စစ်ကိုင်းတိုင်း ကသာမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံတွေ မြို့လုံးကျွတ်စစ် ဘေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံက ပြောပါတယ်။

ဒီနေ့ ဇန်နဝါရီ ၂ ရက် မနက် အစောပိုင်းက ကသာမြို့ ပတ်ဝန်းကျင်ကို အကြမ်းဖက်စစ်တပ်ဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကျောင်းသားအရွယ် ၁ ယောက်သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

KIA နဲ့ PDF ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်ကတည်းက ကသာမြို့ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ နေရာတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲတွေ အပြင်းအထန်ဖြစ် ပွားနေတာပါ။

” ကသာမြို့တစ်ဝက်ကျော်ကျော်လောက်အထိ တော်လှန်ရေးဘက်ကရထားပြီလို့သိရတယ်။ ဌာန​ဆိုင်ရာရုံးတွေအထိပေါ့။ စခ တွေ ၃၀၉ ထဲ စုပြီး​​ခံတိုက်နေကြတယ်လို့လည်းကြားတယ်။” လို့ စစ်ရေးသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။

ကသာမြို့ ဒေသခံအများစုဟာ အင်းတော်နဲ့ မော်လူးနယ်အပါအဝင် ဘေးလွတ်ရာနေရာတွေကို စစ်ဘေးတိမ်းရှောင်ထွက်ပြေးနေကြရပါတယ်။

Video – Myint Zaw

0 Shares:
You May Also Like
Read More

မင်းကွန်းကထွက်လာသည့် အကြမ်းဖက်စစ်သားများ စစ်ကြောင်းပျက် တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၁ ဦး အပါအဝင် အများအပြားသေဆုံး၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မင်းကွန်းမြို့ကထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်တပ်ဖက်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် အများအပြား သေဆုံးခဲ့တယ်လို့ ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်သားတွေရဲ့ အစောင့်အကြပ်နဲ့ လေယာဉ်ဆီတင်ဆောင်လာတဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းမြို့ကနေ မုံရွာမြို့ကို အကြမ်းဖက်စစ်သား အစောင့်အကြပ်တွေနဲ့ လေယာဉ်ဆီတင်ဆောင်လာတဲ့ ယာဉ်တန်းကို နိုဝင်ဘာ ၄ ရက် နေ့လည်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း ၄  (Monywa The Boys) ထံက သိရပါတယ်။
Read More

ဘုတလင်မြို့နယ် စိုင်ပြင်လေးကျေးရွာထဲက အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စိုင်ပြင်လေးကျေးရွာအတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်သားတွေကို ၄၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Monywa Inventor အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မတ္တရာမြို့နယ်အတွင်း စစ်ရှောင်များ နေထိုင်သည့်နေရာ ဗုံးကြဲခံရ၊ ပြည်သူ ၄ ဦး သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သပြေချောင်းကျေးရွာရှိ စစ်ရှောင်ပြည်သူတွေ နေထိုင်ရာ နေရာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ ၄ ယောက် သေဆုံးခဲ့ရတယ်လို့ Voice of Mandalay ထံက သိရပါတယ်။
Read More

တံတားဦးမှ ငါန်းဇွန်ဘက် လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲပြီး လက်နက်ငယ်‌များဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်သားအများအပြားသေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း တံတားဦးမြို့နယ်ကနေ ငါန်းဇွန်မြို့နယ်ဘက် လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ Special Task Force ngazun က သတင်းထုတ်ပြန်ထားပါတယ်။
Read More

နံရံကို ခေါင်းနဲ့တိုက်သည့် လူငယ်မျိုးဆက်များ

နွေဦးတော်လှန်ရေးအတွင်း လူငယ်တွေဟာ အာဏာရှင် စစ်ဘီလူးတွေလက်ထဲက သူတို့ရဲ့ တိုင်းပြည်ကို ပြန်ကယ်တင်ဖို့ ကြိုးစားနေကြဆဲ ဖြစ်ပါတယ်။