၂၀၂၅ ခုနှစ် တနှစ်တာအတွင်း တော်လှန်ရေးအဖွဲ့အသီးသီးနဲ့ အကြမ်းဖက်စစ်တပ်တို့ကြား တိုက်ပွဲပေါင်း ၇၀၀၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်က ထုတ်ပြန်တဲ့ ၂၀၂၅ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ အစီရင် ခံစာမှာ အခုလို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ အ​ကြမ်းဖက်စစ်တပ်က ၅၆၉၉ ယောက် သေဆုံးခဲ့ပြီး ၂၇၂၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၁၁၂၄ ယောက်ကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေထဲမှာ အညာနဲ့ စစ်တောင်းမြစ်ဝှမ်းဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဆင်နွှဲခဲ့တဲ့ တိုက်ပွဲပေါင်း ၂၉၈၄ ကြိမ် ပါဝင်တယ်လို့လည်း ဆိုပါတယ်။

အဲဒီတိုက်ပွဲတွေမှာ ရင်ဆိုင်တိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲနဲ့ ရန်သူ့စစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်တာ အပါအဝင် တိုက်ပွဲကြီးပေါင်း ၁၃၈၆ ကြိမ် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင်  ပြောက်ကျားပစ်ခတ်ခြင်းနဲ့ မိုင်းဆွဲတိုက်ခိုက်တာ အပါအဝင် တိုက်ပွဲငယ်ပေါင်း ၈၀၇ ကြိမ်ထက်မနည်း တိုက်ခိုက်နိုင်ခဲ့ပြီး  အကြမ်းဖက်စစ်တပ်စခန်းတွေနဲ့ စစ်ကြောင်းတွေကို ဒရုန်းသီးသန့် အသုံးပြု တိုက်ခိုက်မှုပေါင်း ၇၀၁ ကြိမ်ထက်မနည်း ဖော်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

အလားတူ ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း ဗိုလ်မှူး ၂  ယောက် အပါအဝင် စစ်ကော်မရှင်တပ်သား ၅၃၆ ယောက် အလင်းဝင် ရောက်ခဲ့တယ်လို့သိရပါတယ်။ 

ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း တော်လှန်ရေးလိုအပ်ချက်နဲ့ စိန်ခေါ်မှုအဖြစ် ခဲယမ်းမီးကျောက် ရှာဖွေရရှိမှု လျော့ကျလာပြီး ခဲယမ်းအကန့်အသတ်ကြောင့် တချို့စစ်ဆင်ရေးတွေကို အကောင်အထည်မဖော်နိုင်ဘဲ ဆုတ်ခွာခဲ့ရတယ် လို့ လည်းဆိုပါတယ်။ 

စစ်ရေးပြင်းထန်တဲ့ ဒေသတွေမှာ တော်လှန်ရေး ရဲဘော်တွေ အနားမရဘဲ စိုးမိုးထိန်းချုပ်နယ်မြေ ကျယ်ပြန့် လာတာနဲ့အမျှ နယ်မြေတွေကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့  ဆန့်ထုတ်တပ်ဖြန့်ရတဲ့ စိန်ခေါ်မှုတွေ ကြုံတွေခဲ့ရတယ်လို့လည်း ဆိုပါတယ်။ 

ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို အပြည့်အဝသိမ်း ပိုက်ထား နိုင်ခဲ့သလို မြို့နယ်ပေါင်း ၄၁ မြို့နယ်ကိုလည်း ဆက်လက် ဝိုင်းပတ် ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။ 

“တော်လှန်ရေးအင်အားစုများသည် ကချင်၊ ကယား (ကရင်နီ)၊ ကရင်၊ ချင်း၊ ရခိုင်၊ စစ်ကိုင်း၊ မန္တလေး၊ ရှမ်းမြောက် ဒေသများသာမက မကွေးနှင့် တနင်္သာရီဒေသများတွင်ပါ မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲများကို ထိရောက်စွာ ဆင်နွှဲ နိုင် ခဲ့ပါသည်။ မံစီ၊ ဖလမ်း၊ အင်းတော်၊ ဗန်းမောက်နှင့် မောတောင်မြို့များကို အပြည့်အဝ သိမ်းပိုက် ထားနိုင်ခဲ့ပြီ ဖြစ်ပါသည်။ ဗန်းမော်၊ ကျောက်ဖြူ၊ ဖာပွန်၊ ကသာနှင့် ဆင်ဖြူကျွန်းမြို့များတွင်လည်း ရန်သူ့တပ်များကို ပြင်း ထန်စွာ ဖိအားပေးတိုက်ခိုက်လျက်ရှိပါသည်” လို့ NUG_ MOD ရဲ့ အစီရင်ခံစာက ဆိုထားပါတယ်။ 

အလားတူ ကချင်၊ ရခိုင်၊ ချင်း၊ ကရင်နဲ့ တနင်္သာရီဒေသရှိ နယ်စပ်ကုန်သွယ်ရေး စခန်းတွေ၊ လမ်းကြောင်းတွေကို အောင်မြင်စွာ ထိန်းချုပ်ထားနိုင်ခဲ့သလို စစ်တောင်းမြစ်ဝှမ်းလွင်ပြင်ဒေသ၊ ရန်ကုန်-မန္တလေး လမ်းဟောင်းအပိုင်းနဲ့ မွန်-တနင်္သာရီ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးတို့ကို စိုးမိုးထိန်းချုပ်နိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ မဟာမိတ် တော်လှန်ရေးအဖွဲ့ အစည်းတွေ အနေနဲ့  တော်လှန်ရေး ရည်မှန်းချက်ပန်းတိုင်ဆီ ခြေလှမ်းမှန်မှန် တစိုက်မတ်မတ် ချီတက်နေပြီး ၂၀၂၆ ခုနှစ်အ တွင်း စစ်အနိုင်တိုက်ရေး ရည်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ 

နိုင်ငံရေးနဲ့ စစ်ရေးအခင်းအကျင်း ပြောင်းလဲမှုကြား ပြည်သူ့ကာကွယ်ရေး တပ်မတော်ကို ပိုမိုခိုင်မာ အားကောင်းလာစေဖို့ တပ်တည်ဆောက်ရေး လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ 

“၂၀၂၆ ခုနှစ်တွင် မိမိတို့ အခြေအနေနှင့် ရန်သူ့အခြေအနေကို သေချာစွာ ချိန်ဆလျက် မဟာဗျူဟာနှင့်အညီ မျှော် မှန်းထားသော တော်လှန်ရေးအရွေ့ကို အစီအစဉ်တကျ ဖန်တီးဖော်ဆောင် သွားရန် ရည်မှန်းထားပါသည်” လို့ NUG_ MOD ရဲ့ အစီရင်ခံစာ မှာဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူများ ထမင်းငတ်မယ့်အဖြစ် ရောက်စေသည့် နတ်ထမင်းရွာ ရာအိမ်မှူးကို နေအိမ်ထဲ ဝင်ရောက်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ နတ်ထမင်းကျေးရွာမှာ ပြည်သူတွေကို စစ်မှုထမ်းကြေး အတင်းကောက်ခံနတဲ့ ရာအိမ်မှူးဖြစ်သူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၃) က ထုတ်ပြန်ပါတယ်။ 
Read More

KNU ဥက္ကဋ္ဌ အဖွဲ့ဝင်များ၊ Chinland အစိုးရအဖွဲ့ဝင်များအပါအဝင် AA နှင့် PDF တို့ကို ရွေးကောက်ပွဲနှောင့်ယှက်မှုဖြင့် စစ်ကော်မရှင် အမှုဖွင့်ထား

ကရင်အမျိုးသားအစည်အရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း အပါအဝင် အဖွဲ့ဝင် ၁၃ ယောက်၊ အာရက္ခတပ်တော် AA နဲ့ ချင်းပြည် Chinland အစိုးရအဖွဲ့ဝင် ၁၇ ယောက်တို့ကို အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားမှု ဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

စစ်ကောင်စီဝန်ကြီးများ အလျင်အမြန် ဖဲကြိုးဖြတ်ပြီး ထွက်ပြေးရသည့် ဂျိုင်းတံတားသစ် ဖွင့်ပွဲ ဗုံးကြဲခံမှု စစ်သား ၃ ဦး သေ၊ ၅ ဦးထက်မနည်း ဒဏ်ရာရ

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့မှာ အကြမ်းဖက်စစ်ကောင်စီဝန်ကြီးတွေနဲ့ စစ်တပ်အရာရှိတွေ တက်ရောက်လာတဲ့ ဂျိုင်းတံတားသစ် ဖွင့်ပွဲအခမ်းအနားကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး ၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းကနေ ထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို မုံရွာ- မန္တလေးလမ်းပေါ်က မြင်းမူမြို့နယ်ထဲအ​ရောက်မှာ မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်ကိုင်းမြို့ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၂ယောက်သေပြီး ၆ယောက် ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း BLDF-တပ်ခွဲ(အညာမိုင်း)တပ်ဖွဲ့ထံက သိရပါတယ်။ အောက်တိုဘာ ၂ ရက်၊ နေ့လည်ပိုင်းက စစ်ကိုင်းမြို့ဘက်ကနေ…
Read More

ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းက ပြည်သူ​တွေရဲ့အ​ထောက်အပံ့နဲ့ သင်တန်းဆင်း ရဲ​ဘော်​တွေကို ယူနီဖောင်း ဆင်ပေးခဲ့…

တော်လှန်ပြည်သူ​တွေရဲ့ အ​ထောက်အပံ့နဲ့ စစ်သင်တန်းဆင်းမယ့် ရဲ​ဘော်​တွေကို ယူနီဖောင်းဝတ်စုံ ဆင်ပေးနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

အိန္ဒိယနှင့် မလေးရှား ကူညီကယ်ဆယ်ရေးအဖွဲ့များ အသီးသီး ပြန်လည်ထွက်ခွာ

မြန်မာ့ငလျင်ဘေးအတွက် ရောက်ရှိလာတဲ့ အိန္ဒိယနဲ့မလေးရှားနိုင်ငံက ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ပြန်လည်ထွက်ခွါသွားပြီလို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။