စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ စစ်အုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ပြီး မြို့ကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် ခဲယမ်းမလုံလောက်မှုကြောင့် မြို့ကို စွန့်ခွာကာ မြို့ပြင်ကနေ ပိတ်ဆို့ ဝန်းရံထားတယ်လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်က ဘုတလင်မြို့ပေါ်မှာ စစ်အုပ်စုက အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်ဖို့ ပြင်ဆင်နေချိန် တော်လှန်ရေးတပ်တွေက စစ်အုပ်စုတပ်စွဲထားတဲ့ နေရာတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ပြီး မြို့ကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်အုပ်စုဟာ နောက်ဆုံးခံစစ် ဘန်ကာအထိုင်နေရာတွေကနေ ခုခံခဲ့ပြီး ဟောင်ဝှစ်ဇာ၊ ပါရာမိုတာ၊ Y12 ၊ အသေခံ ဒရုန်းတွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်သား ၁၅ ယောက် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။

မြို့သိမ်းတိုက်ပွဲအတွင်း ခဲယမ်းမလုံလောက်မှုကြောင့် တော်လှန်ရေးတပ်တွေ ပြန်လည်ဆုတ်ခွာခဲ့ရကာ မြို့ပြင်ကနေ ပိတ်ဆို့ဝိုင်းရံထားတယ်လို့ သိရပါတယ်။

‌တော်လှန်ရေးပူးပေါင်းတပ်တွေဘက်ကလည်း တိုက်ပွဲအတွင်း ၃ ယောက်၊ တပ်ကူစစ်ကြောင်းကို ဖြတ်တောက်တဲ့ တိုက်ပွဲမှာလည်း ၃ ယောက်၊ စုစုပေါင်း ၆ ယောက် ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို  မုံရွာခရိုင် ကွပ်ကဲရေးမှူး အပါအဝင် မုံရွာခရိုင် ပကဖရဲ့  ကွပ်ကဲမှုနဲ့  ဘုတလင်မြို့နယ် တပ်ပေါင်းစု စစ်ကြောင်း၊ မုံရွာခရိုင် အမှတ် ၂၀ တပ်ရင်း၊  မုံရွာခရိုင် ဗျူဟာ ၆၆တပ်ရင်း ၊ ညောင်ဦးခရိုင် အမှတ် ၃ တပ်ရင်း၊ ယင်းမာပင်ခရိုင် အမှတ် ၂၈ တပ်ရင်း၊ ယင်းမာပင် ခရိုင် 9+1 တပ်ရင်း၊ Burma Army (B.A) အမှတ် ၁ တပ်ရင်း၊ မုံရွာခရိုင် ဒရုန်းတပ်ဖွဲ့၊ ရွှေဘိုခရိုင် ဒရုန်းတပ်ဖွဲ့၊ ဘုတလင်မြို့နယ် ပကဖ၊ ရေဦးမြို့နယ် ပကဖနဲ့ ဒီပဲယင်းမြို့နယ် ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Video – ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်း

0 Shares:
You May Also Like
Read More

ရန်ကုန်မြို့ စည်ကားတဲ့ တစ်နေရာမှာ ပြည်သူလူထုအား စစ်အာဏာရှင်ဆန့်ကျင်ရေးစကားများ ဘလူးတုဘောက်စ်နဲ့ မျှဝေ (ရုပ်/သံ)

ရန်ကုန်မြို့ စည်းကားတဲ့ တစ်နေရာတစ်ခုမှာ စစ်အာဏာသိမ်း ၄ ပြည့်အဖြစ် ပြည်သူလူထုအား စစ်အာဏာရှင်ဆန့်ကျင်ရေး စကားတွေကို ဘလူးတုဘောက်စ်နဲ့ မျှဝေခဲ့တယ်လို့ General Strike Committee ထံက သိရပါတယ်။
Read More

မိုးကုတ်မြို့နယ် ရေထွက်ကြီးကျေးရွာကို စစ်ကော်မရှင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ အမျိုးသား ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် ရေထွက်ကြီးကျေးရွာကို စစ်ကော်မရှင်က တိုက်လေယာဉ်နဲ့ အောက်တိုဘာ ၁ ရက် မနက်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

Myingyan Black Tiger ရဲဘော်များမှာ မြင်းခြံမြို့နယ်အတွင်း စစ်ကောင်စီတပ်သားတွေ အလင်းဝင်ကြဖို့ အသိပေး (ရုပ်/သံ)

''ကျနော်တို့ ကျားမဲတွေလာပြီ။ တပ်ပေါင်းစုဖွဲ့ပြီးကျားမဲတွေလာပြီ။ စကစဘက်က အမြန်အလင်းဝင်ဖို့လိုတယ်။ လူ့ဂုဏ်သိက္ခာအရအသက်ရှင်ခွင့်ရမယ်။ တပ်ပေါင်းစုနဲ့ကျားမဲတွေချီတက်လာတော့မယ်။ ကျားမဲတွေမဟာမိတ်တွေနဲ့ လာပြီ''လို့ MBT တပ်ဖွဲ့က ဆိုပါတယ်။
Read More

ဗန်းမော်တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ရဲဘော်နိုင်းနိုင်း၏ မိဘနှစ်ပါးထံ ကျန်ရစ်ရဲဘော်များ သွားရောက်ဂါရဝပြု (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ ယင်းမာပင်ခရိုင် တပ်ရင်း၂၈ (ဓားမဆိုင်းတပ်မတော်) တပ်ခွဲမှူး ရဲဘော်နိုင်းနိုင်းရဲ့ မိဘတွေကို အဆိုပါ တပ်ရင်း ရဲဘော်တွေက သွားရောက်ဂါရဝပြုခဲ့ကြပါတယ်။
Read More

မကွေးတိုင်းအတွင်း စစ်ကောင်စီတပ် အထိနာကာ ကျေးရွာများကို ဝင်ရောက်မီးရှို့ (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်က မဲဇလီရဲစခန်းနဲ့ မင်းဘူးမြို့နယ်က လက်ပတောစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်း တပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖထံက သိရပါတယ်။
Read More

တောင်ငူမြို့ ရေကြီးရေလျှံမှုကြောင့် လူထောင်ပေါင်းများစွာ အရေးပေါ်ရွှေ့ပြောင်းနေရပြီး အရေးပေါ်သုံးပစ္စည်းများ လိုအပ်နေ (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့မှာ ရေကြီးရေလျှံမှု ဖြစ်ပွားလျက်ရှိပြီး လူထောင်ပေါင်းများစွာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၅၀၀၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရပြီး ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေရကာ အရေးပေါ်သုံး ဆေးဝါးနဲ့ စားနပ်ရိက္ခာ၊ အဝတ်အ ထည်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။