဟာ ၎င်းတို့ရဲ့ ဆန္ဒမပါဘဲ အတင်းအဓမ္မ ဖမ်းဆီး စစ်မှုထမ်းခိုင်းရသူတွေဖြစ်ပြီး KNU အနေနဲ့လည်း စစ်အုပ်စုရဲ့ အတင်းအဓမ္မ စေခိုင်းတာကို ခံရတဲ့ သူတွေကို အသက်ဘေးမှ လွတ်မြောက်ဖို့နဲ့ ပြည်သူ့ဘက်တော်သားတွေအဖြစ် ရပ်တည်နိုင်ဖို့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေထံကို အမြန်ဆုံး ဆက်သွယ်ခိုလှုံကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဓါတ်ပုံ – ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)
0 Shares:
You May Also Like
Read More

ငါ့သရောက်တွင် စစ်ကြောင်းထိုးသည့် အကြမ်းဖက်စစ်အုပ်စု ကြားဖြတ်တိုက်ခံရပြီး ၇၀ ကျော် သေကာ စစ်ကြောင်းလိုက် ပြုတ်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ ငါ့သရောက်မြို့နယ်ခွဲအတွင်း ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီနဲ့ ပျူစောထီး ၇၄ ယောက်အထိ သေဆုံးပြီး စစ်ကြောင်းပျက်စီးသည်အထိ ချေမှုန်းနိုင်ခဲ့ကြောင်းက သိရပါတယ်။
Read More

လူထုထောက်ခံမှု မရှိသည့် ပါတီများနှင့် စစ်ကောင်စီ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေ ဟု NUG ပြော

လာမယ့် နှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲ လုပ်မယ်လို့ ကြွေးကြော်ထားတဲ့ စစ်ကောင်စီဟာ လူထုထောက်ခံမှု မရှိတဲ့ ပါတီတွေနဲ့ ရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။
Read More

ကျောက်မဲမြို့နယ်၊ ပင်တီးကျေးရွာတွင် အကြမ်းဖက်စစ်တပ် လေကြောင်းမှ ဗုံးများ ကြဲချတိုက်ခိုက်၊ ဘုန်းကြီးကျောင်း ၁ ကျောင်း ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းတင်းအုပ်စု၊ ပင်တီးကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀) ဗုံး(၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

Spring Warriors Column က စိုးမိုးနယ်မြေအတွင်းရှိ ရေဘေးသင့်ပြည်သူတွေကို စားနပ်ရိက္ခာနဲ့ ထောက်ပံ့ငွေအချို့ ပေးအပ်… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ရိုးမဗျူဟာ ၄ ၊ ဖာပွန်ခရိုင်တပ်ရင်း ၁ ၊ Spring Warriors Column က တပ်ရင်းစိုးမိုးနယ်မြေအတွင်းရှိ ရေဘေးသင့်ပြည်သူတွေကို စားနပ်ရိက္ခာနဲ့ ထောက်ပံ့ငွေအချို့ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေး နယ်မြေက ရေဘေးဒဏ်ခံ ပြည်သူတွေကို ပကဖ ကူညီ

မြန်မာနိုင်ငံအလယ်ပိုင်း ထိုးဖောက်ရေးမှာ အရေးပါတဲ့ စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေး နယ်မြေက ရေဘေးဒဏ်ခံနေရတဲ့ ဒေသခံပြည်သူတွေကို ပဲခူးတိုင်း ပကဖ ရဲဘော်တွေ နဲ့ လူသားစာနာ တာဝန်ခံက သွားရောက်ကူညီနေတယ်လို့ သိရပါတယ်။
Read More

ကျောက်မဲမြို့နယ်ရှိ နမ့်မန်းတံတားကို အကြမ်းဖက်စစ်တပ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ရှိ နမ့်မန်းတံတားကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။