ဆွစ်ဇာလန်နိုင်ငံ အဲလ်ပိုင်းတောင်တန်းပေါ်က နာမည်ကြီး နှင်းလျှောစီး အပန်းဖြေစခန်းတစ်ခုရဲ့ ဘားမီးလောင်မှု ဖြစ်ပွားပြီး လူပေါင်း ၄၀ လောက် သေဆုံးကာ ၁၁၅ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဇန်နဝါရီ ၁ ရက် မနက် ၁ နာရီခွဲဝန်းကျင်လောက်မှာအဲလ်ပိုင်းတောင်တန်းပေါ်က Le Constellation ဘား မီးလောင်မှုဖြစ်ပွားခဲ့တာပါ။
ဒဏ်ရာရရှိသူတွေဟာလည်း မီးလောင်မှုကြောင့် ဒဏ်ရာတွေပြင်း ထန်တယ်လို့ သိရပါတယ်။
သေဆုံးဒဏ်ရာရရှိသူတွေဟာ ဘယ်နိုင်ငံသားဖြစ်တယ်ဆိုတာ စစ်ဆေးဖော်ထုတ်ပြီး မိသားစုဝင်တွေကို အကြောင်းကြားနေတယ်လို့ Valais မြို့ ရဲတပ်ဖွဲ့မှူးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
Video – လူမှုကွန်ရက်