မကွေးတိုင်း စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့မှာ အကြမ်းဖက်စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲပြီး ဌာနဆိုင်ရာရုံးတွေ မီးလောင်ပြီး ပြည်သူ ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။
ဇန်နဝါရီ ၁ ရက် နေ့လယ်ပိုင်းက ဆင်ဖြူကျွန်းမြို့မှာ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲပြီး ထွေအုပ်ရုံးနဲ့ စက်မှုလယ်ယာရုံးတွေ မီးလောင်ပျက်စီးသွားပြီဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၃၁ ရက် ညပိုင်းကလည်း ဆင်ဖြူကျွန်းမြို့ မန်ကျည်းတောရွာထဲကို လက်နက်ကြီး ကျည်ဟာ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲပြီး အမျိုးသမီး ၁ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Video – လူမှုကွန်ရက်