မကွေးတိုင်း၊ ပခုက္ကူခရိုင်၊လကတ (၂၀၃၆) တပ်က တပ်မမှူးလိုက်ပါလာတဲ့ကားကို လာကြိုတဲ့ စစ်အုပ်စုယာဉ်တန်းကို တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပခုက္ကူခရိုင်အမှတ် − ၁၉ တပ်ရင်းဆီက သိရပါတယ်။

ဒီဇင်ဘာ ၃၀ ရက်နေ့မှာ လကတ (၂၀၃၆) တပ်ကနေ ကားလေးစီးနဲ့ ထွက်လာတဲ့ စစ်အုပ်စုယာဉ်တန်းကို လာကြိုတဲ့ သံပြားကာကား (၁) စီး၊ အိမ်စီးကား (၁) စီးကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ခြုံခိုတိုက်ခိုက်ခဲ့ကြတာပါ။

အဲ့ဒီတိုက်ခိုက်မှုကြောင့် စစ်အုပ်စုဝင်တပ်သား ၁၆ ယောက်သေဆုံးပြီး ၃ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ ချုံခိုတာက လာကြိုတဲ့ ကား(၂) စီးကို တိုက်တာဗျ၊ ကား (၄) စီးမှာ တပ်မမှူးပါတယ်၊ ပြောရရင် တပ်မမှူးပါတဲ့ကားကို ကြိုကြတာပေါ့၊ လာကြိုတဲ့ကား (၂) စီးမှာ ဗိုလ်အဆင့်ပါတဲ့ စစ်သားတွေပါတယ်၊ ဗိုလ်အဆင့်ပါတဲ့ကောင်လည်းသေတယ်” လို့  ပခုက္ကူခရိုင်အမှတ် − ၁၉ တပ်ရင်းမှ တာဝန်ရှိသူတစ်ယောက်က မောင်းကိုပြောပါတယ်။

အပြန်အလှန် ထိတွေ့ပစ်ခတ်မှု ၁ နာရီ နီးပါးဖြစ်ပွားခဲ့ပြီး ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း တပ်သားတစ်ယောက် ကျဆုံးခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်အုပ်စုဝင် တပ်သားတွေဆီကနေ 79 (၁)လက်၊ MA – 1 (၄) လက်၊ MA – 3 ( ၃) လက် နဲ့ အခြားဆက်စပ်ပစ္စည်းများကိုသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။

အခုလို ထိတွေ့ပစ်ခတ်မှုမှာ အထိနာသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ညတွင်းချင်း တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ကျေးရွာတစ်ဝိုက်ကို လေကြောင်းဗုံးကြဲခဲ့တယ်လို့သိရပါတယ်။

ဒီတိုက်ခိုက်မှုကို  ပခုက္ကူခရိုင် စုဖွဲ့မှုစစ်ကြောင်း ၂ (PDF , ပကဖ , LDF )၊ ပခုက္ကူခရိုင် Commando တပ်ဖွဲ့၊ ပခုက္ကူခရိုင် အမှတ် (၄)၊ (၁၁)၊ (၁၉) တပ်ရင်းများက ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့ကလည်း ပခုက္ကူခရိုင်အမှတ် − ၁၉ ပူးပေါင်းတပ်ဖွဲ့ဟာ ဆိပ်ဖြူမြို့နယ်၊ သံဇလုံကျေးရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၃ ယောက်သေဆုံးပြီး၁ ယောက်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၂၃ ရက်နေ့ကလည်း ဆိပ်ဖြူမြို့နယ် ကပစ (၂၂) ကို သွယ်တန်းထားတဲ့ လျှပ်စစ်မဟာဓာတ်အားလိုင်း ဓာတ်တိုင်များကို မိုင်းဆွဲတိုက်ခိုက်ခဲ့သလို၊ ကပစ (၂၂) တပ်အထိုင်ထဲကိုလည်း Rocket များနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

နိုင်ငံခြားငွေ ရှားပါးလာတဲ့ စစ်ကောင်စီက စက်သုံးဆီ တင်သွင်းမှုကို လျှော့ချနိုင်ဖို့ စမတ်ကတ်စနစ်ကို ကျင့်သုံးခြင်းသာ ဖြစ်

တစ်နေ့လျှင် တစ်ကြိမ်သာ ဓာတ်ဆီနှင့်ဒီဇယ်ဆီ ဝယ်ယူခွင့်ပြုမယ့်  စက်သုံးဆီဝယ်ယူခွင့် စမတ်ကတ်စနစ် ဟာပြည်ပကနေ စက်သုံးဆီ ဝယ်ယူတင်သွင်းရမှုကို လျှော့ချဖို့ ရည်ရွယ်ပြီး ဆောင်ရွက်သာဖြစ်ကြောင်း စီးပွားရေးပညာရှင်တွေက ပြောဆိုလိုက်ပါတယ်။
Read More

တော်လှန်ရေးကို ထောက်ပံ့မယ့် ဖြူဖြူကျော်သိန်းရဲ့ ကိုရီးယားနိုင်ငံ ဂီတဖျော်ဖြေပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့

ကိုရီးယားနိုင်ငံမှာ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့ ဖြူဖြူကျော်သိန်းရဲ့ ဂီတဖျော်ဖြေပွဲကနေ တော်လှန်ရေးအတွက် ထောက်ပံ့ကူညီသွားမယ်လို့ သိရပါတယ်။
Read More

မိုးကုတ်မြို့ပေါ်ကို စစ်ကောင်စီ ဗုံးအလုံး ၂၀ ခန့် လေကြောင်းတိုက်ခိုက်

မိုးကုတ်မြို့ပေါ်ကို စစ်ကောင်စီက ဗုံးအလုံး ၂၀ ခန့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က အသိပေးထုတ်ပြန်ပါတယ်။
Read More

မြိုင်မှာ ညောင်ဂျစ်ပင်ပျူရွာကနေထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းနင်းမိလို့ ၅ ယောက်သေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေထောင်ထားတဲ့ နင်းမိုင်း နင်းမိလို့ ကင်းပုန်းထွက်လာတဲ့ စစ်ကောင်စီတပ်သား ၅ယောက်သေဆုံးခဲ့ပြီး နယ်မြေရှင်းလင်းရေး သွားရောက်လုပ်ဆောင်ရာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင်ပကဖ က ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူမြို့ရှိ စစ်ကောင်စီဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၂ ဦးနှင့် ပျူ ၁ ဦး သေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ် ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက်နဲ့ ပျူစောထီး ၁ ယောက် သေဆုံးခဲ့တယ်လို့ Myingyan Black Tiger (MBT)တပ်ဖွဲ့က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ပြင်ဦးလွင် ခရိုင်၊မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ရဲ့ အထူးတိုက်ခိုက်ရေး သင်တန်း ဆင်းပွဲ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ ပြင်ဦးလွင် ခရိုင်၊မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ရဲ့ အထူးတိုက်ခိုက်ရေး သင်တန်း ဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၅ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ ပြင်ဦးလွင်မြို့နယ် ပကဖ က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။