တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင်မြို့ ရှိ ဆင်နှစ်ကောင်ဘုန်းကြီးကျောင်းမှာ အတုအ‌ယောင်ရွေးကောက်ပွဲလုံခြုံရေးယူထားတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ Dragon Squad – TNI က သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၂၉ ရက်က  ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ဆင်နှစ်ကောင်ဘုန်းကြီးကျောင်းမှာ အတုအယောင်ရွေးကောက်ပွဲအတွက် လုံခြုံရေးယူထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက် ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားကာ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို ကော့သောင်းခရိုင်အမှတ် ၁ တပ်ရင်း၊ SOF တပ်ခွဲနဲ့ Dragon Squad-TNI ပူးပေါင်းတပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Dragon Squad – TNI

0 Shares:
You May Also Like
Read More

ပြိုကျနေသော အဆောက်အအုံအောက် နာရီပေါင်း ၁၂၁ နာရီကြာ ပိတ်မိနေသည့် အမျိုးသား ၁ ‌ယောက်ကို ကယ်တင်နိုင်ခဲ့ (ရုပ်/သံ)

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ဟိုတယ်အေးချမ်းသာ အဆောက်အအုံအောက်မှာ ပိတ်မိနေတဲ့ အမျိုးသား ၁ ယောက်ကို ဒီနေ့ ဧပြီ ၂ ရက် နေ့လယ်ပိုင်းမှာ ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရေဦးမြို့ ပျူစောထီးသင်တန်းဆင်းပွဲကို ဒရုန်းတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု နယ်ထိန်းရဲအပါအဝင် ၄ ယောက်သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ရေဦးမြို့နယ် ထွေအုပ်ရုံးအတွင်း နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းက ပျူ စောထီးသင်တန်းဆင်းပွဲပြုလုပ်နေချိန် Fixed-Wing Drone တွေနဲ့ ဗုံးသီး ၉ လုံးကြဲချတိုက်ခိုက်ခဲ့ တယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရပါတယ်။
Read More

ဖားကန့်တွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၄ ဦး ဒဏ်ရာရ (ရုပ်/သံ)

ကချင်ပြည်နယ် ဖားကန့်မြို့မှာ အကြမ်းဖက်စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အိန္ဒိယဝန်ကြီးချုပ် မိုဒီကို ငလျင်ထိခိုက်ပျက်စီးမှုနဲ့ ပတ်သက်ပြီး မင်းအောင်လှိုင်က မြန်မာစကား‌နဲ့ ပြောဆိုရှင်းပြ (ရုပ်/သံ)

နိုင်ငံကို မတရားအာဏာသိမ်းရယူထားတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အိန္ဒိယဝန်ကြီးချုပ် မိုဒီကို ငလျင်ကြောင့် သေဆုံးမှုနဲ့ ထိခိုက်ပျက်စီးမှုတွေကို ဖုန်းနဲ့ ဆက်သွယ်ရှင်းပြနေတဲ့ ရုပ်သံဖိုင် ကို စစ်တပ်ထောက်ခံတဲ့ ဝါဒဖြန့်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
Read More

လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၏ မှတ်တမ်းရုပ်သံ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန် (ရုပ်/သံ)

အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေးတွေအတွက် ရဲရင့်စွာ ရပ်တည်နေတဲ့ အမျိုးသမီးတွေ၊ လူ့အခွင့်အရေး ကာကွယ်‌စောင့်ရှောက်သူတွေရဲ့ ပြောစကားပါဝင်တဲ့ ဂုဏ်ပြုရုပ်သံမှတ်တမ်းကို နိုဝင်ဘာ ၂၉ ရက်မှာ ကျရောက်တဲ့ အမျိုးသမီး လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနေ့ (International Women Human Rights Defenders Day) မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တင်ဆက်လိုက်ပါတယ်။
Read More

ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲအတွင်း ဗုံးလာကြဲသည့် စစ်ကောင်စီ တိုက်လေယာဉ် ၁ စီးကို PLA ပစ်ချ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲအတွင်း ဗုံးလာကြဲတဲ့ စစ်ကောင်စီတိုက်လေယာဉ် ၁ စီးကို ပစ်ခတ် နိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - People's Liberation Army - PLA က ထုတ်ပြန်လိုက်ပါတယ်။