မကွေးတိုင်း မြိုင်မြို့နယ်အနောက်ပိုင်း ညောင်ကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုမှ သတင်းထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မြိုင်မြို့နယ် ညောင်ကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါ တယ်။
ဗုံးဒဏ်ကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ၂ ဦး စိုးရိမ်ရဒဏ်ရာရရှိခဲ့ကာ အတည်မပြုနိုင်သေးတဲ့ အခြားပြည်သူ ၂ ဦးလည်း ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ စစ်မက်ဖြစ်ပွားခြင်းမရှိတဲ့ အရပ်သားပြည်သူများနေထိုင်ရာ နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် မိဘပြည်သူများအနေဖြင့် လေကြောင်းရန်ကို အမြဲဂရုပြုကြဖို့ အညာမြေတပ်ပေါင်းစုမှ အသိပေးတိုက်တွန်းထားပါတယ်။
Video – အညာမြေတပ်ပေါင်းစု