မကွေးတိုင်း နတ်မောက် – ပျော်ဘွယ်လမ်းဟောင်းပိုင်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေ စစ်‌ဆေးရေးပြုလုပ်နေချိန် ပစ်ခတ်ခဲ့တဲ့အတွက် အကြမ်းဖက်စစ်တပ် အရာရှိတစ်ယောက် အပါအဝင် ၂ ယောက် သေဆုံးခဲ့တယ်လို့ နတ်မောက်မြို့နယ် ပကဖ တာဝန်ခံဆီက သိရပါတယ် ။

ဇန်နဝါရီ ၂ ရက် ဒီနေ့မနက် ၇ နာရီလောက်မှာ စစ်ကော်မရှင်တပ်သား ၃ ယောက်ဟာ 9D-3960 TOYOTA HILUX SURF ကားတစ်စီး နဲ့ ရွာမွန်ဖက်ကို မောင်းနှင်းလာချိန် ပစ်ခတ်ခံခဲ့ရတာပါ။

“ကျွန်တော်တို့ စစ်ဆေးရေးလုပ်နေတဲ့နေရာက သူတို့စိုးမိုးထားတဲ့လမ်းပါ စိုင်ကောင်းရွာမှာကရဲစခန်းရှိပါတယ်၊ သေဆုံးတာကကျတော်တို့ရှေ့ကဖြတ်မောင်းပြေးတာကိုအနီးကပ်လမ်းဘေးကနေရပ်ပစ်ရတာမို့မျက်မြင်ပါ၊ လွတ်သွားတဲ့တစ်ယောက်ကရဲဘော်သေနတ်ကျည်ညပ်သွားတဲ့အတွက်ပါ” လို့ နတ်မောက်မြို့နယ်ပကဖတာဝန်ခံအဆိပ်သီးက မောင်းကို ပြောပါတယ်။

လမ်းပိုင်းစစ်ဆေးရေးလုပ်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက တားဆီးတဲ့အချိန် စစ်ကော်မရှင်တပ်သားတွေ ကားမောင်းပြေးခဲ့တယ်လို့ ဆိုပါတယ်။

ထွက်ပြေးတဲ့အချိန် ကာကွယ်ရေးတပ်ဖွဲ့တွေက လိုက်လံပစ်ခတ်ခဲ့ရာ အရာရှိတစ်ယောက် နဲ့ အခြားအဆင့် စစ်ကော်မရှင်တပ်သား ၂ ယောက် သေဆုံးပြီး ကျန်တစ်ယောက်ကတော့ ခရီးသွားပြည်သူတွေရဲ့ကားကို သေနတ်ထောက်ပြီး ရွာမွန်ဖက်ကို ထွက်ပြေးသွားတယ်လို့ဆိုပါတယ်။

အဲ့ဒီလို တိုက်ခိုက်မှုအပြီး အကြမ်းဖက်စစ်တပ် စီးနင်းလာတဲ့ ကားပေါ်က MA3 နှစ်လက်၊ MA3ကျည်ပေါက်ရှစ်‌ခု နဲ့ 5.56 ကျည်အတောင့်နှစ်ရာ သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။

စစ်ဆေးမှုပြုလုပ်နေတဲ့ လမ်းပိုင်းက ကာကွယ်ရေးတပ်သားတွေ ပြန်ဆုတ်ခွာလာချိန် သရက်ချဥ်ကျေးရွာက ပျူစာထီး နဲ့ အကြမ်ဖက်စစ်တပ်သားတွေရဲ့ ကားတစ်စီးရောက်လာပြီး ထိတွေ့ပစ်ခတ်မှု မိနစ်အနည်းငယ်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ် ။

လက်ရှိမှာတော့ အကြမ်းဖက်စစ်နဲ့ထိတွေ့မှုဖြစ်ပွားခဲ့တဲ့ရွာနားက ပြည်သူတွေကိုဖမ်းဆီးထားသလို၊ ဝင်အူကျေးရွာထဲကိုလည်း အင်အား ၇၀ ဝန်းကျင်နဲ့ရောက်ရှိနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တောင်ပိုင်းစစ်ဒေသမှာ တိုက်ပွဲဝင်နေတဲ့ 96 Soldiers PDF တော်လှန်ရဲဘော်များ (ဓာတ်ပုံသတင်း)

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထပ်မံသိမ်းပိုက်အုပ်ချုပ်နိုင်တဲ့ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် စတဲ့မြို့တွေကို
Read More

KNDF ရဲ့ အမှတ် (၄) စစ်နည်းဗျူဟာသင်တန်း ရဲဘော်များ (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ အမှတ် (၄) စစ်နည်း ဗျူဟာ သင်တန်းက ရဲဘော်ရဲမေတွေရဲ့ ပုံရိပ်တွေကို KNDF တပ်ရင်းအမှတ် ၅ က ဒီဇင်ဘာ ၅ ရက် ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေး အတွင်း သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီး၊ စစ်ကောင်စီတပ်သားအချို့ မူးယစ်ဆေးဝါး သုံးစွဲမှသာ စစ်တိုက်နိုင်တယ်လို့ ဝန်ခံ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ဦးဆောင်တဲ့ အဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေး အတွင်း သိမ်းဆည်းရရှိခဲ့တဲ့ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးခဲ့တံ အခမ်းအနားကို ဒေသခံပြည်သူတွေနဲ့အတူ တက်ရောက်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီ၏ (၉၀၂)တပ်စခန်းအနီး တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး (၁၁)လုံးနှင့် လက်နက်ကြီး (၂၆)လုံး ပစ်ခတ်တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ (၉၀၂)တပ်စခန်းအနီး တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး (၁၁)လုံးနဲ့ လက်နက်ကြီး (၂၆)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကောလင်းခရိုင် ပကဖ တိုက်ခိုက်ရေးစစ်သည်များ သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ တိုက်ခိုက်ရေးစစ်သည်များ သင်တန်းဆင်းပွဲကို အောက်တိုဘာ ၂၇ ရက်နေ့က လွတ်မြောက်နယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့ကြောင်း ပကဖ အသံက ဖော်ပြထားပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ် ကျူးလွန်သည့် ရာဇဝတ်မှုများကြောင့် အရပ်သား ၄၅ ဦး သေဆုံးခဲ့

ရခိုင်ပြည်နယ်မှာ ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် သေဆုံးသူ အရပ်သား ၄၅ ယောက်အထိ ရှိပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။