အကြမ်းဖက်စစ်တပ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချနှိမ်နင်းခဲ့တဲ့ မှတ်တမ်းရုပ်သံကို အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင်မှ ဇန်နဝါရီ ၂ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။

မှတ်တမ်းရုပ်သံဖိုင်အတွင်း ကျေးရွာတစ်ရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ တိုက်ခိုက်ခြေမှုန်းခဲ့သလို ဒရုန်းပျံသန်းဖို့ စမ်းသပ်နေတဲ့ အကြမ်းဖက်စစ်သားတွေကိုလည်း ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။

Video-အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင်
0 Shares:
You May Also Like
Read More

ရေတာရှည်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ကို မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၆ ဦးသေဆုံးပြီး စစ်သုံးပစ္စည်းအချို့သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း ရေတာရှည်မြို့နယ်အတွင်း အင်အား ၄၀ ဝန်းကျင်ရှိတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၆ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိသွားတယ်လို့ တပ်ရင်း ၃၅၀၄ - ရေတာရှည်မြို့နယ် အခြေစိုက်မှ မနေ့က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ရက်နေ့က ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်ဝှမ်းအနောက်ဘက်ခြမ်းမှာ သီးစား တောင်သူတွေဆီ ငွေလာကောက်တဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လုံခြုံရေး တပ်ခွဲ (၂) ရဲ့တပ်ကြပ်ကြီး မြင့်လွင်ကို ရေတာရှည်မြို့နယ်အခြေစိုက်တပ်ရင်း-၃၅၀၄ က လက်ရအရှင်ဖမ်းဆီးခဲ့ပါတယ်။
Read More

ထိုင်းနိုင်ငံကို ပုန်ကန်မယ့်သူတွေကို လက်ခံသွားမယ်လို့ အကြမ်းဖက်စစ်တပ်လော်ဘီ သဇင်ဦးပြော (ရုပ်/သံ)

ပြုံးပြုံးလေးရုပ်ရှင်ကို ပြသခွင့်ပေးတဲ့ ထိုင်းနိုင်ငံရဲ့ လုပ်ရပ်တွေကြောင့် ထိုင်းနိုင်ငံနဲ့ ထိုင်းဘုရင့် တပ်မတော်ကို ပုန်ကန်မယ့်သူတွေကို မြန်မာနိုင်ငံအတွင်း လက်ခံသွားဖို့ အကြမ်းဖက်စစ်တပ်ကို ထောက်ခံသူ စစ်လော်ဘီ သဇင်ဦးက ပြောကြားခဲ့ပါတယ်။ ''ထိုင်းနိုင်ငံ၊ ထိုင်းဘုရင့်တပ်မတော်ကို တော်လှန်ပုန်ကန်မယ့်သူတွေကို ကျွန်မတို့ နိုင်ငံထဲမှာ ခေါ်ထားမယ်။ ခေါ်ပြီး command ပေးခိုင်းမယ်။ ငါတို့နိုင်ငံထဲမှာနေ ပြီးရင် မင်းတို့အစိုးရကို ပုန်ကန်။ ဒီမှာ စင်ပြိုင်အစိုးရဖွဲ့၊ ဆန္ဒပြတွေ ပြခိုင်း၊ ငါတို့နိုင်ငံထဲမှာ အေးဆေးနေ'' လို့ သဇင်ဦးက ပြောကြားခဲ့ တာပါ။
Read More

ရှေ့တန်းရောက် ရဲဘော်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့် “အောင်ဖို့လှမ်းလာ စစ်ဝတ်တန်ဆာ” ကမ်ပိန်း (ရုပ်/သံ)

ပခုက္ကူခရိုင် အမှတ် (၁၆) တပ်ရင်းက ရှေ့တန်းရောက်ရဲဘော်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ့် "အောင်ဖို့လှမ်းလာ စစ်ဝတ်တန်ဆာ" ကမ်ပိန်းပြုလုပ်ထားတယ်လို့ သိရပါတယ်။
Read More

မရမ်းကုန်းမြို့နယ်တွင် ပစ္စည်းလုယက်ပြီး ဆိုင်ကယ်ဖြင့် ထွက်ပြေးမှုဖြစ်ပွား (ရုပ်/သံ)

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ဂန္ဓမာလမ်းမပေါ်မှာ ပစ္စည်းလုယက်ပြီး အသင့်စောင့်ဆိုင်းနေတဲ့ ဆိုင်ကယ်နဲ့ ထွက်ပြေးခဲ့တဲ့ ရုပ်သံဖိုင်ကို Zaw Min Oo အမည်ဖြင့် Facebook သုံးစွဲသူက အောက်တိုဘာ ၁၉ ရက်မှာ မျှဝေခဲ့ပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

ပဲခူးတိုင်းစစ်ဌာန နည်းဗျူဟာ ၂၂ ၏ အခြေခံစစ်သင်တန်းဆင်းပွဲ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊အမှတ် (၂) စစ်ဆင်ရေးနယ်မြေ ၊ ပဲခူးတိုင်းစစ်ဌာန ၊ နည်းဗျူဟာ (၂၂) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၁ ရက်က သာယာဝတီခရိုင်အတွင်း ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

လောင်းလုံးတွင် အင်အား ၃၀၀ ဝန်းကျင်ရှိ စစ်တပ်စစ်ကြောင်းနှင့် ၁၀ နာရီခန့်ကြာ တိုက်ပွဲဖြစ်ပြီး စစ်သားအများအပြား သေ၊ တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာအထွက်မှာ အင်အား ၃၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေဆုံးကာ တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ ဒူရက စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။