ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင် (ညောင်လေးပင်ခရိုင်)၊ မူးမြို့နယ်မှာ အခြေစိုက်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၈) ထံကို စစ်အုပ်စု လက်အောက်ခံ ခမရ-၅၉၉ တပ်ရင်းက တပ်သား (၈) ယောက့ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ဆက်တိုက်အလင်းဝင်ရောက်လာခဲ့တယ်လို့ KNU ကနေ သတင်းထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၉) ရက်နေ့က စစ်အုပ်စုရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းခံရသူ (၅) ယောက်ပထမဆုံး အလင်းဝင်ရောက်ခဲ့ပြီး သူတို့ထဲမှာ အသက် (၁၇) နှစ်အရွယ် လူငယ်တစ်ယောက်လည်း ပါဝင်နေတယ်လို့ သိရပါတယ်။

အလင်းဝင်လာသူ ၅ ယောက်ကတော့ ညွန့်ဇော် အသက် -၂၉ နှစ်၊ နေလင်းထက် အသက်-၂၉ နှစ်၊ စန်းကိုနိုင် (ခ) ကိုကို အသက် -၁၇ နှစ်၊ ကျော်ကျော် အသက်-၂၈ နှစ်နဲ့ မြင့်သောင်း အသက်-၃၀ နှစ်တို့ ဖြစ်တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂ ရက်နေ့မှာလည်း အဲ့ဒီ ခမရ-၅၉၉ တပ်ရင်းကနေ နောက်ထပ် တပ်သား ၃ ယောက် KNLA တပ်ရင်း (၈) ဆီ ထပ်မံအလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။
ထပ်မံ အလင်းဝင်ရောက်လာသူ ၃ ယောက်ကတော့ အောင်လင်းနိုင် (ခ) နိုင်ကြီး အသက် -၂၀ နှစ်၊ ဖြိုးအောင် (ခ) မဲလုံး အသက်- ၂၆နှစ်နဲ့ စန်းမင်းကို အသက်- ၁၉ နှစ်တို့ ဖြစ်တယ်လို့ သိရပါတယ်။

KNU ရဲ့ ထုတ်ပြန်အရ အခုလို အလင်းဝင်လာသူအားလုံးဟာ ၎င်းတို့ရဲ့ ဆန္ဒမပါဘဲ အတင်းအဓမ္မ ဖမ်းဆီး စစ်မှုထမ်းခိုင်းရသူတွေဖြစ်ပြီး KNU အနေနဲ့လည်း စစ်အုပ်စုရဲ့ အတင်းအဓမ္မ စေခိုင်းတာကို ခံရတဲ့ သူတွေကို အသက်ဘေးမှ လွတ်မြောက်ဖို့နဲ့ ပြည်သူ့ဘက်တော်သားတွေအဖြစ် ရပ်တည်နိုင်ဖို့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေထံကို အမြန်ဆုံး ဆက်သွယ်ခိုလှုံကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဓါတ်ပုံ – ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)
0 Shares:
You May Also Like
Read More

ထားဝယ်တွင် စစ်ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်၊ အကြမ်းဖက်စစ်သား ၂၀ ကျော် သေပြီး ၃ ဦးကို အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ ရရှိ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ဘက်ကို တက်လာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား အများအပြား သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူးထံက သိရပါတယ်။
Read More

မြောက်ဦးမှာ တရားမဝင် ပြင်ပအရက်၊ ဘီယာ ရောင်းချတာတွေကို ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ (DLEPS) ဝင်ရောက်ဖမ်းဆီး 

ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် AA သိမ်းပိုက်ထားတဲ့ မြောက်ဦးမြို့အတွင်း တရားမဝင် ပြင်ပအရက်၊ ဘီယာတွေကို အာရက္ခပြည်သူ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ (DLEPS) က ဝင်ရောက်ဖမ်းဆီးနေတယ်လို့ ဒေသတွင်းသတင်းမီဒီယာဖြစ်တဲ့ Arakan Princess Media က ဖော်ပြထားပါတယ်။
Read More

PNLO နယ်မြေက ပွန်ချောင်းတံတားကို စစ်ကောင်စီ လေတပ် ဗုံးကြဲတိုက်ခိုက်

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နယ်မြေက အများပြည်သူအသုံးပြုနေတဲ့ ပွန်ချောင်းတံတားကို စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က ထုတ်ပြန်ထားပါတယ်။
Read More

သထုံတွင် မဲရုံထဲ ဖုန်းယူသွားမိသူ အမျိုးသမီး ၂ ဦး ဖမ်းဆီးခံရ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မရမ်းကုန်းကျေးရွာမှာ ဒီဇင်ဘာ ၂၈ ရက် မနေ့က မဲသွားပေးရင်း မဲရုံထဲ ဖုန်းပါလာတဲ့ အမျိုးသမီး ၂ ယောက်ကို စစ်တပ်က ဖမ်းဆီးပြီး ရွေးကောက်ပွဲဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ဧရာဝတီတိုင်းအတွင်း မြို့နယ်တချို့မှာ ကင်းပုန်းဝပ်ပြီး လူငယ်တွေကိုပေါ်တာဆွဲနေ

ဧရာဝတီတိုင်းထဲက မြို့နယ် ၆ ခုမှာ အကြမ်းဖက်စစ်တပ်က ကင်းပုန်းဝပ်ပြီး ပေါ်တာဆွဲမှုတွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ သတင်းပေးတဲ့ လူတချို့ကို မွေးထားပြီး ဝင်ရောက်ပေါ်တာဆွဲတာတွေ လုပ်နေတယ်လို့ သိရပါတယ်။
Read More

ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ထံ စစ်ကော်မရှင်တပ်သားတစ်ဦး လက်နက်မဲ့ အလင်းဝင်လာ

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအာင်းတပ်မတော် TNLA နဲ့အတူ တိုက်ပွဲဝင်နေတဲ့ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ထံကို စစ်ကော်မရှင်တပ်သား ၁ ယောက် အလင်းဝင်လာတယ်လို့ အဆိုပါအဖွဲ့က အောက်တိုဘာလ ၂၂ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။