ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ကာလအတွင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တစ်ခုတည်းသော ကွပ်ကဲမှု (Unified Command) တည်ထောင်နိုင်ခဲ့ပြီး ကျပ်သိန်းပေါင်း ၃ သိန်းကျော်ထိ တပ်ရင်းထောက်ပံ့မှု တိုးမြှင့်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အစီရင်ခံစာအရ သိရပါတယ်။

ဇန်နဝါရီလ ၂ ရက် မနေ့က ထုတ်ပြန်ခဲ့တဲ့ NUG_MOD ရဲ့ ၂၀၂၅ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ အစီ ရင်ခံစာမှာ အခုလို ဖော်ပြခဲ့တာပါ။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကိုတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တိုင်းစစ်ဌာန (၁၀) ခု၊ တပ်မ (၁) ခု၊ တပ်ရင်းပေါင်း (၃၆၀) ရင်းကို တခုတည်းသော ကွပ်ကဲမှုအောက်မှာ ထားရှိ ဆောင်ရွက်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲ့ဒီလိုပဲ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ကို တိုင်းနဲ့ ပြည်နယ်အဆင့် ပကဖ ၁၁ ဖွဲ့၊ ခရိုင်ပကဖ ၅၄ ဖွဲ့၊ မြို့ နယ် ပကဖ ၂၁၂ ဖွဲ့ စသဖြင့် ပကဖအဖွဲ့ စုစုပေါင်း ၂၇၇ ဖွဲ့ကို ကွပ်ကဲမှု ရယူထားပြီး ဖြစ်တယ်လို့အစီရင်ခံစာကဆိုပါတယ်။

ဒါ့အပြင် PDF နဲ့ ပကဖတွေ ပူးပေါင်းပြီး စစ်ဆင်ရေးတွေကို ကွပ်ကဲမှုတစ်ခုတည်းအောက်မှာ ဆောင်ရွက်နိုင်ဖို့ “တိုင်းကွပ်ကဲရေးအဖွဲ့” တွေ၊ “ခရိုင်ကွပ်ကဲရေးအဖွဲ့” တွေကို အဆင့်ဆင့် ဖွဲ့စည်းတည်ထောင်ထားပြီး ဖြစ်တယ် လို့ လည်းသိရပါတယ်။
တိုင်းကွပ်ကဲရေးအဖွဲ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူးရဲ့ စစ်ရေးဦး ဆောင်မှု နဲ့အတူ တိုင်းစစ်ဌာန ဒုတိုင်းကွပ်ကဲရေးမှူး၊ တိုင်းပကဖတာဝန်ခံ၊ တိုင်းပကဖဒုတာဝန်ခံ (စစ်ဘက်ရေးရာ) တို့ ပါ ဝင်ပြီး ခရိုင်ကွပ်ကဲရေးအဖွဲ့မှာ ခရိုင်စစ်ဌာန ခရိုင်ကွပ်ကဲရေးမှူး ဦးဆောင်ပါဝင်တာဖြစ် တယ်လို့ဆိုပါတယ်။

“ ယခင် အမှတ်(၁) စစ်ဒေသ၊ တောင်ပိုင်းစစ်ဒေသ၊ အလယ်ပိုင်းစစ်ဒေသဟူ၍ စစ်ဒေသ(၃)ခု ဖြင့် စုဖွဲ့ခဲ့ပြီး မဟာမိတ် ERO များ၏ စစ်ဆင်ရေးကွပ်ကဲမှုနှင့်ဆောင်ရွက်ခဲ့သည့် ကွပ်ကဲမှုပုံစံအား အမှတ် (၁) စစ်ဒေသ၏ ကွပ်ကဲမှုအောက်ရှိ စစ်ကိုင်းတိုင်း အောက်ပိုင်း (၅) ခရိုင်၊ မကွေးတိုင်း နှင့် မန္တလေးတိုင်းတို့ကို ပြည်သူ့ ကာ ကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်က လွှဲပြောင်းရယူခဲ့ပြီး အုပ်ချုပ်ထောက်ပံ့မှုနှင့်အတူ စစ်ဆင်ရေး ကွပ်ကဲမှုကိုပါ ကောင်းစွာလည်ပတ်ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ အလားတူ တောင်ပိုင်းစစ်ဒေသ၊ အလယ်ပိုင်း စစ်ဒေသများ ကိုလည်း ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်က တိုက်ရိုက်ကွပ်ကဲသော တိုင်းစစ်ဌာနများအဖြစ် ပြင်ဆင် စုဖွဲ့ကွပ်ကဲမှုရယူခဲ့သည်” လို့ NUG_MOD ရဲ့ အစီရင်ခံစာက ဆိုပါတယ်။

အဲ့ဒီ တပ်ရင်းတပ်ဖွဲ့တွေအတွက် ပြီးခဲ့တဲ့နှစ် ဇွန်လက စပြီး လစဉ် ထောက်ပံ့မှု ပုံမှန်ဆောင်ရွက်ပေးနေပြီး တပ် ရင်းတပ်ဖွဲ့တွေရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အစီအမံသစ်တွေချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
NUG_MOD ရဲ့ အစီရင်ခံစာအရ တပ်ရင်းထောက်ပံ့မှုအဖြစ် ၂၀၂၃ ခုနှစ်အတွင်း ကျပ် သိန်းပေါင်း ၂၅၀၀၀၀ ၊ ၂၀၂၄ ခုနှစ်အတွင်း ကျပ်သိန်းပေါင်း ၃၂၉၀၀၀ ထောက်ပံ့နိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်အတွင်း ကျပ် သိန်းပေါင်း ၃၃၆၀၀၀ ကျော် အထိ တိုးမြှင့် ထောက်ပံ့နိုင်ခဲ့တယ်လို့ သိရပါတယ်။

“ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် တပ်ရင်းများအား လုံလောက်စွာ ထောက်ပံ့နိုင်ရေး ကို ဦးတည်လျက် အခွန်ဘဏ္ဍာ၊ PRF အစီအစဉ်နှင့် တစ်ဦးချင်း လှူဒါန်းမှု စသည့် နည်းလမ်း ပေါင်းစုံဖြင့် တစိုက်မတ်မတ် ကြိုး ပမ်း လျက်ရှိပါသည်” လို့ NUG_MOD ရဲ့ အစီရင်ခံစာက ဆိုပါတယ်။

နိုင်ငံရေးနဲ့ စစ်ရေးအခင်းအကျင်း ပြောင်းလဲမှုတွေကြား ပြည်သူ့ကာကွယ်ရေး တပ်မတော်ကို ပိုမိုခိုင်မာ အား ကောင်း လာစေဖို့ တပ်တည်ဆောက်ရေး လုပ်ငန်းတွေကို အရှိန် အဟုန်မြှင့် ဆောင်ရွက်သွားမယ်လို့လည်း NUG_ MOD ကဆိုထားပါတယ်။

ဒါ့အပြင် ဘဏ္ဍာရန်ပုံငွေ နဲ့ စစ်လက်နက်ပစ္စည်း အရင်းအမြစ် စုဆောင်းရေး လုပ်ငန်းတွေကိုလည်း အရင်နှစ်ထက် ပိုမိုအားစိုက် ထမ်းဆောင်သွားမယ်လို့လည်းအစီရငအခံစာက ဆိုထားပါတယ်။
0 Shares:
You May Also Like
Read More

ထိုင်းမြန်မာနယ်စပ်ရှိ မော်ခီးစစ်ကောင်စီစခန်းကို KNLA ပူးပေါင်းတပ်များ ​ထိုးစစ်ဆင်တိုက်ခိုက်နေ

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်ရှိ ဝေါလေဒေသက စစ်ကောင်စီရဲ့ မော်ခီးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

မတ္တရာမြို့နယ်ထဲက ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်ဝင်စီးနင်းလို့ ဒေသခံ ၃ ထောင်ကျော် ထွက်ပြေးနေရ…

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက ကျေးရွာတွေကိုအကြမ်းဖက်စစ်တပ်က ဝင်ရောက်စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူ ၃ ထောင်ကျော် ဘေးလွတ်ရာတွေကို ထွက်ပြေးနေရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။
Read More

ကရင်နီဒေသက ရေဘေးသင့်ပြည်သူတွေကို KNDF တပ်ရင်း ၅ က ကူညီထောက်ပံ့ခဲ့ (ဓာတ်ပုံသတင်း)

ကရင်နီဒေသက ရေဘေးသင့်ပြည်သူတွေအတွက် Karenni Nationalities Defense Force B - 05 (ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း ၅) က ရဲဘော်တွေက Lose and Hope အဖွဲ့သားတွေနဲ့အတူ သွားရောက် ကူညီထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
Read More

မြောင်းမြမြို့ ညောင်ပင်လေးဈေး မီးလောင်မှု ဆိုင်ခန်း ၁၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့

ဧရာဝတီတိုင်း၊ မြောင်းမြမြို့၊ အမှတ် ၂ ရပ်ကွက်၊ ၆လမ်းမှာရှိတဲ့ ညောင်ပင်လေးဈေးမှာ ဇန်နဝါရီ ၁၈ ရက် မနေ့က ညပိုင်းမှာ မီးလောင်မှု ဖြစ်ပွါးခဲ့ပြီး ဆိုင်ခန်းပေါင်း ၁၁၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ဝက်လက် အရှေ့မြောက်ဘက်ရှိ ထုံးဘိုရွာကို စစ်တပ်မီးဝင်ရှို့၊ မြို့နယ်တစ်ခုလုံး စစ်ကြောင်းတွေလှုပ်နေလို့ အရပ်သားများ ထိတ်လန့်နေကြရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ ထုံးဘိုရွာကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်မီးရှို့ခဲ့သလို စစ်ကြောင်းတွေဆက်တိုက်ထိုးနေလို့ ဒေသခံတွေ ဘေးဒုက္ခရောက်နေရကြောင်း ဝက်လက်မြို့နယ် ရွာဇော်ကြီးများအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မိုးဗြဲ PDF 2 – ၁၀၀၇ တပ်ရင်း၏ (၂၄ ) ဦးမြောက် ကျဆုံးအာဇာနည် အသက် ၂၁ နှစ်အရွယ် ရဲဘော်ဖရန်စစ္စကို (ခ) ဖကြောင်

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်ပေါင်းစု တိုက်ပွဲပြင်းထန်နေရာ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၇ တပ်ရင်း -မိုး​​ဗြဲပြည်သူ့ကာကွယ်ရေးတပ် ၂ က တပ်စိတ်မှူး ရဲဘော် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။