ယောဒေသအတွင်းနဲ့ ကချင်စစ်မျက်နှာပြင်တွေမှာ ဂန့်ဂေါခရိုင်တပ်ရင်းတွေက အင်အား ၅၀၀ ကျော် ဖြန့်ကျက်ပြီး တာဝန်ထမ်းဆောင်နေတယ် လို့ဂန့်ဂေါခရိုင်စစ်ဌာနက ဇန်နဝါရီလ ၁ ရက် မနေ့က အသိပေးထုတ်ပြန်လာပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကွပ်ကဲမှုနဲ့ လှုပ်ရှားနေတဲ့ ဂန့်ဂေါခရိုင်စစ်ဌာန လက်အောက်ခံတပ်ရင်းတွေ​အနေနဲ့ ပြီးခဲ့တဲ့နှစ်တွေ ကစလို့တာဝန်ထမ်းဆောင်နေတာလို့သိရပါတယ်။

 ကချင်ပြည်နယ်၊ ဝိုင်းမော်အပါအဝင် ယောဒေသ(ခေါ်) ဂန့်ဂေါခရိုင်အတွင်းက ဂန့်ဂေါ၊ ထီးလင်း၊ ကျော၊ ဆောနဲ့ လောင်းရှည် ဒေသတွေကရှေ့တန်းစစ်မြေပြင်တွေ​မှာအသီးသီး တာဝန်ထမ်းဆောင်နေကြတယ်လို့သိရပါတယ်။

” ၂၀၂၄ ဒီဇင်ဘာလ ကတည်းက ဒီစစ်မျက်နှာပြင်တွေမှာတာဝန်ထမ်းဆောင်နေကြတာပါ။” လို့ ဂန့်ဂေါခရိုင် စစ်ဌာနတာဝန်ရှိသူ တစ်ယောက် ကလည်းမောင်းကိုပြောပါတယ်။

PDF ၊ ဂန့်ဂေါခရိုင် စစ်ဌာန

ဒါ့အပြင် သက်ဆိုင်ရာ တပ်ရင်း နယ်မြေတွေ အလိုက် နောက်တန်း နေရာတွေက တပ်ဖွဲ့ဝင်တွေဟာလည်း တော်လှန်ရေးတာဝန်ကျေအောင် ကြိုးစားနေတယ်လို့ပြောပါတယ်။

လက်ရှိ ၂၀၂၅ ခုနှစ်ကုန်လို့ ၂၀၂၆ ခုနှစ်ရောက်ရှိလာချိန်မှာတော့ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲဘော်တွေဘေးအန္တရာယ်ကင်းဖို့ကိုလည်း ဂန့်ဂေါခရိုင်စစ်ဌာနက ဆုတောင်းထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ ကစလို့ ဂန့်ဂေါခရိုင်အတွင်း Yawland Operation (ယောမြေစစ်ဆင်ရေး) ကို ဒေသခံတပ်ရင်းတပ်ဖွဲ့တွေနဲ့အတူ လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။

လေကြောင်းအန္တရယ်တွေကြားကနေ ပျူစောထီးရွာတစ်ရွာကိုလည်း သိမ်းပိုက်ရရှိထားတယ်လို့သိရပါတယ်။

ဒီစစ်ဆင်ရေးမှာတော်လှန်ရေးတပ်တွေ ဘက်ကလည်း ငါးယောက်ထက်မနည်း ထိခိုက်ကျဆုံးထားပြီးတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ဒေသခံစစ်ရေးသတင်းရင်းမြစ်ကလည်း ပြောပါတယ်။

 

0 Shares:
You May Also Like
Read More

သပိတ်ကျင်းမှာ မြို့နယ် ပကဖ က စစ်ရှောင်ပြည်သူများကို ရိက္ခာထောက်ပံ့၊ ကျန်းမာရေးစောင့်ရှောက်မှုများလည်း လုပ်ဆောင်ခဲ့

မန္တလေးတိုင်းအတွင်းရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်စိုးမိုးထားတဲ့ သပိတ်ကျင်းမြို့နယ်မှာ စစ်ရှောင်ပြည်သူတွေကို ရိက္ခာထောက်ပံ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဆီက သိရပါတယ်။
Read More

တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က စက်တင်ဘာလ ၂၄ ရက် မနေ့ကညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံတွေ ထိခိုက်သေဆုံးခဲ့ရကြောင်း သိရပါတယ်။
Read More

ကျောက်ကြီးမြို့နယ်၊ တောင်စုကျေးရွာတိုက်ပွဲမှာ ကျဆုံးခဲ့သည့် အသက် ၂၅ နှစ်အရွယ် တော်လှန်ရဲဘော်ရဲ့ စျာပနအခမ်းအနား…

ပဲခူးတိုင်း ၊ ကျောက်ကြီးမြို့အနီး တောင်စုကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်ရဲ့ စျာပနအခမ်းအနားပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ဖာပွန်ခရိုင် တပ်ရင်း ၁ (တပ်ရင်း-၇၀၀၁) Spring Warriors Column က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းမြို့အနီးတစ်ဝိုက်ကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၇.၇အဆင့်နှင့် ၆.၄ အဆင့်ရှိ အင်အားပြင်း ငလျင် ၂ ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိလေ့လာရေး အသင်း ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာကို ဗဟိုပြုပြီး ဒီနေ့ နေလယ် ၁၂ နာရီ ၅၀ မိနစ်အချိန်မှာ ရစ်ချက်တာစကေး ၇.၇ အဆင့်ရှိ အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန် ဘူမိလေ့လာရေး အသင်း (USGS) က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကြောရေး ဒဏ်ရာများဖြင့် အကျဥ်းထောင်အတွင်း ကျဆုံးခဲ့သည့် မဝတ်ရည်အောင်၏ နောက်ဆုံးခရီး

အကြမ်းဖက်စစ်ကောင်စီ မတရား ဖမ်းဆီးအကျဥ်းချထားပြီး အကျဥ်းထောင်ထဲမှာပဲ မနေ့က ကျဆုံးခဲ့တဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အသက် ၂၆ နှစ်အရွယ် မဝတ်ရည်အောင်ရဲ့ စျာပနကို ဒီနေ့မှာ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ နာရေးကူညီမှုအသင်း-ရန်ကုန်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သာကေတက အငြိမ်းစားရဲမှူးဟောင်းကို AA နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး စစ်ကောင်စီ ဖမ်းဆီး

ရန်ကုန်တိုင်း သာကေတမြို့နယ် အမှတ် ၇ ရပ်ကွက်မှာ နေထိုင်တဲ့ အငြိမ်းစား ရဲမှူရဟောင်း ဦးရွှေဇံ ဆိုသူကို အကြမ်းဖက် စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၆ ရက်မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။