မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးလေးကျေးရွာထဲကို စစ်အုပ်စုပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျ ရောက်ပေါက်ကွဲခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

ဇန်နဝါရီလ ၂ ရက် မနက် ၈ နာရီ ၄၅ မိနစ်လောက်မှာ ဘီးလင်းမြို့အခြေစိုက် အမှတ် ၃ ခြေမြန်တပ်ရင်းကနေ လက်နက်ကြီးပစ်ခတ်ခဲ့ရာ အလူးလေးရွာထဲကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ ၃ ယောက်သေဆုံးပြီး ၂ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

“သူတို့တကယ်တော့အလူးကြီးဘက်ကိုထောင်ပြီးပစ်တာ ပစ်တဲ့အခါ ပြောင်းကချော်ပြီးပြန်လှည့် တော့ လက်နက်ကြီးက အနောက်ဘက်ကိုပြန်ကျတယ် အလူးကြီးရွာကတော့အကုန်ရှောင်ပြီ၊ အလူးလေးရွာကတော့မရှောင်သေးဘူး ဒဏ်ရာရတဲ့ထဲမှာ ကလေးတစ်ယောက်ကတော့ စိုးရိမ်ရတယ်” လို့ ဘီးလင်းနယ်ခံတစ်ယောက်က မောင်းကိုပြောပါတယ်။

စစ်အုပ်စုဟာ ထိတွေ့တိုက်ပွဲမရှိပဲ မကြာခဏဆိုသလို ကျေးရွာတွေဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေ နဲ့ ပစ်ခတ်တာမျိုးတွေ လုပ်ဆောင်လေ့ရှိတယ် လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ကင်းပတ်တဲ့နေ့ တွေမှာဆိုလည်း လမ်းမကြီးနားရောက်တဲ့အချိန် အခုလို လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တာမျိုးတွေ ပြုလုပ်နေတယ်လို့ဆိုပါတယ်။

“ထိပ်တိုက်တွေ့တာမဟုတ်ဘူး သူတို့ဘာသူတို့ပစ်တာပစ်တဲ့အခါကျတော့လက်နက်ကြီးလိုက်ကျတာ အခုလည်း အဲဒီကုန်းထိပ်ကနေပဲသူတို့ပစ်တာ ကနေသူတို့ ကင်းလှည့်တယ်၊ အလူးရွာတောက် လျှောက်သူတို့ကင်းလှည့်တယ်၊ ကင်းလှည့်ရင်းကားလမ်းမကြီးကိုလာပြီးဆိုရင် သူတို့ လက်နက်ကြီး နဲ့ကြိုပစ်တယ် လက်နက်ငယ်တွေ နဲ့လည်း ပစ်ဖောက်တယ်” လို့ ဒေသခံက ဆက်ပြောပါ တယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့ကလည်း ခမရ ၃ က စစ်အုပ်စု ပစ်ခတ်လိုက်တဲ့လက်နက်ကြီးဟာ အလူးကြီးအနောက်ဘက်ကမ်း ခတ္တာဘုန်းကြီးကျောင်းထဲ ကျရောက်ပေါက်ကွဲခဲ့လို့ ဒေသခံ ၃ ယောက်ထိမှန်သေဆုံးခဲ့ပါသေးတယ်။
0 Shares:
You May Also Like
Read More

TNLA အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲ ပြုလုပ်

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ရဲ့ အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲကို တအာင်းပြည် ထိန်းချုပ်နယ်မြေတစ်နေရာမှာ နိုဝင်ဘာ (၉)ရက်နေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း TNLA က အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်ကြောရေးတွင် မသေရုံတမယ် ရိုက်နှက်ခံရပြီး ပြန်လွတ်လာသည့် တော်လှန်လူငယ်တစ်ဦး

အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာလူငယ် အတော်များများဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေထဲကို အသီးသီး ဝင်ရောက်သွားခဲ့ကြပါတယ်။
Read More

ကစားစရာ သေနတ်နှင့် အမှုတည်ဆောက်ပြီး ၆ နှစ်ကလေးကိုပါ ဖမ်းထားသည့် စစ်ကောင်စီ 

စစ်ကောင်စီဟာ ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် ပစ်ခတ်ခံရမှုနဲ့ ပတ်သက်ပြီး လူ ၁၆ ယောက်ကို စွပ်စွဲဖမ်းဆီးထားတယ်လို့ ဇွန်လ ၅ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
Read More

Passport ၊ MOU လုပ်သားနဲ့ CI သမားတွေကို သက်တမ်းတိုးပေးမယ်လို့ ထိုင်းနိုင်ငံ စစ်ကောင်စီသံရုံး ထုတ်ပြန်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မြန်မာသံရုံးကနေ မနေ့က အောက်တိုဘာ ၂၃ ရက်မှာ နိုင်ငံကူးလက်မှတ်၊ MOU လုပ်သားနဲ့ CI စာအုပ်ကိုင်ဆောင်ထားသူတွေကို သက်တမ်းတိုးပေးမယ်လို့ ထုတ်ပြန်လာပါတယ်။
Read More

အမေရိကန်မှာ NUG ဝန်ကြီး ဒေါက်တာဆာဆာက သံအမတ်ကြီးဦးကျော်မိုးထွန်းအပါအဝင် နယူးယောက်ရှိ မြန်မာပြည်သူတွေနဲ့ တွေ့ဆုံခဲ့…

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာဆာဆာက ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

မြစ်ဆုံဒေသကို သဘာဝနှင့် ယဉ်ကျေးမှုပေါင်းစပ် အမွေအနှစ်အဖြစ် NUG သတ်မှတ်၊ စီမံကိန်းများနှင့် စစ်ရေးအသုံးမပြုရန် တားမြစ်

"မြစ်ဆုံဒေသသည် မေခနှင့်မေလိခ သာစွမြစ်ဆုံဟူ၍ ဌာနေတိုင်းရင်းသားများနှင့် ကချင်ပြည်သားများ သာမက တနိုင်ငံလုံးက ချစ်မြတ်နိုးလေးစားရာဒေသအဖြစ် သမိုင်းကြောင်းတလျှောက် တည်ရှိခဲ့ပါသည်" ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။