အာရက္ခတပ်တော် (ULA/AA) က ပေးပို့တဲ့ “သူပုန်ဖြူ” ကဗျာစာအုပ်တွေကို လက်ဆောင်ရရှိတဲ့အပေါ် အထူးကျေးဇူးတင်ရှိတယ်လို့ ယောတပ်တော် (Yaw Army) က သတင်းထုတ်ပြန်လာပါတယ်။

“သူပုန်ဖြူ” ကဗျာစာအုပ်တွေကို မရောင်းချမီကတည်းက တိုက်ပွဲတွေအတွင်း ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်တွေအတွက် လက်ဆောင်ပေးမှာဖြစ်တယ်လို့ဆိုပါတယ်။

အခုလို လုပ်ဆောင်တာဟာ “သူပုန်ဖြူ Team” က ကြိုတင်စီစဉ်ထားတာဖြစ်ပြီး လက်ဆောင် ပေးရတာဟာလည်း ကဗျာစာအုပ်မှာ ရေးသားထားတဲ့ စာသားတွေနဲ့ စကားလုံးတွေဟာ ရဲဘော်တွေကို စိတ်ဓာတ်ခွန်အား ရရှိအောင် ရည်ရွယ်တာဖြစ်တယ်လို့ သိရပါတယ်။

AA ဟာ ယောတပ်တော် (Yaw Army) သာမက ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာလည်း ခရစ္စမတ်လက်ဆောင်အဖြစ် ZUF/ PDF – Zoland ထံကို “သူပုန်ဖြူ” ကဗျာစာအုပ်တွေကို လက်ဆောင်ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ယောတပ်တော်ဟာ ရခိုင်၊ ချင်းနဲ့ ယောဒေသ မြို့သိမ်းတိုက်ပွဲတွေမှာရဲဘော် ၂၂ ယောက့ ကျဆုံးကာ ၃၁ ယောက် ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရတာပဲ ဖြစ်ပါတယ်။
အခုလို ခက်ခဲကြမ်းတမ်းတဲ့ တော်လှန်ရေးခရီးလမ်းမှာ အစဉ်တစိုက် အနီးကပ်ကွပ်ကဲပြီး ထောက်ပံ့ကူညီမှုတွေကို ပေးအပ်နေတဲ့ အာရက္ခတပ်တော် (ULA/ AA) ကို အထူးပင် ကျေးဇူးတင်ဂုဏ်ပြုကြောင်းကိုလည်း ယောတပ်တော်က ဇန်နဝါရီလ ၂ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ယောတပ်တော် ထည်ထောင်ခြင်း (၂) နှစ်ပြည့် အထိန်းအမှတ် ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်မှာ စတင်တည်ထောင်ခဲ့တဲ့ ယောတပ်တော်ဟာ လက်ရှိမှာ နွေဦးတော်လှန်ရေးတပ်ပေါင်းစု (SRA) အပါအဝင် အခြားမဟာမိတ်အင်အားစုတွေနဲ့လည်း ပူးပေါင်းကာ စစ်အာဏာရှင် အမြစ်ဖြတ်ရေးနဲ့ ယောကံကြမ္မာ ယောဖန်တီးခွင့် ရရှိရေးအတွက် မမှိတ်မသုန် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဆိုထားပါတယ်။
0 Shares:
You May Also Like
Read More

ဂျာမနီရောက် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် The Elders အဖွဲ့နှင့် တွေ့ဆုံခဲ့

ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ The Elders အဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ - NUG ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ခမရ (၅၅၆) မှ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားကို ငွေကျပ်သိန်း(၆၀) ချီးမြှင့်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဇဝဲရွာအခြေစိုက် ခမရ (၅၅၆) ခြေမြန်တပ်ရင်းက တပ်သား(၁) ယောက် တနင်္သာရီမြို့တွင်း လုံခြုံရေးတာဝန်ကျနေချိန် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ 96 Soldiers PDF – တောင်ပိုင်းတိုင်းစစ်ဒေသက တော်လှန်ရဲဘော်များ (ဓာတ်ပုံသတင်း)

96 Soldiers PDF က တော်လှန်ရဲဘော်တွေအနေနဲ့ လုံခြုံရေးသတိ၊ အသိနဲ့ စစ်ဆင်ရေးတွေကို ဖော်ဆောင်နေပြီး ရှေ့တန်းစစ်မြေပြင်မှာ စဥ်ဆက်မပြတ် တာဝန်ထမ်းဆောင်နေတယ်လို့ 96 Soldiers PDF - တောင်ပိုင်းတိုင်းစစ်ဒေသက ဒီနေ့ ညပိုင်းမှာ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ထားပါတယ်။ 
Read More

အကြမ်းဖက်စစ်တပ် စစ်မှုထမ်းအင်အား သုံးပြီး မြေပြန်ဒေသတွင် ရွေးကောက်ပွဲအတု နယ်မြေစိုးမိုးရေးအတွက် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

အကြမ်းဖက်စစ်တပ်ဟာ အတုအယောင်ရွေးကောက်ပွဲအကြို မြေပြန့်ဒေသ နယ်မြေစိုးမိုးရေးအဖြစ် အင်ပြည့်အားပြည့်နဲ့ စစ်ကြောင်းထိုးရာမှာ စစ်မှုထမ်းအင်အားတွေကို အဓိက အသုံးချလာကြောင်း၊ သင်တန်းကာလနဲ့ သင်တန်းကျောင်းတွေကိုလည်း အရင်ထက်ပိုပြီး တိုးချဲ့ဖွင့်လှစ်လာကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) ရဲ့ စစ်ဘက်သုတေသနတာဝန်ခံ  ကိုနောင်ရိုးက မောင်းကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်မှုအန္တရာယ်ကြားမှ ကော်သူးလေ အစိုးရစစ် စာမေးပွဲ ပြီးမြောက်အောင်မြင်ကြောင်း KNU ဗဟို ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်ပညာရေး နှင့် ကျန်းမာရေးဌာနက ပြုလုပ်ခဲ့တဲ့ (၁၂)တန်း ကော်သူးလေအစိုးရစစ် စာမေးပွဲ ပြီးမြောက် အောင်မြင်ခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ထုတ်ပြန်ပါတယ်။
Read More

ဗန်းမောက်တွင် ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သားပြည်သူများစွာ ပိတ်မိနေ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်အုပ်စုက အရပ်သားတွေကို မြို့အတွင်းဓားစာခံအဖြစ် ပိတ်ထာကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။