အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် မကြည်ပြာ နဲ့ ခင်ပွန်းဖြစ်သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုကာလ ၁ လကျော်ကြာသွားပြီးဖြစ်တဲ့အတွက် NUG အစိုးရအနေနဲ့ အများပြည်သူသိအောင် ထုတ်ပြန်ကြေညာပေးဖို့ Queer အဖွဲ့အစည်းများက တိုက်တွန်းလိုက်ပါတယ်။

စုံစမ်းစစ်ဆေးမှုတွေရဲ့ လုပ်ငန်းစဉ်အခြေအနေတွေ၊ အချိန်ဇယားတွေကို အများပြည်သူသိအောင် ပုံမှန်ထုတ်ပြန်ကြေညာပေးဖို့လည်းတိုက်တွန်းထားပါတယ်။

“အခုချိန်မှာ NUG ဟာ တော်လှန်ရေးအာဏာကိုယူထားတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် ကျွန်တော်တို့ တွေက တိုက်တွန်းနှိုးဆော်တာတွေကိုပဲ ပြုလုပ်နိုင်ပါတယ် ကျွန်တော်တို့ရဲ့ တိုက်တွန်းနှိုးဆော်မှုတွေကို ဂရုမစိုက်ဘူးဆိုရင်လည်း ကျွန်တော်တို့က ဒီထက်ပိုမိုဖိအားပေးနိုင်တဲ့ တိုက်တွန်းနှိုးဆော်မှုတွေကိုပဲ ဆက်လက်လုပ်ဆောင်သွားပါ့မယ်” လို့ တက်ကြွလှုပ်ရှားနေတဲ့ LGBTQ+ လူငယ်တစ်ယောက်က မောင်း ကိုပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တရားမျှတမှုကို အမြန်ဆုံး ဖော်ဆောင်ပေးဖို့ ၊ နွေဦးတော်လှန်ရေးမှာ အာဏာရှင်စနစ်ပျက်သုန်းရေးအတွက်  Queer အဖွဲ့အစည်းတွေက တိုက်တွန်းနှိုးဆော်လိုက်တယ်လို့ ဆိုပါတယ်။

 NUG တော်လှန်အစိုးရအနေဖြင့် တိုင်ကြားသူများ နဲ့ သက်သေများအားခြိမ်းခြောက်မှု ၊ ဖိအားပေးမှု နဲ့ ပြန်လည်အရေးယူမှုများ မဖြစ်ပေါ်စေရန် အာမခံချက်ကို တရားဝင်ထုတ်ပြန်ပေးခြင်း ၊ စုံစမ်းစစ်ဆေး ရေးအဖွဲ့အတွင်း NUG အစိုးရ အဖွဲ့ဝင်များအပြင် အရပ်ဖက်လူမှုအဖွဲ့အစည်းများ လွတ်လပ်တဲ့ ပညာရှင်များကိုပါ ပါဝင်စေလိုပြီး လူထုယုံကြည်ရတဲ့ စုံစမ်းစစ်ဆေးရေးစနစ်တစ်ရပ်အဖြစ် ဖော်ဆောင်ပေးစေလိုတယ်လို့ဆိုပါတယ်။

မကြည်ပြာ ရဲ့ စုံစမ်းစစ်ဆေးမှုကို NUG တော်လှန်ရေးအစိုးရအနေနဲ့ အခုချိန်ထိ ထုတ်ပြန်ခြင်းမရှိ တာဟာ အမှုကိုအချိန်ဆွဲနေကြောင်းထင်မိတယ်လို့သူကဆိုပါတယ်။

ဒါ့အပြင် ယခုလို ကတိကဝတ် ပျက် ကွက်မှုတွေက NUG အပေါ်မှာထားတဲ့ လူထုရဲ့ ယုံကြည်မှုတွေကို ပိုမိုပျက်ပြားစေနိုင် တယ်လို့လည်းဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ပတ်သက်တဲ့ အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားမှု စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးနေပြီး အမှန်တရားအတိုင်း ဖော်ထုတ်သွားမယ်လို့ ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားထားပါတယ်

ဒီဇင်ဘာလ (၂၉) ရက်နေ့က NUG ရဲ့ ပြန်ကြားရေး PVTV နဲ့ သီးသန့်တွေ့ဆုံမေးမြန်းရာမှာ ဒေါက်တာဇော်ဝေစိုးက “အရေးကြီးဆုံး နံပါတ် (၁) ကတော့ အာဏာလိုချင်လို့ ကျနော် တော်လှန်ရေးလုပ်နေတာ မဟုတ်ပါဘူး။ ကျနော်တို့တွေအားလုံး ဒီအာဏာကို အလွဲသုံးစားပြုနေတဲ့သူတွေကို တော်လှန်ဖို့အတွက် တော်လှန်ရေး လုပ်နေတာ ဖြစ်ပါတယ်” လို့ ဆိုခဲ့ပါတယ်။ 

ဒေါက်တာဇော်ဝေစိုးကတော့ အဂတိနဲ့ အမြတ်ထုတ်မှုတွေကို လုံးဝခွင့်လွှတ်မှာ မဟုတ်တဲ့ Zero Tolerance မူဝါဒနဲ့ ကိုင်တွယ်မှာဖြစ်ပြီး စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကို ဝန်ကြီးချုပ်ထံ တင်ပြပြီးရင် ပြည်သူလူထုထံကထုတ်ပြန်အသိပေးသွားမယ်လို့ ပြောဆိုထားပါတယ်။

မကြာပြာ နဲ့ ခင်ပွန်းဖြစ်သူ ကိုညီညီမင်းတို့ကို လူ့အခွင့်ရေးချိုးဖောက်မှု ၊ အာဏာအလွှဲသုံးစားမှု နဲ့ အဂတိလိုက်စားမှုများ ၊ လုပ်ငန်းခွင်အတွင်းလိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပြုခြင်း ၊ ဝန်ထမ်း များအပေါ် နဲ့ တော်လှန်ရေးအစိုးရကိုလွှမ်းမိုးခြယ်လှယ်ခြင်းတို့ကို  အရေးယူပေးဖို့အတွက် ပြီးခဲ့ နိုဝင် ဘာ ၂၂ ရက်နေ့မှာတိုင်ကြားထားတာပဲဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မိုးဗြဲကို ရဖို့ အလုံးရင်းနှင့်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ ထိခိုက်မှုအများအပြားဖြင့် ပြန်လည်ဆုတ်ခွါခဲ့ရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့မှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်မှုအများပြားနဲ့ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ရှမ်းတောင်စစ်ဒေသခွဲ၊ အမှတ်- ၁ ဗျူဟာ၊ PDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကျောက်မဲမြို့တွင် သံဃာ (၁) ပါး ခြုံရှင်းရင်း မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက်(၂)ရှိ  နတ်စစ်လင်းဘုန်းကြီးကျောင်းမှာ သံဃာတော် (၁) ပါး ခြုံရှင်းနေချိန် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်က ကန်တော်ကြီး ပြည်သူ့ဥယျာဥ်မှာ သံအမတ်ကြီး ဦး‌ကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော် (ဓာတ်ပုံသတင်း)

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် ကန်တော်ကြီး ပြည်သူ့ ဥယျာဥ်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီးဖြစ်တယ်လို့ ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်မှု တစ်ရပ်ကို ပြုလုပ်ခဲ့တယ်လို့ Sanchaung New Generation ဆီက သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးတွေကြောင့် ပေါက်မှာ နေအိမ် ၅လုံးပျက်စီးပြီး အရပ်သား၂ယောက်ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရက်လေးပင်ရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကအပြင်၊ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

သီတာယုမွန် လက်အောက်ရှိ စစ်အုပ်စုဂိတ်စခန်းတစ်ခုအား ဒရုန်း ၁၀ စီးဖြင့် တိုက်ခိုက်၊ စစ်အုပ်စု ၅ ဦး သေပြီး ၈ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ ပျူစောထီး‌ခေါင်းဆောင် သီတာယုမွန် လက်အောက်ရှိ စစ်အုပ်စု ဂိတ်စခန်းတစ်ခုကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းထံက သိရပါတယ်။
Read More

နောင်ချိုကို စစ်ကောင်စီ ပေါင် (၅၀၀) ဗုံးကြဲချတိုက်ခိုက်လို့ နေအိမ်တွေ ထိခိုက်ပျက်စီး

နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင်(၅၀၀) ဗုံး(၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA က အသိပေးထုတ်ပြန်ပါတယ်။