မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကမ -၁၉) က ထွက်လာတဲ့ စစ်ကားကို စောင့်ကြိုတိုက်ခိုက်ရာမှာ ကားပေါ်ပါလာတဲ့ တပ်ရေးဗိုလ်ကြီး ၁ယောက်အပါအဝင် ၄ ယောက် ထိခိုက်ခဲ့ကြောင်း ရေးပြောက်ကျားတပ်-YGF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေပိုင်းမှာ စကခ (၁၉) ကနေ ထွက်လာတဲ့ စစ်ကား၁စီးကို ရေးမြို့နယ်၊ ဖားကြီးနဲ့ ကံလှရွာ၂ ခု ကြား၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးကင်းပုန်းချထားတဲ့ နေရာမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သိရတာပါ။

အဲ့ဒီစစ်ကားဟာ စကခ(၁၉) ကနေ ကျောင်းရွာအခြေစိုက် ခမရ ၅၉၁ နဲ့ ခမရ ၈၃ တပ်ရင်းတွေဆီ ပြန်လာတာဖြစ်ပြီး တိုက်ခိုက်ခံရမှုကြောင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ရေးပြောက်ကျားတပ်- YGFက ပြောပါတယ်။

ရေးပြောက်ကျားတပ်-YGF တပ်ဖွဲ့ဝင်များ

တိုက်ခိုက်မှုအတွင်း ကားပေါ်ပါလာတဲ့ အကြမ်းဖက်စစ်သား ၅ ယောက်ထဲက တပ်ရေးဗိုလ်ကြီးအဆင့်ရှိသူ သော်ဇင်ထွန်း အပါအဝင် ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ရေးပြောက်ကျားတပ်-YGF အမှတ် (၈၀၀၁) က လုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ တိုက်ခိုက်မှုအပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူတွေရဲ့ ထောက်ပို့ငွေတွေနဲ့ ရှေ့တန်းရောက် ရဲဘော်တွေ စစ်အသုံးအဆောင်ပစ္စည်းတွေ ဆင်ပေးခဲ့တဲ့ ကျားသစ်နက်စစ်ကြောင်း… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကျားသစ်နက် စစ်ကြောင်းရဲ့ The Life Armor Project ကနေ ရရှိလာတဲ့ ထောက်ပို့ငွေတွေနဲ့ ရှေ့တန်းမှာရှိတဲ့ ရဲဘော်တွေကို ကျည်ကာ အင်္ကျီ ၊ ကျည်ကာဦးထုပ် ၊ ကျည်ကာပြား ၊ ကျောပိုးအိတ်နဲ့ ဖိနပ်တွေ တပ်ဆင်ပေးန်ိုင်ခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

တရုတ်-မြန်မာနယ်စပ်က ဖီမော်မြို့ကို KIA တိုက်ခိုက်သိမ်းပိုက်

တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ ဖီမော်မြို့ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ကချင်စစ်ရေးသတင်းအရင်းအမြစ်က ဖော်ပြလာပါတယ်။
Read More

နတ်အိမ်တောင်စခန်း စစ်ကူလာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ ၄ ဦး သေပြီး လက်နက် ၁ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အရှေ့ဘက်ခြမ်း ထိုင်း - မြန်မာ နယ်စပ်ရှိ နတ်အိမ်တောင်စခန်းကို အင်အားဖြည့်ဖို့ လာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၄ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နည်းဗျူဟာ ( ၃၃ ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မြင်းမူမြို့ပေါ်က စစ်ကောင်စီ တပ်စွဲထားတဲ့နေရာတွေကို တော်လှန်ရေးအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ မြို့ပေါ်နေရာတွေကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Moe Nyo Revolution Force M.N.R.F အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ခလရ (၄၀၃) တပ်ရင်းမှ စစ်သား (၂) ဦး လက်နက်နှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ခလရ (၄၀၃) တပ်ရင်းက စစ်သား (၂) ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ KNU - Mergui - Tavoy District က ထုတ်ပြန်ပါတယ်။
Read More

ခင်ဦးမြို့နယ်အတွင်း ကျဆုံးခဲ့သည့် ရဲဘော် ၃ ဦး၏ မိသားစုဝင်များကို ခင်ဦး ပကဖ၊ ပအဖ ဂုဏ်ပြုထောက်ပံ့ငွေ ပေးအပ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်း ကျဆုံးခဲ့ရတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (ပကဖ) ရဲဘော် ၃ ယောက်ရဲ့ မိသားစုဝင်တွေကို ဂုဏ်ပြုထောက်ပံ့ငွေ ပေးအပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။