တနင်္သာရီတိုင်း ထားဝယ်ခရိုင် မေတ္တာမြို့နယ် ကျောက်မဲတောင်ရဲစခန်းကို တိုက်ခိုက်ခဲ့တယ်လို့ Eastern Defense Force EDF ကသတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၂၈ ရက်က စစ်ကော်မရှင် ပြုလုပ်တဲ့ အတုအ‌ယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ အနေနဲ့ မေတ္တာမြို့နယ် ကျောက်မဲတောင်ရဲစခန်းကို တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ကျောက်မဲတောင်ရဲစခန်းမရောက်မီ ကာကင်းထုတ်ထားတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ ထိတွေ့ တိုက်ပွဲ နာရီဝက်လောက်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။

လက်ရှိ မြေပြင်အခြေအနေအရ အကြမ်းဖက်စစ်သားတွေရဲ့ ထိခိုက်မှုကို အတည်မပြုနိုင်ခဲ့ဘူးလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကိုအရှေ့ပိုင်းကာကွယ်ရေးတပ်ဖွဲ့ (Eastern Defense Force – EDF) ရဲဘော်တွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ပွဲမှာ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Video – Eastern Defense Force – EDF

0 Shares:
You May Also Like
Read More

သာသနာဘောင်မှာ ၂၅ နှစ်နေထိုင်ပြီး ရွာမီးရှို့ခံရတဲ့အတွက် တော်လှန်ရေးထဲပါဝင်ခဲ့တဲ့ ရဲဘော် ပုလဲဦးဇင်း (ရုပ်/သံ)

သာသနာဘောင်မှာ ၂၅ နှစ်နေထိုင်ပြီး ထိုင်းနိုင်ငံမှာ ပညာဆည်းပူးနေစဉ် ရွာမီးရှို့ခံရတဲ့အတွက် တော်လှန်ရေးထဲဝင်ရောက်လာခဲ့တဲ့ ရဲဘော် ပုလဲဦးဇင်းအကြောင်းကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRA က ရုပ်သံမှတ်တမ်းထုတ်ပြန်ခဲ့ပါတယ်။
Read More

KIA သိမ်းပိုက်ထားတဲ့ လန်ဆယ်ဒေသကို စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့စစ်တွေ ပူးပေါင်းစစ်ကြောင်းထိုးလာ (ရုပ်/သံ)

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဆော့လော်မြို့နယ် လန်ဆယ်ဒေသကို စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့စစ်တွေ စက်တင်ဘာ ၁၉ ရက်က စတင်ပြီး စစ်ကြောင်းထိုးလျက်ရှိရာ KIA နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားလျက်ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြို့သာစက်မှုဇုန်ထဲကနေ ၁၂ ဘီးကားနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း မြို့သာစက်မှုဇုန်ထဲကနေ ၁၂ ဘီးကားနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို စက်တင်ဘာ ၂၅ ရက် မနက်ပိုင်းက ဆီမီးခုံဆိပ်ကမ်း-မြို့သာစက်မှုဇုန်လမ်းမပေါ် တဲကြီးရွာနဲ့ ရွာသာအေးရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဂျိုးဖြူ - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

စစ်အာဏာရှင်က ပြုလုပ်မယ့် ရွေးကောက်ပွဲအတုကို ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲ ရေတာရှည်မြို့မှာပြုလုပ် (ရုပ်/သံ)

ပဲခူးတိုင်း ရေတာရှည်မြို့မှာ စစ်အာဏာရှင်က ပြုလုပ်မယ့် ရွေးကောက်ပွဲအတုကို ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ ဒီဇင်ဘာ ၆ ရက်မှာ ပြုလုပ်ခဲ့တဲ့ အဆိုပါဆန္ဒပြပွဲအတွင်း “နိုင်ငံရေးအကျည်းသားများ ပြန်လည်လွတ်မြောက်‌ရေး ဒို့အရေး၊ စစ်အာဏာရှင်လုပ်တဲ့ ရွေးကောက်ပွဲ အလိုမရှိ၊ ပါတီမစုံနဲ့ ရွေးကောက်ပွဲ အလိုမရှိ၊ လူထုမပါတဲ့ ရွေးကောက်ပွဲ အလိုမရှိ'' စတဲ့ ကြွေးကြော်သံတွေနဲ့ ချီဆက်ဆန္ဒပြခဲ့ကြပါတယ်လို့ သိရပါတယ်။
Read More

ကော့ကရိတ် အာရှလမ်းမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကော်မရှင်ဗိုလ်မှူး ၁ ‌ယောက် အပါအဝင် စစ်သားအများအပြား သေဆုံး (ရုပ်/သံ)

ကရင်ပြည်နယ် ကော့ကရိတ် အာရှလမ်း တတန်ကူးရွာတိုက်ပွဲမှာ စစ်ကော်မရှင် ဗိုလ်မှူး ၁ ယောက်၊ အရာရှိ ၄ ယောက်အပါအဝင် စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။